ထရူးမန်းနီး မြန်မာ နှင့် U9 တို့ နာလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Activities
13 January, 2026

နည်းပညာသုံး ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ဈေးကွက်ဦးဆောင်နေသော ထရူးမန်းနီးမြန်မာ နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများတွင် ယုံကြည်မှု နှင့် ဈေးကွက်အခိုင်အမာ ရရှိထားသော U9 တို့မှ မိတ်ဖက်ပါတနာအဖြစ် နားလည်မှုစာချွန်လွှာ MOU ရေးထိုးခဲ့ကြပါသည်။

 

 

မိတ်ဖက်ပါတနာအဖြစ် ပူးပေါင်းမှုမှတစ်ဆင့် အသုံးပြုသူများ၏ ဒီဂျစ်တယ် နည်းပညာဆိုင်ရာ ဆက်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းလာနိုင်ရုံသာမက ရပ်ရွာလူထု၏ အကျိုးစီးပွားနှင့် အခွင့်အရေးကောင်းများကိုပါ တစ်ပါတည်း ဆောင်ယူလာနိုင်မည်ဖြစ်ပါသည်။

 

 

ယခုလို ထရူးမန်းနီးမြန်မာ နှင့် U9 တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာပြည်သူများအတွက် နေ့စဉ် လူမှုရေးဆိုင်ရာ ကိစ္စများမှ အစ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များအထိ အပြုသဘောဆောင်သော ပြောင်းလဲမှုများကို ဖော်ဆောင်လာနိုင်မည်ဖြစ်ကြောင်းကိုလည်း ယုံကြည်ပါသည်။

 

 

Other Activities

Activities
Activities
Activities