Lucky Bill – ချေးငွေလည်းဆပ် ကံလည်းစပ်

Activities
24 February, 2025

စည်းကမ်းသတ်မှတ်ချက်များ

(၁) “ချေးငွေလည်းဆပ် ကံလည်းစပ်” အစီအစဥ်ကို မြန်မာပြည်အနှံ့ရှိ ထရူးမန်းနီးဆိုင်များတွင် သတ်မှတ်ချေးငွေများအတွက် လစဥ်ကြေးပေးရုံဖြင့် ပါဝင်နိုင်ပါသည်။

(၂) သတ်မှတ်ချေးငွေများမှာ – Rent2Own, Shwe Minn Gan – SMGF, AEON, Advans, Hana Microfinance, Hayman Microfinance, စထာပါနာ (Sathapana), VisionFund, Mahar Baw Ga Finance, MoMo Finance တို့ဖြစ်ပါသည်။

(၃) ချေးငွေဆပ်သူ တစ်ဦးမှ ထရူးမန်းနီးဖြင့် ချေးငွေ (၁) ကြိမ်ဆပ်ရင် ကံထူးရှင်ဖြစ်မယ့်အခွင့်အရေး (၁) ခါရရှိမှာဖြစ်ပြီး ချေးငွေ (၂) ကြိမ်ဆပ်ရင် အခွင့်အရေး (၂) ခါ ရရှိမှာဖြစ်ပါသည်။

(၄) ဆုကြေးငွေများမှာ – ၃၀၀,၀၀၀ ကျပ် (၂) ဆု၊ ၁၀၀,၀၀၀ ကျပ် (၄) ဆု၊ ၅၀,၀၀၀ ကျပ် (၈) ဆု၊ ၂၀,၀၀၀ ကျပ် (၁၀) ဆု တို့ဖြစ်ပါသည်။

(၅) ကံထူးရှင်များကို ကျပန်းရွေးချယ်သွားမှာဖြစ်ပြီး TrueMoney Myanmar Facebook Page တွင် ဇန်နဝါရီလအတွင်း ကြေညာပေးသွားပါမည်။

(၆) ပါဝင်နိုင်မည့် လူဦးရေ ကန့်သတ်ထားခြင်းမရှိပါ။

(၇) ကိုယ်စားလှယ်များ၏ ကော်မရှင်ခများကို ပုံမှန်အတိုင်းခံစားရရှိနိုင်မည်ဖြစ်ပါသည်။

(၈) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

(၉) TrueMoney သည် ကိုယ်စားလှယ်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက ပေးအပ်ထားသော ကော်မရှင်ခများအား အချိန်မရွေး ပြန်လည်နူတ်ယူခွင့်ရှိပါသည်။

(၁၀) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

(၁၁) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

(၁၂) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

__________________________________________________________________________________________________________________

နှစ်သစ်အကူးအပြောင်းကာလမှာ TrueMoney နဲ့ ချေးငွေဆပ်ပြီး ငွေသားဆုကြေးများစွာ ကံထူးနိုင်ဖို့ “ချေးငွေလည်းဆပ် ကံလည်းစပ်” အစီအစဥ်ကြီးမှာ ပါဝင်လိုက်စို့.. 🍀

🍀 Rent2Own, Shwe Minn Gan – SMGF, Hana Microfinance, စထာပါနာ (Sathapana), VisionFund, Advans, AEON, Mahar BawGa Finance, Hayman Microfinance, MoMo Finance များအတွက် ချေးငွေတစ်ကြိမ်ဆပ်လိုက်ရုံနဲ့ ငွေသားဆုကြေးများ ကံထူးနိုင်မယ့် ကံစမ်းမဲလက်မှတ်တစ်စောင်ရရှိမှာဖြစ်ပါတယ်။

🏆 ၃၀၀,၀၀၀ ကျပ် (၂) ဆု
🏆 ၁၀၀,၀၀၀ ကျပ် (၄) ဆု
🏆 ၅၀,၀၀၀ ကျပ် (၈) ဆု
🏆 ၂၀,၀၀၀ ကျပ် (၁၀) ဆု

စုစုပေါင်း ကံထူးရှင် (၂၄) ဦးရွေးချယ်ပေးသွားမှာဖြစ်ပြီး…

ချေးငွေ ဆပ်ရင်ဆပ်သလောက် ကံထူးနိုင်မယ့် အခွင့်အရေးများများရရှိမှာဖြစ်လို့ မသိသေးတဲ့ မိတ်ဆွေများကိုလည်း မန်းရှင်းခေါ် ပြီး လက်တို့လိုက်ဦးနော်။ 🤩

📅 ပါဝင်နိုင်မည့်ကာလ – ၂၀၂၅၊ ဒီဇင်ဘာလ (၁၂) မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ။

ကံထူးရှင်များကို ၂၀၂၆၊ ဇန်နဝါရီလအတွင်း ကြေညာပေးသွားမှာဖြစ်ပါတယ်။

Other Activities

Activities
Activities
Activities