Agent Lucky Draw – ငွေသား သန်းချီ ကံစမ်းမည်

Activities
2 May, 2025

စည်းကမ်းချက်များ

၁) ကိုယ်စားလှယ်ကြီးများအတွက် “ငွေသား၊ သန်းချီ၊ ကံစမ်းမည်” ကံစမ်းမဲ အစီအစဥ်သည် ပြည်တွင်းငွေလွှဲ၊ ပြည်ပငွေထုတ်၊ ဘေလ်ပေး၊ ‌ဖုန်းငွေဖြည့် ကြိုက်နှစ်သက်ရာ မည်သည့် ထရူးမန်းနီး ဝန်ဆောင်မှုကို (၅) သောင်းကျပ်နှင့်အထက် ဆောင်ရွက်ပြီးစီးတိုင်း ‌ငွေသားဆုကြေးများစွာ ကံထူးနိုင်မယ့် ကံစမ်းမဲလက်မှတ် (၁) စောင်ရရှိမှာဖြစ်ပါတယ်။

၁.၁) ဘေလ်ပေး တွင် ချေးငွေ၊ အင်တာနက်ဘေလ်၊ လျှပ်စစ်မီတာ၊ CANAL+၊ SkyNet နဲ့ တခြား သော အထွေထွေ‌ဘေလ်ပေးဆောင်မှုများပါဝင်ပါသည်။

၂) ကံစမ်းမဲကာလ မှာ ၂၀၂၅၊ မေလ (၁) မှ (၃၀) ရက်နေ့အထိ ဖြစ်ပြီး ကံထူးရှင်များကို တစ်လ၊ တစ်ကြိမ် TikTok LIVE လွှင့် ကြေညာပေးသွားမည်ဖြစ်ပါသည်။

၃) ဆုမဲအမျိုးအစားများမှာ သိန်းနှစ်ဆယ်ဆု (၁) ဆု၊ ဆယ်သိန်းဆု (၁) ဆု၊ ငါးသိန်းဆု (၂) ဆု၊ သုံးသိန်းဆု (၅) ဆု၊ တစ်သိန်းဆု (၅) ဆု နှင့် ငါးသောင်းဆု (၁၀) ဆု တို့ဖြစ်ပါသည်။

၄) ဆုကြေးများကို TrueMoney Agent App အက်ပလီကေးရှင်းထဲသို့ လွှဲသွင်းပေးသွားမှာဖြစ်ပါသည်။

၅) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

၆) မြန်မာပြည်အနှံ့ရှိ ထရူးမန်းနီးကိုယ်စားလှယ်များလည်း သတ်မှတ်ချေးငွေများဆပ်ခြင်းဖြင့် ယခုအစီအစဥ်တွင်ပါဝင်နိုင်ပါသည်။

၇) ကိုယ်စားလှယ်များ၏ ကော်မရှင်ခများကို ပုံမှန်အတိုင်းခံစားရရှိနိုင်မည်ဖြစ်ပါသည်။

၈) TrueMoney သည် ကိုယ်စားလှယ်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက ပေးအပ်ထားသော ကော်မရှင်ခများအား အချိန်မရွေး ပြန်လည်နူတ်ယူခွင့်ရှိပါသည်။

၉) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

၁၀) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

၁၁) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

၁၂) အငြင်းပွားဖွယ်တစ်စုံတစ်ရာပေါ်ပေါက်ပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။

___________________________________________________________________________________________________________________________

သိန်း၊ သန်းချီတဲ့ ငွေသားများစွာကို ကံစမ်းနိုင်မယ့် “ငွေသား သန်းချီ ကံစမ်းမည်” အစီအစဥ်ကြီး ကိုယ်စားလှယ်ကြီးများထံ ထပ်မံရောက်ရှိလာပါပြီ။

 

🏆 ပထမဆု – ၂,၀၀၀,၀၀၀ (၁ ဆု)
🏆 ဒုတိယဆု – ၁,၀၀၀,၀၀၀ (၁ ဆု)
🏆 တတိယဆု – ၅၀၀,၀၀၀ (၂ ဆု)
🏆 စတုတ္ထဆု – ၃၀၀,၀၀၀ (၅ ဆု)
🏆 ပဥ္စမဆု – ၁၀၀,၀၀၀ (၅ ဆု)
🏆 နှစ်သိမ့်ဆု – ၅၀,၀၀၀ (၁၀ ဆု)

 

ပြည်တွင်းငွေလွှဲ၊ ပြည်ပငွေထုတ်၊ ငွေသွင်း၊ ဘေလ်ပေးနဲ့ ဖုန်းငွေဖြည့်ခြင်း စတဲ့ ကြိုက်နှစ်သက် ထရူးမန်းနီး ဝန်ဆောင်မှုကို (၅) သောင်းကျပ်နှင့်အထက် ဆောင်ရွက်ပြီးစီးတိုင်း ထရူးမန်းနီး ကိုယ်စားလှယ်ကြီးမှ သိန်း၊သန်းချီ ဆုကြေးများကို ကံစမ်းနိုင်မယ့် ဆုမဲလက်မှတ် (၁) စောင် ရရှိမှာဖြစ်ပါတယ်။

ကံထူးရှင်များကို တစ်လ တစ်ကြိမ် ကြေညာပေးသွားမှာဖြစ်ပါတယ်။

Other Activities

Activities
Activities
Activities