ငွေကြေးလုံခြုံရေး (Cyber Security)

Articles
3 September, 2026

ကိုယ့်ရဲ့ငွေနဲ့ ကိုယ့်အချက်အလက်တွေကို ဘယ်လိုကာကွယ်မလဲ?

ယနေ့ခေတ်မှာ ငွေကြေးဆိုင်ရာလုပ်ငန်းတွေဟာ Digital Platform တွေ၊ Mobile App တွေနဲ့ ပိုမိုချိတ်ဆက်လာတာနဲ့အမျှ ငွေလွှဲခြင်း၊ ငွေပေးချေခြင်း၊ အွန်လိုင်းမှ ငွေကြေးဝန်ဆောင်မှုအသုံးပြုခြင်းတွေဟာ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။

 

Digital နည်းပညာတွေကြောင့် ငွေကြေးဝန်ဆောင်မှုတွေ ပိုမိုလွယ်ကူလာသလို ကိုယ့်ရဲ့အကောင့်၊ Password၊ PIN၊ OTP နဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံအောင် ထိန်းသိမ်းဖို့ကလည်း ပိုမိုအရေးကြီးလာပါတယ်။

 

Cyber Security ဆိုတာ Computer၊ Mobile Phone၊ Network၊ Account နဲ့ Digital Information တွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုခြင်း၊ ခိုးယူခြင်း သို့မဟုတ် ပျက်စီးစေခြင်းတွေကနေ ကာကွယ်ပေးတဲ့ လုံခြုံရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။

 

အထူးသဖြင့် ငွေကြေးဆိုင်ရာအကောင့်တွေမှာ Cyber Security က “အချက်အလက်ကိုကာကွယ်ခြင်း” တင်မကဘဲ “ကိုယ့်ရဲ့ငွေကြေးကို ကာကွယ်ခြင်း” အတွက်ပါ တိုက်ရိုက်သက်ဆိုင်ပါတယ်။

 

ဘာကြောင့် ငွေကြေးလုံခြုံရေးက အရေးကြီးတာလဲ?

Cyber Criminal တွေဟာ လူတွေရဲ့ အကောင့်တွေကို ဝင်ရောက်ဖို့ Password ခိုးယူခြင်း၊ Phishing Link ပို့ခြင်း၊ အယောင်ဆောင် Website / Account ပြုလုပ်ခြင်း စတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ Phishing ဆိုတာ ယုံကြည်ရတဲ့ အဖွဲ့အစည်းတစ်ခုက ပို့လာသလို ဟန်ဆောင်ပြီး ကိုယ်ရေးအချက်အလက် သို့မဟုတ် ငွေကြေးဆိုင်ရာအချက်အလက်တွေကို တောင်းယူတဲ့ Online Scam တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် “ကိုယ့်ဆီက အချက်အလက်တွေကို ဘယ်သူ့ကိုပေးနေသလဲ?” ဆိုတာကို အမြဲသတိထားဖို့ လိုအပ်ပါတယ်။

 

ငွေကြေးလုံခြုံရေးအတွက် လိုက်နာသင့်တဲ့ အချက်များ

 

1.Password ကို ခိုင်မာအောင်ထားပါ

အကောင့်တိုင်းမှာ Password တူတူအသုံးပြုတာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ ခန့်မှန်းရလွယ်တဲ့ Password တွေ၊ ကိုယ့်ရဲ့နာမည်၊ မွေးနေ့၊ ဖုန်းနံပါတ် စတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ဆက်စပ်နေတဲ့ Password တွေကို ရှောင်ကြဉ်သင့်ပါတယ်။

NIST ကလည်း Account လုံခြုံရေးကို ပိုမိုကောင်းမွန်စေရန် Multi Factor Authentication (MFA) အသုံးပြုဖို့ အကြံပြုထားပြီး Password တစ်ခုတည်းအပေါ် မှီခိုခြင်းထက် ထပ်မံအတည်ပြုတဲ့ နည်းလမ်းတစ်ခု ထည့်သွင်းထားခြင်းက ပိုမိုလုံခြုံစေပါတယ်။

 

2.OTP / PIN ကို ဘယ်သူ့ကိုမှ မမျှဝေပါနဲ့

OTP၊ PIN၊ Password နဲ့ Verification Code တွေဟာ ကိုယ့်အကောင့်ကို အတည်ပြုဖို့ အသုံးပြုတဲ့ အရေးကြီးတဲ့ လုံခြုံရေးအချက်အလက်တွေ ဖြစ်ပါတယ်။

မည်သူက ဘယ်လိုအကြောင်းပြချက်နဲ့ တောင်းဆိုပါစေ OTP၊ PIN၊ Password ကို မမျှဝေသင့်ပါဘူး။

 

3.မသင်္ကာဖွယ် Link တွေကို မနှိပ်ပါနဲ့

“ဆုငွေရရှိပါပြီ”၊ “Account ပိတ်တော့မယ်”၊ “ငွေလက်ခံရန် ဒီ Link ကိုနှိပ်ပါ” စတဲ့ Message တွေ ရရှိလာရင် ချက်ချင်း Link မနှိပ်သင့်ပါဘူး။

