HeyPlay, Mahar, Shwe Narr Sinn, Wun Zinn, Kyat Shop Package များဝယ်ရင်း ပြန်အမ်းငွေယူ!
ဖျော်ဖြေရေးအစီအစဉ်များနှင့် ဂိမ်းများကို ကြိုက်နှစ်သက်သူများအတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်နော်!
HeyPlay, Mahar, Shwe Narr Sinn, Wun Zinn နှင့် Kyat Shop တို့၏ Package များနှင့် Subscription Code များကို TrueMoney အေးဂျင့်ဆိုင် မှာ ဝယ်ယူလိုက်ရုံနဲ့ အများဆုံး ၅,၀၀၀ ကျပ်အထိ ပြန်အမ်းငွေ ရရှိနိုင်မှာဖြစ်ပါတယ်။
ပြန်အမ်းငွေရယူနိုင်မယ့် အဆင့်လေးတွေကတော့
၁) မိမိကြိုက်နှစ်သက်ရာ ဖျော်ဖြေရေးအစီအစဉ်များ၏ ၁ လစာ၊ ၃ လစာ၊ ၆ လစာ၊ ၁ နှစ်စာ Package Plan များ (သို့မဟုတ်) ၅,၀၀၀ ကျပ်နှင့်အထက် Subscription Code များကို နီးစပ်ရာ TrueMoney အေးဂျင့်ဆိုင်တွင် ဝယ်ယူပါ။
၂) ဝန်ဆောင်မှုဝယ်ယူပြီးစီးပါက အများဆုံး ၅,၀၀၀ ကျပ်အထိ ပြန်အမ်းငွေရယူနိုင်မည့် ကုတ်ပါဝင်သော SMS ကို ရရှိပါမည်။
၃) SMS တွင်ပါဝင်သည့် ပြန်အမ်းငွေကုတ် ၁၂ လုံးဖြင့် TrueMoney အေးဂျင့်ဆိုင်တွင် ပြန်အမ်းငွေ ထုတ်ယူနိုင်ပါသည်။
ဒါဆို မိမိကြိုက်နှစ်သက်ရာ ဖျော်ဖြေရေးနှင့် ဂိမ်းအစီအစဉ်များကို ရွေးချယ်ဝယ်ယူနိုင်သလို ပြန်အမ်းငွေကိုလည်း ထပ်ဆောင်းရရှိနိုင်မှာဖြစ်ပါတယ်။
📍 Package နဲ့ Subscription Code ဝယ်ယူဖို့ဆို နီးစပ်ရာ TrueMoney အေးဂျင့်ဆိုင်ကို သတိရလိုက်ပါနော်!
T&Cs
၁။ ဤပြန်အမ်းငွေခံစားခွင့်အစီအစဉ်သည် Heyplay, Mahar, Shwe Nar Sinn, Wun Zinn နှင့် Kyat Shop များမှ သတ်မှတ်ထားသော Package အမျိုးအစားများကို မြန်မာနိုင်ငံတစ်ဝန်းရှိ TrueMoney Myanmar၏ ကိုယ်စားလှယ် ဆိုင်ခွဲများတွင် ဝယ်ယူသည့် ဝန်ဆောင်မှုအတွက်သာ အကျုံးဝင်ပါသည်။
၂။ ယခုအစီအစဉ်တွင်ပါဝင်နိုင်ရန် သတ်မှတ်ထားသော Package အမျိုးအစားများကို ဝယ်ယူမှသာလျှင် ပါဝင်ခွင့် ရရှိပါမည်။
၃။ ပြန်အမ်းငွေခံစားခွင့်ကို အစီအစဉ်အတွက် သတ်မှတ်ထားသော အရေအတွက်အထိသာ ပေးအပ်မည် ဖြစ်ပါသည်။ သတ်မှတ်အရေအတွက် ကုန်ဆုံးသွားပါက ပြန်အမ်းငွေခံစားခွင့်များကို ထပ်မံပေးအပ်မည် မဟုတ်ပါ။
၄။ ပြန်အမ်းငွေခံစားခွင့်ကို ထုတ်ယူရာ၌ TrueMoney Myanmar၏ ကိုယ်စားလှယ်ဆိုင်ခွဲများတိုင်းတွင် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၅။ သတ်မှတ်ထားသော Package အမျိုးအစားများကို ဝယ်ယူပြီးနောက် ပြန်အမ်းငွေခံစားခွင့် ပရိုမိုးရှင်းကုတ် ရရှိကြောင်း အသိပေး SMS ကို လက်ခံရရှိမည်ဖြစ်ပါသည်။
၆။ ပြန်အမ်းငွေရရှိကြောင်း SMS တွင်ပါရှိသည့် ဂဏန်း (၁၂) လုံးပါ ပြန်အမ်းငွေခံစားခွင့် ပရိုမိုးရှင်း ကုတ်သည် အဆိုပါ SMS ကိုလက်ခံရရှိသည့် နေ့ရက်မှစ၍ တစ်လ (၁) လ အထိသာ အသုံးပြု နိုင်ပါသည်။
၇။ ကာစတန်မာများ၊ ပါတနာများ သို့မဟုတ် အေးဂျင့် များမှ လိမ်လည်မှု သို့မဟုတ် မှားယွင်းသော လုပ်ဆောင်မှုများ ပြုလုပ်ကြောင်း တွေ့ရှိပါက TrueMoney Myanmar သည် ပေးအပ်ထားသော အကျိုးခံစားခွင့်များကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းပိုင်ခွင့် ရှိပါသည်။
၈။ TrueMoney Myanmar သည် ဤအစီအစဉ်နှင့် သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်ဆိုင်းခြင်း ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၉။ အငြင်းပွားဖွယ်အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ် ချက်သည်သာလျှင် နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်။


