တောင်သူဦးကြီးများအတွက် ငွေလွှဲခ လျှော့ဈေး “၃၀%”
ကျေးဇူးပါတောင်သူကြီးရေ…
တောင်သူလယ်သမားဦးကြီးများကို ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ငွေလွှဲခလျှော့ဈေး ၃၀% ရယူပြီး TrueMoney နဲ့ ငွေလွှဲလိုက်ပါ။
ဧရာဝတီတိုင်းအတွင်း ကိုယ်စားလှယ်ကြီးတိုင်းမှာ “welovefarmers26” ဆိုတဲ့ ပရိုမိုကုဒ်သုံးပြီး ပြည်တွင်း ငွေလွှဲတိုင်း ၃၀% ငွေလွှဲလျှော့ဈေးကို မတ်လ ၁ ရက်နေ့ကစလို့ ရယူလိုက်ရအောင်ဗျာ။
ငွေလွှဲကြောင်းရေ နဲ့ အသုံးပြုနိုင်တဲ့အရေအတွက် ကန့်သတ်ထားလို့ ငွေလွှဲတိုင်း ပရိုမိုကုဒ် သုံးဖို့မမေ့နဲ့နော်။
အမေးများသော မေးခွန်းများ
Q1: “welovefarmers26” ဆိုတာဘာလဲ?
A1: ပရိုမိုကုဒ် “welovefarmers26” ကို အသုံးပြုပြီး ပြည်တွင်းငွေလွှဲခ (Service Fee) ၏ ၃၀% လျှော့စျေး ရရှိမယ့် အထူးပရိုမိုးရှင်း အစီအစဉ် ဖြစ်ပါတယ်။
Q2: ပရိုမိုးရှင်းအတွက် ငွေလွှဲပမာဏ သတ်မှတ်ထားခြင်း ရှိပါသလား?
A2: ငွေလွှဲပမာဏ ကန့်သတ်ထားခြင်း မရှိပါ။ မည်သည့် ငွေပမာဏကိုမဆို TrueMoney ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု အသုံးပြုရာတွင် ယခုပရိုမိုးရှင်း အကျုံးဝင်မှာ ဖြစ်ပါတယ်။
Q3: ပါဝင်နိုင်မယ့် သုံးစွဲသူ အရေအတွက် ကန့်သတ်ထားပါသလား?
A3: ပရိုမိုကုဒ် သုံးစွဲနိုင်မှု ပမာဏကို ကန့်သတ်ထားပါသည်။ သတ်မှတ်ထားသည့် ကုဒ်အရေအတွက် ကုန်ဆုံးသွားပါက ပရိုမိုးရှင်း အစီအစဉ်သည် အလိုအလျောက် ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
Q4: ပြည်တွင်းငွေလွှဲသူ တစ်ဦးတည်းက ပရိုမိုကုဒ်ကို ကြိမ်ဖန်များစွာ အသုံးပြုခွင့် ရှိပါသလား?
A4: အသုံးပြုသူ တစ်ဦးလျှင် တစ်ရက် တစ်ကြိမ်သာ အသုံးပြုခွင့် ရှိပါတယ်။
Q5: ပရိုမိုးရှင်း ကာလအပိုင်းအခြားက ဘယ်လောက်လဲ?
A5: ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ စတင်မည်ဖြစ်ပြီး၊ သတ်မှတ်ထားသော ပရိုမိုကုဒ် အရေအတွက် ကုန်ဆုံးသည်အထိ ဖြစ်ပါတယ်။
Q6: TrueMoney အေးဂျင့်များ ကော်မရှင်ခ ပုံမှန်အတိုင်း ရရှိမှာလား?
A6: ဟုတ်ကဲ့၊ အေးဂျင့် ကော်မရှင်ခကို ပုံမှန်အတိုင်း အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။
Q7: ယခုအစီအစဉ်တွင် TrueMoney အေးဂျင့်များ ပါဝင်ခွင့် ရှိပါသလား?
