CITY XCHANGE counter တွေမှာ TrueMoney ဝန်ဆောင်မှုရယူနိုင်ပါပြီ

Activities
11 December, 2025

ထရူးမန်းနီး…

ထိုင်းမှ မြန်မာ “အခမဲ့” ငွေထုတ်

မလေးရှား မှ မြန်မာ “အခမဲ့” ငွေထုတ်

ပြည်တွင်းငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုများကို

မြန်မာတစ်နိုင်ငံလုံးရှိ City Mart, Ocean နဲ့ marketplace by City Mart ဆိုင်ခွဲတိုင်းမှာ ဝန်ဆောင်မှုရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်လိုက်ပါတယ် ခင်ဗျာ။

❝TrueMoney ငွေလွှဲ ငွေထုတ်❞

TrueMoney ဝန်ဆောင်မှုရရှိနိုင်သော City XChange Counter နေရာများ

Ocean – https://www.oceansupercenter.com.mm/location

City Mart – https://www.citymart.com.mm/storelocations

marketplace by City Mart – https://www.marketplacemm.com/


အမေးများသော မေးခွန်းများ

 

Q1: City XChange counter များတွင် မည်သည့် ထရူးမန်းနီး ဝန်ဆောင်မှုများကိုရယူနိုင်ပါသလဲ။
A1: အမြို့မြို့အနယ်နယ်ရှိ City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်း ငွေလွှဲ၊ ငွေထုတ် နှင့် မလေး မှ မြန်မာ၊ ထိုင်း မှ မြန်မာ ပြည်ပငွေထုတ် ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။

Q2: မည်သည့် City XChange counter များတွင် ထရူးမန်းနီး ဝန်ဆောင်မှုများ ရယူနိုင်ပါသလဲ။
A2: အမြို့မြို့အနယ်နယ်ရှိ City Mart, Ocean, CityMall, marketplace by City Mart စတဲ့ စူပါမားကတ်များရှိ City XChange counter များတွင် ဝန်ဆောင်မှုရယူနိုင်ပါတယ်။

Q3: City XChange counter များတွင် ထရူးမန်းနီး ပြည်ပငွေလွှဲ ထုတ်ယူတဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A3: City XChange counter များတွင် ထရူးမန်းနီး မလေး မှ မြန်မာ၊ ထိုင်း မှ မြန်မာ ပြည်ပငွေလွှဲထုတ်ယူရာတွင် ဝန်ဆောင်ခ ပေးရန်မလိုဘဲ ဖုန်းနံပါတ်၊ ငွေလွှဲသူပေးပို့သော လျှို့ဝှက်နံပါတ်တို့ကိုပြောပြပြီး “အခမဲ့” ငွေထုတ်နိုင်ပါတယ်။

Q4: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲတဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A4: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲတဲ့အခါ ထရူးအေးဂျင့်ဆိုင်များတွင် ပေးဆောင်ရသော ပြည်တွင်းငွေလွှဲခ နှုန်းထားများအတိုင်း ပေးဆောင်ပြီး မြန်မာနိုင်ငံအနှံ့ ငွေလွှဲနိုင်ပါတယ်။

Q5: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲ ထုတ်တဲ့အခါ “ဝန်ဆောင်ခ” ပေးရန် လိုအပ်ပါသလား။
A5: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်းငွေလွှဲ ထုတ်တဲ့အခါ ထရူးအေးဂျင့်ဆိုင်များတွင် ငွေထုတ်ယူသကဲ့သို့ ဖုန်းနံပါတ်၊ ငွေလွှဲသူပေးပိုသော လျှို့ဝှက်နံပါတ်တို့ကို ပြောပြပြီး “အခမဲ့” ငွေထုတ်ယူနိုင်ပါတယ်။

Q6: City XChange counter များတွင် ထရူးမန်းနီးမှ တစ်ဆင့် ဘေလ်ပေးဝန်ဆောင်မှု လုပ်လို့ရပါသလား။
A6: City XChange counter များတွင် ထရူးမန်းနီး ပြည်တွင်း ငွေလွှဲ၊ ငွေထုတ်နှင့် ပြည်ပ ငွေလွှဲ ထုတ် ဝန်ဆောင်မှုများကိုသာ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Q7: ထရူးမန်းနီး ဝန်ဆောင်မှု များနဲ့ ပတ်သက်ပြီး အဆင်မပြေမှုရှိပါက ဘယ်ကို ဆက်သွယ်လို့ရနိုင်မလဲ။
A7: ထရူးမန်းနီး ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီး အခက်အခဲ တစ်စုံတစ်ရာရှိပါက TrueMoney Myanmar Call Center +95 9 969 519999 သို့ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။


စည်းကမ်းသတ်မှတ်ချက်များ

 

၁)‌ TrueMoney ပြည်တွင်း‌ ငွေလွှဲ၊ ငွေထုတ်နှင့် မလေး မှ မြန်မာ၊ ထိုင်း မှ မြန်မာ ပြည်ပငွေလွှဲထုတ် ဝန်ဆောင်မှုများကို အမြို့မြို့အနယ်နယ်ရှိ City Mart, Ocean, CityMall, marketplace by City Mart စတဲ့ စူပါမားကတ်များရှိ City XChange counter များတွင် ဝန်ဆောင်မှုရယူနိုင်ပါသည်။

၂) ပြည်တွင်းငွေလွှဲရာတွင် ထရူးအေးဂျင့်ဆိုင်များမှာ ငွေလွှဲသကဲ့သို့ ငွေလွှဲဝန်ဆောင်ခ ပေးပြီး မြန်မာနိုင်ငံအနှံ့ ငွေလွှဲနိုင်ပါသည်။

၃) ပြည်တွင်းငွေထုတ် နှင့် ပြည်ပငွေလွှဲထုတ်ယူရာတွင်လည်း ထရူးအေးဂျင့်ဆိုင်များတွင် ငွေလွှဲထုတ်ယူသကဲ့သို့ ဖုန်းနံပါတ်၊ လျှို့ဝှက်ကုဒ်နံပါတ်တို့ကို ပြောပြပြီး “အခမဲ့” ငွေလွှဲ ထုတ်ယူနိုင်ပါသည်။

၄) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

၅) TrueMoney သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော Incentive အား ပြန်လည် နူတ်ယူခွင့်ရှိပါသည်။

၆) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

၇) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

၈) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Activities

Activities
Activities
Activities