Website Address ကို သေချာစစ်ဆေးပြီး Official Channel ကနေသာ အချက်အလက်ကို အတည်ပြုသင့်ပါတယ်။

CISA ရဲ့ Cybersecurity အခြေခံအကြံပြုချက်တွေထဲမှာလည်း Phishing ကို သိရှိရှောင်ရှားခြင်း၊ Strong Password အသုံးပြုခြင်းနဲ့ MFA ဖွင့်ထားခြင်း တို့ကို အရေးကြီးတဲ့ ကာကွယ်ရေးအဆင့်တွေ အဖြစ် ဖော်ပြထားပါတယ်။

 

4.Two-Factor Authentication / MFA ကို ဖွင့်ထားပါ

MFA ဆိုတာ Password တစ်ခုတည်းနဲ့ Login ဝင်တာမဟုတ်ဘဲ ဒုတိယအဆင့် အတည်ပြုချက် တစ်ခု ထပ်မံတောင်းခံတဲ့ လုံခြုံရေးနည်းလမ်းဖြစ်ပါတယ်။

ဥပမာ — Password + OTP / Authenticator / Biometric = ပိုမိုလုံခြုံတဲ့ Account Access

Password တစ်ခု ပေါက်ကြားသွားခဲ့ရင်တောင် ဒုတိယအဆင့် အတည်ပြုချက် မရှိဘဲ Account ထဲကို ဝင်ရောက်ဖို့ ပိုမိုခက်ခဲစေပါတယ်။ CISA ကလည်း MFA ကို ဖြစ်နိုင်သမျှ အသုံးပြုဖို့ အကြံပြုထားပါတယ်။

 

5.App နဲ့ Software တွေကို Update လုပ်ပါ

ဖုန်း၊ Operating System နဲ့ Financial App တွေကို Update လုပ်တဲ့အခါ Feature အသစ်တွေ ရရှိရုံသာမက Security ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ပြုပြင်ပေးထားနိုင်ပါတယ်။

ဒါကြောင့် Official App Store / Official Source ကနေ Application တွေကို Download ပြုလုပ်ပြီး Update တွေကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။

 

6.Public Wi-Fi အသုံးပြုတဲ့အခါ သတိထားပါ

Coffee Shop၊ Airport၊ Shopping Mall စတဲ့နေရာတွေမှာ အများသုံး Wi-Fi အသုံးပြုတဲ့အခါ Sensitive Information တွေကို ထည့်သွင်းအသုံးပြုဖို့ သတိထားသင့်ပါတယ်။

 

အထူးသဖြင့် ငွေကြေးဆိုင်ရာ Account တွေကို အသုံးပြုတဲ့အခါ ယုံကြည်စိတ်ချရတဲ့ Network ကို အသုံးပြုတာ ပိုမိုကောင်းမွန်ပါတယ်။

 

Scam တစ်ခုခုဖြစ်နေပြီလို့ သံသယရှိရင်?

ကိုယ့်ရဲ့ Account Information တွေ ပေါက်ကြားသွားနိုင်တယ်လို့ ထင်ရင် အချိန်မဆွဲဘဲ သက်ဆိုင်ရာ Service Provider ရဲ့ Official Customer Service Channel ကို ဆက်သွယ်ပြီး Account ကို လုံခြုံအောင် ဆောင်ရွက်သင့်ပါတယ်။

 

အထူးသဖြင့်—

– Password ကို ချက်ချင်းပြောင်းပါ

– MFA ရှိပါက ဖွင့်ထားပါ

– မသိတဲ့ Device / Session တွေကို စစ်ဆေးပါ

– မသင်္ကာဖွယ် Transaction ရှိမရှိ စစ်ဆေးပါ

– သက်ဆိုင်ရာ Financial Service Provider ကို ချက်ချင်းအကြောင်းကြားပါ

 

နောက်ဆုံးအနေနဲ့

Digital Payment နဲ့ Financial Technology တွေက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေပါတယ်။ ဒါပေမယ့် Digital Convenience နဲ့အတူ Digital Responsibility ကိုလည်း တွဲဖက်ထားဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ရဲ့ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ဖို့ဆိုတာ နည်းပညာကျွမ်းကျင်သူတွေအတွက်ပဲ မဟုတ်ပါဘူး။ Digital Financial Service အသုံးပြုသူတိုင်းမှာ တာဝန်ရှိပါတယ်။

“မသေချာရင် မနှိပ်ပါနဲ့။

မသိသူကို မပေးပါနဲ့။

မယုံကြည်ရင် မမျှဝေပါနဲ့။”

 

Cyber Security ဟာ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရဲ့ ငွေကြေးလုံခြုံရေးအတွက်လည်း အရေးကြီးတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။

 

ကဲ…အခုဆိုရင် Cyber Security နဲ့ ပတ်သက်ပြီး သတိထားရမည့် အကြောင်းအရာများကို ဗဟုသုတအနေနဲ့ သိရှိသွားပြီ ဖြစ်ပါတယ်။

 

ဒီလို စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအပြင် ငွေကြေးဆိုင်ရာ အကြောင်းအရာများကို သိရှိနိုင်ရန် TrueMoney Myanmar Page ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်!

Other Articles

Articles
Articles
Activities