လကုန်ရင် မြန်မာနိုင်ငံက မိသားစုတွေဆီ ငွေလွှဲဖို့ စဉ်းစားနေပြီလား?
လကုန်ရင် မြန်မာနိုင်ငံက မိသားစုတွေဆီ ငွေလွှဲဖို့ စဉ်းစားနေပြီလား?
မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံရှိ ချစ်ရတဲ့ မိသားစုဝင်တွေဆီ ငွေလွှဲပို့ချင်တယ်ဆိုရင် Merchantrade App ကနေတစ်ဆင့် မြန်မာနိုင်ငံက TrueMoney သို့ ငွေလွှဲနိုင်ပါပြီနော်။
ဒါ့အပြင် ဩဂုတ်လ (၃၀) ရက်နေ့နှင့် (၃၁) ရက်နေ့ တွင် Merchantrade App မှတစ်ဆင့် ကျပ် ၄ သိန်းနှင့်အထက် ငွေလွှဲပြီး မြန်မာနိုင်ငံရှိ မိသားစုဝင်များက TrueMoney ဖြင့် ငွေထုတ်ယူပါက ၃၅,၀၀၀ ကျပ် ပြန်အမ်းငွေ ကို ထပ်မံရရှိနိုင်မှာဖြစ်ပါတယ်။
ငွေထုတ်ယူဖို့အတွက်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ TrueMoney အေးဂျင့်ဆိုင်ပေါင်း ၄၀,၀၀၀ ကျော် အပြင် City Mart၊ Ocean Center နှင့် marketplace များတွင်ပါ ငွေထုတ်ယူနိုင်ပါပြီ။
ငွေထုတ်ယူပုံနှင့် ပြန်အမ်းငွေထုတ်ပုံ အဆင့်ဆင့်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်
၁) မလေးရှားနိုင်ငံ Merchantrade မှ ငွေလွှဲလိုက်သည့် ငွေလွှဲသူထံမှ ငွေထုတ်ကုတ်အားရယူပါ။
၂) ရရှိလာသော ငွေထုတ်ကုတ်ဖြင့် နီးစပ်ရာ TrueMoney အေးဂျင့်ဆိုင် တွင် ငွေထုတ်ယူပါ။
၃) ငွေထုတ်မှုပြီးစီးပါက ပြန်အမ်းငွေ “၃၅,၀၀၀ကျပ်” ရယူနိုင်မည့် ကုတ်ပါဝင်သည့် စာတို (SMS) ရရှိပါမည်။
၄) ထိုစာတို(SMS) တွင်ပါဝင်သည့် ပြန်အမ်းငွေကုတ် “၁၂လုံး” ဖြင့် True အေးဂျင့်ဆိုင်တွင် ပြန်အမ်းငွေထုတ်ယူနိုင်ပါသည်။
—————————————-
စည်းကမ်းသတ်မှတ်ချက်များ
၁။ ဤပြန်အမ်းငွေခံစားခွင့်အစီအစဉ်သည် မလေးရှားနိုင်ငံမှ လွှဲပို့လိုက်သော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ TrueMoney Myanmar၏ ကိုယ်စားလှယ် ဆိုင်ခွဲများ၌ မြန်မာကျပ်ငွေ (MMK) ဖြင့် ငွေသားထုတ်ယူသည့် ဝန်ဆောင်မှုအတွက်သာ အကျုံးဝင်ပါသည်။
၂။ ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် မလေးရှားနိုင်ငံမှ လွှဲပို့လိုက်သော ငွေလွှဲကို မြန်မာကျပ်ငွေ(MMK) ဖြင့် ထုတ်ယူရာတွင် အနည်းဆုံး ၄၀၀,၀၀၀ (ကျပ် ၄ သိန်း)နှင့် အထက် ငွေသားထုတ်ယူမှသာလျှင် ပါဝင်ခွင့် ရရှိပါမည်။
၃။ ပြန်အမ်းငွေခံစားခွင့်ကို မြန်မာကျပ်ငွေ(MMK) ဖြင့် ငွေသားထုတ်ယူခြင်း လုပ်ငန်းစဉ်ကို အောင်မြင်စွာ ပြီးစီးသည့် ငွေလွှဲလက်ခံသူ (Remittance Recipient) သာလျှင် ရရှိမည်ဖြစ်ပါသည်။ TrueMoney Myanmar ၏ကိုယ်စားလှယ်များ(Agents) နှင့် ဝန်ထမ်းများသည် ဤအစီအစဉ်တွင် ပါဝင်ခွင့်မရှိပါ။
၄။ ပြန်အမ်းငွေခံစားခွင့်ကို အစီအစဉ်အတွက် သတ်မှတ်ထားသော အရေအတွက်အထိသာ ပေးအပ်မည် ဖြစ်ပါသည်။ သတ်မှတ်အရေအတွက် ကုန်ဆုံးသွားပါက ပြန်အမ်းငွေခံစားခွင့်များကို ထပ်မံပေးအပ်မည် မဟုတ်ပါ။
၅။ ပြန်အမ်းငွေခံစားခွင့်ကို ထုတ်ယူရာ၌ TrueMoney Myanmar၏ ကိုယ်စားလှယ်ဆိုင်ခွဲများတိုင်းတွင် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၆။ မလေးရှားနိုင်ငံမှ လွှဲပို့လိုက်သော ငွေလွှဲကို မြန်မာ ကျပ်ငွေ (MMK) ဖြင့် အောင်မြင်စွာ ငွေသား ထုတ်ယူပြီးနောက် ငွေလွှဲလက်ခံသူ (Remittance Recipient) သည် ပြန်အမ်းငွေခံစားခွင့် ပရိုမိုးရှင်းကုတ် ရရှိကြောင်း အသိပေး SMS ကို လက်ခံရရှိမည်ဖြစ်ပါသည်။
၇။ ပြန်အမ်းငွေရရှိကြောင်း SMS တွင်ပါရှိသည့် ဂဏန်း (၁၂) လုံးပါ ပြန်အမ်းငွေခံစားခွင့် ပရိုမိုးရှင်း ကုတ်သည် အဆိုပါ SMS ကိုလက်ခံရရှိသည့် နေ့ရက်မှစ၍ တစ်လ (၁) လ အထိသာ အသုံးပြု နိုင်ပါသည်။
၈။ ကာစတန်မာများ၊ ပါတနာများ သို့မဟုတ် အေးဂျင့် များမှ လိမ်လည်မှု သို့မဟုတ် မှားယွင်းသော လုပ်ဆောင်မှုများ ပြုလုပ်ကြောင်း တွေ့ရှိပါက TrueMoney Myanmar သည် ပေးအပ်ထားသော အကျိုးခံစားခွင့်များကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းပိုင်ခွင့် ရှိပါသည်။
၉။ TrueMoney Myanmar သည် ဤအစီအစဉ်နှင့် သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်ဆိုင်းခြင်း ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၁၀။ အငြင်းပွားဖွယ်အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ် ချက်သည်သာလျှင် နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်။



