MoU Signing Between Myanmar Citizens Bank and TrueMoney Myanmar
Myanmar Citizens Bank – MCB နှင့် TrueMoney Myanmar တို့၏ နားလည်မှုသဝဏ်လွှာ MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ ဇွန်လ (၉) ရက်နေ့တွင် MCB ဘဏ် ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် MCB ဘဏ်မှ Deputy Chief Executive Officer ဦးမျိုးသက်နိုင်နှင့် TrueMoney Myanmar မှ Country Managing Director ဦးထွန်းထွန်းလင်း တို့ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး အဖွဲ့အစည်း (၂) ခု၏ ငွေကြေးဝန်ဆောင်မှုအသုံးပြုသူ မိဘပြည်သူများ၏ ဘဏ္ဍာရေးကဏ္ဍများကို အကောင်းမွန်ဆုံး ပံ့ပိုးဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ပါသည်။
ယခုကဲ့သို့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်နိုင်ခြင်းမှ အစပြု၍ သုံးစွဲသူတိုင်းအတွက် ပိုမိုအဆင့်မြင့်သော ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်လည်း ဦးတည်ပါသည်။
ယခုလို အဓိပ္ပါယ်ပြည့်ဝသော လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်ဖွယဖွယ် သတင်းကောင်းအဖြစ် ပြန်လည်မျှဝေလိုက်ရပါသည်။