CITY XCHANGE counter တွေမှာ TrueMoney ဝန်ဆောင်မှုရယူနိုင်ပါပြီ

Activities
11 December, 2025

TrueMoney ထိုင်းမှမြန်မာ ပြည်ပငွေထုတ်နဲ့ ပြည်တွင်းငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို အမြို့မြို့အနယ်နယ်ရှိ City XChange counter များတွင် ရယူနိုင်ပါပြီ။

၂၀၂၅၊ ဒီဇင်ဘာလ (၁၁) ရက်မှစတင်ပြီး City Mart, Ocean, marketplace by City Mart စတဲ့ စူပါမားကတ်များရှိ City XChange ကောင်တာများတွင် TrueMoney ထိုင်းမှမြန်မာ “အခမဲ့” ငွေထုတ်ဝန်ဆောင်မှုနဲ့ ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

 

TrueMoney ဝန်ဆောင်မှုရရှိနိုင်သော City XChange Counter နေရာများ

၁) သမိုင်း City Mart CITY XCHANGE Counter
၂) ပင်လုံ စစ်တောင်း City Mart CITY XCHANGE Counter
၃) လှိုင်သာယာ Ocean CITY XCHANGE Counter
၄) Junction City CITY XCHANGE Counter
၅) ဝေဇယန္တာ City Mart CITY XCHANGE Counter
၆) ၆ မိုင်ခွဲ Market Place CITY XCHANGE Counter
၇) North Point Mall (Ocean) CITY XCHANGE Counter
၈) marketplace by City Mart (ရွှေတောင်ကြား) CITY XCHANGE Counter
၉) မရမ်းကုန်း City Mart CITY XCHANGE Counter
၁၀) ရွှေဂုံတိုင် Ocean CITY XCHANGE Counter
၁၁) လှည်းတန်း Centre CITY XCHANGE Counter
၁၂) အင်းစိန် ပေါက်ကန် City Mart Supermarket Centre CITY XCHANGE Counter
၁၃) City Mall St. John CITY XCHANGE Counter
၁၄) ရွှေပြည်သာ CITY MAR CITY XCHANGE Counter
၁၅) သန်လျင် ကျိုက်ခေါက် CITY MAR CITY XCHANGE Counter


အမေးများသော မေးခွန်းများ

 

Q1: City XChange counter များတွင် မည်သည့် ထရူးမန်းနီး ဝန်ဆောင်မှုများကိုရယူနိုင်ပါသလဲ။
A1: အမြို့မြို့အနယ်နယ်ရှိ City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် နှင့် ထိုင်း မှ မြန်မာ ပြည်ပငွေထုတ် ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။

Q2: မည်သည့် City XChange counter များတွင် ထရူးမန်းနီး ဝန်ဆောင်မှုများ ရယူနိုင်ပါသလဲ။
A2: အမြို့မြို့အနယ်နယ်ရှိ City Mart, Ocean, CityMall, marketplace by City Mart စတဲ့ စူပါမားကတ်များရှိ City XChange counter များတွင် ဝန်ဆောင်မှုရယူနိုင်ပါတယ်။

Q3: City XChange counter များတွင် ထရူးမန်းနီး ပြည်ပငွေလွှဲ ထုတ်ယူတဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A3: City XChange counter များတွင် ထရူးမန်းနီး ထိုင်း မှ မြန်မာ ပြည်ပငွေလွှဲထုတ်ယူရာတွင် ဝန်ဆောင်ခ ပေးရန်မလိုဘဲ ဖုန်းနံပါတ်၊ ငွေလွှဲသူပေးပို့သော လျှို့ဝှက်နံပါတ်တို့ကိုပြောပြပြီး “အခမဲ့” ငွေထုတ်နိုင်ပါတယ်။

