ပြတ်တုန်းလပ်တုန်း ၂၃ (ငွေလွှဲခ ၂၃% ကူပွန်ကုဒ် လျှော့စျေး)

Activities
22 October, 2025

ပြတ်တုန်းလပ်တုန်း ၂၃ မှာ TrueMoney ကူပွန်ကုဒ် “HAPPY23” အသုံးပြုပြီး ငွေလွှဲခ လျှော့စျေး 23% နဲ့ အထာကျကျငွေလွှဲကြမယ်။
ငွေလွှဲလျှော့စျေး ကူပွန်ကုဒ် “HAPPY23” ကို ၂၀၂၅၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း မြန်မာပြည်အနှံ့ငွေလွှဲရာတွင် အသုံးပြုပြီး ငွေလွှဲခ 23% လျှော့စျေး ရယူနိုင်မှာဖြစ်ပါတယ်။
ငွေလွှဲပမာဏလည်း ကန့်သတ်ထားခြင်းမရှိတာကြောင့် အခုပဲ နီးစပ်ရာ True အေးဂျင့်ဆိုင်တိုင်းမှာ အပိုမကုန်တဲ့ TrueMoney နဲ့ ကျစ်ကျစ်လစ်လစ် ငွေလွှဲလိုက်ကြရအောင်။

စည်းကမ်းသတ်မှတ်ချက်များ

(၁)‌ ယခုပရိုမိုးရှင်းသည် ကူပွန်ကုဒ် “HAPPY23” ကိုအသုံးပြုပြီး TrueMoney နဲ့ ပြည်တွင်းငွေလွှဲဆောင်ရွက်ပါက ငွေလွှဲခ ၂၃% လျှော့စျေး လက်ငင်းပြန်ရမည့် အစီအစဥ်ပဲဖြစ်ပါတယ်။
(၂) ယခုအစီအစဥ်ကို မြန်မာပြည်အနှံ့ရှိ TrueMoney ကိုယ်စားလှယ်ဆိုင်ပေါင်းများအားလုံးတွင် ပရိုမိုကုဒ်အားအသုံးပြု၍ ပြည်တွင်းငွေလွှဲပြုလုပ်သည့် မည်သူမဆို ပါဝင်ခံစားနိုင်ပါသည်။
(၃) ကူပွန်ကုဒ် ပရိုမိုးရှင်းအား ငွေလွှဲပမာဏ ၂၅,၀၀၀ ကျပ်အထက် (၂၅,၀၀၁) ကျပ်မှစတင်၍ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။
(၃.၁) ကူပွန်ကုဒ်အား တစ်ဦးလျှင် (၂) ကြိမ် အသုံးပြုနိုင်မှာဖြစ်ပါသည်။
(၄) ဤအစီအစဥ်မှတစ်ဆင့် True အေးဂျင့်များအနေဖြင့် ပုံမှန်ကော်မရှင်ခအပြင် TrueMoney ပြည်တွင်းငွေလွှဲသူ မိတ်ဖက်များများရရှိနိုင်ပါသည်။
(၅) အေးဂျင့်များကိုယ်တိုင် ကူပွန်ကုဒ် “HAPPY23” ကို ကိုယ်ရေးကိုယ်တာအတွက် ပြည်တွင်းငွေလွှဲမှုတွင် အသုံးပြုခြင်း ယခုအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။
(၆) ပရိုမိုးရှင်းကာလ – ၂၀၂၅ ဒီဇင်ဘာလ (၁၃) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ။
(၇) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။
(၈) TrueMoney သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော Incentive အား ပြန်လည် နူတ်ယူခွင့်ရှိပါသည်။
(၉) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။
(၁၀) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။
(၁၁) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Activities

Activities
Activities
Activities