A7: ရှိပါတယ်။ အေးဂျင့်များ ကိုယ်တိုင်လည်း “welovefarmers26” ကုဒ်ကို အသုံးပြု၍ ပြည်တွင်းငွေလွှဲခြင်းဖြင့် ၃၀% လျှော့စျေး အကျိုးခံစားခွင့်ကို ရယူနိုင်သလို၊ မိမိတို့ဆီ လာရောက်ငွေလွှဲသူများကိုလည်း ဒီအစီအစဉ်နဲ့ ဝန်ဆောင်မှုပေးခြင်းဖြင့် Customer များများရရှိအောင် ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။
—————–
စည်းကမ်းသတ်မှတ်ချက်များ
၁။ ယခုပရိုမိုးရှင်းသည် ပရိုမိုကုဒ် “welovefarmers26” ကိုအသုံးပြု၍ TrueMoney ဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု အသုံးပြုပါက ငွေလွှဲခ (Service Fee) ၏ ၃၀% ကို လက်ငင်းလျှော့စျေးအဖြစ် ခံစားခွင့်ရရှိမည့် အစီအစဉ်ဖြစ်ပါသည်။
၂။ ဤအစီအစဉ်ကို မြန်မာပြည်အနှံ့ရှိ TrueMoney ကိုယ်စားလှယ်ဆိုင်များအားလုံးတွင် ပရိုမိုကုဒ် အား အသုံးပြု၍ ပြည်တွင်းငွေလွှဲပြုလုပ်သည့် မည်သူမဆို ပါဝင်ခံစားနိုင်ပါသည်။
၃။ အသုံးပြုသူ တစ်ဦးလျှင် တစ်ရက် တစ်ကြိမ်သာ ပရိုမိုကုဒ် ကို အသုံးပြုခွင့်ရှိပါသည်။
၄။ ပရိုမိုကုဒ် အသုံးပြုနိုင်မည့် အရေအတွက် ပမာဏကို ကန့်သတ်ထားပြီး၊ သတ်မှတ်ထားသည့် ပမာဏ ကုန်ဆုံးသွားပါက ပရိုမိုးရှင်း အစီအစဉ်သည် အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်ပါသည်။
၅။ ဤအစီအစဉ်မှတစ်ဆင့် TrueMoney အေးဂျင့်များအနေဖြင့် မိမိတို့၏ ပုံမှန်ကော်မရှင်ခကို အပြည့်အဝရရှိမည့်အပြင် ဝန်ဆောင်မှုအသုံးပြုသူ (Customer) အသစ်များ ပိုမိုရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။
၆။ အေးဂျင့်များကိုယ်တိုင်လည်း ပရိုမိုကုဒ် “welovefarmers26” ကို အသုံးပြု၍ ပြည်တွင်းငွေလွှဲခြင်းဖြင့် ယခုအစီအစဉ်တွင် ပါဝင်ကာ လျှော့စျေးအကျိုးခံစားခွင့်ကို ရယူနိုင်ပါသည်။
၇။ ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ စတင်မည်ဖြစ်ပြီး သတ်မှတ်ထားသော ပရိုမိုကုဒ်အရေအတွက် ကုန်ဆုံးသည့်အချိန်အထိ ဖြစ်ပါသည်။
၈။ ဤအစီအစဉ်တွင် ပါဝင်ခြင်းသည် အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းချက်များကို သဘောတူလက်ခံခြင်း ဖြစ်ပါသည်။
၉။ TrueMoney Myanmar သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက ပေးအပ်ထားသော ခံစားခွင့်များအား အချိန်မရွေး ပြန်လည်ရုပ်သိမ်းခွင့် ရှိပါသည်။
၁၀။ TrueMoney Myanmar သည် လိုအပ်ပါက ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ စည်းကမ်းချက်များကို ပြောင်းလဲခြင်း သို့မဟုတ် အစီအစဉ်အား အချိန်မရွေး ရပ်တန့်ခြင်းတို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိပါသည်။
၁၁။ အငြင်းပွားဖွယ်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။