Q4: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲတဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A4: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲတဲ့အခါ ထရူးအေးဂျင့်ဆိုင်များတွင် ပေးဆောင်ရသော ပြည်တွင်းငွေလွှဲခ နှုန်းထားများအတိုင်း ပေးဆောင်ပြီး မြန်မာနိုင်ငံအနှံ့ ငွေလွှဲနိုင်ပါတယ်။

Q5: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲ ထုတ်တဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A5: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲ ထုတ်တဲ့အခါ ထရူးအေးဂျင့်ဆိုင်များတွင် ငွေထုတ်ယူသကဲ့သို့ ဖုန်းနံပါတ်၊ ငွေလွှဲသူပေးပိုသော လျှို့ဝှက်နံပါတ်တို့ကို ပြောပြပြီး “အခမဲ့” ငွေထုတ်ယူနိုင်ပါတယ်။

Q6: City XChange counter များတွင် ထရူးမန်းနီးမှ တစ်ဆင့် ဘေလ်ပေးဝန်ဆောင်မှု လုပ်လို့ရပါသလား။
A6: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်း ငွေလွှဲ၊ ငွေထုတ်နှင့် ပြည်ပ ငွေလွှဲ ထုတ် ဝန်ဆောင်မှုများကိုသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Q7: City XChange counter များတွင် မည်သည့်အချိန်မှစပြီး ထရူးမန်းနီးဝန်ဆောင်မှုများကို ရယူနိုင်ပါသလဲ။
A7: City XChange counter များတွင် ၂၀၂၅၊ ဒီဇင်ဘာ (၁၁) ရက် မှစပြီး ထရူးမန်းနီးဝန်ဆောင်မှုများကို ရယူနိုင်မှာဖြစ်ပါတယ်။

Q8: ထရူးမန်းနီး ဝန်ဆောင်မှု များနဲ့ ပတ်သက်ပြီး အဆင်မပြေမှုရှိပါက ဘယ်ကို ဆက်သွယ်လို့ရနိုင်မလဲ။
A8: ထရူးမန်းနီး ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက TrueMoney Myanmar Call Center +95 9 969 519999 သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။


စည်းကမ်းသတ်မှတ်ချက်များ

 

၁)‌ TrueMoney ပြည်တွင်း‌ ငွေလွှဲ၊ ငွေထုတ်နှင့် ထိုင်း မှ မြန်မာ ပြည်ပငွေလွှဲထုတ် ဝန်ဆောင်မှုများကို အမြို့မြို့အနယ်နယ်ရှိ City Mart, Ocean, CityMall, marketplace by City Mart စတဲ့ စူပါမားကတ်များရှိ City XChange counter များတွင် ဝန်ဆောင်မှုရယူနိုင်ပါသည်။

၂) ပြည်တွင်းငွေလွှဲရာတွင် ထရူးအေးဂျင့်ဆိုင်များမှာ ငွေလွှဲသကဲ့သို့ ငွေလွှဲဝန်ဆောင်ခ ပေးပြီး မြန်မာနိုင်ငံအနှံ့ ငွေလွှဲနိုင်ပါသည်။

၃) ပြည်တွင်းငွေထုတ် နှင့် ပြည်ပငွေလွှဲထုတ်ယူရာတွင်လည်း ထရူးအေးဂျင့်ဆိုင်များတွင် ငွေလွှဲထုတ်ယူသကဲ့သို့ ဖုန်းနံပါတ်၊ လျှို့ဝှက်ကုဒ်နံပါတ်တို့ကို ပြောပြပြီး “အခမဲ့” ငွေလွှဲ ထုတ်ယူနိုင်ပါသည်။

၄) ၂၀၂၅ ဒီဇင်ဘာလ (၁၁) ရက်မှ စပြီး ထရူးမန်းနီး ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို City XChange counter များတွင် ရယူနိုင်မှာဖြစ်ပါသည်။

၅) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

၆) TrueMoney သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော Incentive အား ပြန်လည် နူတ်ယူခွင့်ရှိပါသည်။

၇) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

၈) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

၉) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Activities

Activities
Activities
Activities