အလုံခြုံဆုံး ငွေလွှဲမလား? ဒါလေးကို သတိထား

Articles
28 November, 2023

အလုံခြုံဆုံးနေရာက တန်ဖိုးကြီးပစ္စည်းတစ်ခုကို ရယူဖို့အတွက် အဲ့ဒီလုံခြုံရေးတံခါးကိုဖွင့်တဲ့ ‘သော့’ရှိမှရပါမယ်။ သော့မရှိရင် လုံးဝဖွင့်လို့ မရနိုင်ပါဘူး။ 

အလားတူပါပဲ။ ထရူးမန်းနီးနဲ့ငွေလွှဲလိုက်တဲ့အခါတိုင်းမှာလည်း တစ်ဖက်မှာငွေထုတ်နိုင်ဖို့က ‘သော့’တစ်ချောင်း လိုပါတယ်။ 

ဒါကတော့ ထရူးမန်းနီးရဲ့ ‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP’)  ပါ။

 

ထရူးမန်းနီး ရဲ့ ‘တစ်ခါသုံးလျှို့ဝှက် ငွေထုတ်ကုဒ် (OTP)’ ဟာ ဘာကြောင့်လုံခြုံမှု အရှိဆုံးလဲ၊ ဘာကြောင့်သူများတွေကို ပေးမသိသင့်တာလဲ ဆိုတာကို ရှင်းမပြခင်မှာ ထရူးမန်းနီးရဲ့ ငွေလွှဲငွေထုတ် လုပ်ငန်းစဉ်ကို ဦးစွာသိရှိထားဖို့လိုပါတယ်။

ထရူးမန်းနီးနဲ့ ငွေလွှဲမယ်ဆို 

– အနီးဆုံး ထရူးမန်းနီးဆိုင်မှာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနဲ့ ငွေလွှဲမယ့်သူဖုန်းနံပါတ်ကို ဦးစွာစာရင်းသွင်းရပါတယ်။ (နောက်အကြိမ်တွေမှာတော့ မလိုအပ်တော့ပဲ ဖုန်းနံပါတ်ပြောရုံနဲ့ ရပါပြီ)

– ပြီးရင်တော့ ငွေထုတ်မယ့်သူဖုန်းနံပါတ် နဲ့ လွှဲမယ့်ငွေပမာဏကို ပေးလိုက်ပါ။

– ငွေလွှဲသူရဲ့ဖုန်းတစ်လုံးထဲကိုသာ အပေါ်ကပြောတဲ့ ‘တစ်ခါသုံးလျှို့ဝှက် ငွေထုတ်ကုဒ် (OTP)’ မက်ဆေ့ချ်ကျလာပါမယ်။

– ငွေထုတ်မယ့်သူအား ‘တစ်ခါသုံးလျှို့ဝှက် ငွေထုတ်ကုဒ် (OTP)’ ကို ရှယ်ပေးလိုက်ရုံပါပဲ။

ငွေထုတ်မယ်သူဟာ အနီးဆုံးက ထရူးမန်းနီးဆိုင်ကို သွားပြီး

– သူ့ရဲ့ဖုန်းနံပါတ်ရယ်၊ ငွေလွှဲသူပေးပို့လာတဲ့ ‘တစ်ခါသုံးလျှို့ဝှက် ငွေထုတ်ကုဒ် (OTP)’ ရယ်ကို ပေးလိုက်ပါ။

– (၂)ခုလုံး မှန်ကန်ပြီဆိုတာနဲ့ အေးဂျင့်ထံက ငွေထုတ်ယူလိုက်ရုံပါပဲ။

*ဒါကတော့ ထရူးမန်းနီး နဲ့ ငွေလွှဲငွေထုတ်ရမယ့် လုပ်ငန်းစဉ်တွေပါ။

 

  • ထရူးမန်းနီး ရဲ့ ‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP)က ဘာကြောင့် အလုံခြုံဆုံးလဲ?

 

ထရူးမန်းနီး ရဲ့ တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP) က ငွေလွှဲသူရဲ့ဖုန်းတစ်လုံးထဲကိုသာ မက်ဆေ့ချ်ကျတာကြောင့်ပါ။ ကိုယ့်ကိုငွေလွှဲပေးတဲ့အေးဂျင့်တောင် မသိနိုင်ပါဘူး။ မိမိတစ်ဦးထဲသာသိတဲ့ ‘ကုဒ်’ဖြစ်နေရခြင်းက လုံခြုံမှုရဲ့ အဓိကအကြောင်းရင်း တစ်ရပ်ပါပဲ။

ဒါ့အပြင် ထရူးမန်းနီးရဲ့ ‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP)’ မှာ ဂဏန်း(၈)လုံးတိတိ ပါရှိပါတယ်။ တစ်ဖက်မှာငွေထုတ်မယ်ဆို အဲ့ဒီဂဏန်း(၈)လုံးဟာ လုံးဝမှားလို့မရသလို အရှေ့အနောက်ပြောင်းပြန်ဖြစ်တာတွေ၊ ဂဏန်းပိုသွားတာ၊ လိုသွားတာမျိုးတွေ ဖြစ်လို့မရပါဘူး။ တစ်ခုခု အမှားအယွင်းရှိတာနဲ့ အေးဂျင့်ကငွေကို လုံးဝထုတ်ပေးလို့မရပါဘူး။ အခုလို တိကျသေချာမှုရှိခြင်းကြောင့်လည်း ထရူးမန်းနီးက မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှရဲ့ အလုံခြုံဆုံး ငွေလွှဲငွေထုတ်စနစ်ဖြစ်နေရတာပါ။

 

  • ‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP)’ကို ဘာကြောင့် သူများတွေကို ပေးမသိသင့်တာလဲ?

 

‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP)ဆိုတာ ငွေထုတ်ရမယ့် ‘လုံခြုံရေးသော့တံ’ ပါပဲ။ 

တစ်နည်းအားဖြင့်တော့ ငွေလွှဲသူမိမိတစ်ဦးတည်းသိတဲ့ လျှို့ဝှက်ချက်ပါ။ ဒါကိုမှ ကိုယ်ကငွေထုတ်စေချင်သူကို ပေးသိရမှာပါ။ ဒီလို OTP ကုဒ်ကို ပေးပို့ရာမှာလည်း အခြားသူတွေမသိအောင် မက်ဆေ့ချ်ဖြင့်ပေးပို့ခြင်းကသာ အကောင်းဆုံးပါ။ 

ဖုန်းနဲ့ပြောပြီး ပို့ပေးရမယ်ဆိုရင်လည်း ကိုယ့်အနားမှာဘယ်သူမှ ရှိမနေတဲ့အချိန်မှသာ ပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Scammer လို့ခေါ်တဲ့ ငွေကြေးလိမ်လည်တတ်သူတွေဟာ ငွေလာလွှဲတဲ့သူတွေရဲ့ အနီးအနား၊ အေးဂျင့်ဆိုင်တွေရဲ့ အနီးအနားမှာ ရှိနေတတ်လို့ပါ။ 

ဒါကြောင့် အလုံခြုံဆုံး ငွေလွှဲမယ်ဆို အနီးဆုံးက ထရူးမန်းနီးဆိုင်ကိုသာ လာခဲ့ပါ။

 

– ငွေလွှဲရင် ရလာမယ့် ‘တစ်ခါသုံးလျှို့ဝှက်ငွေထုတ်ကုဒ် (OTP)’ကို ငွေထုတ်မယ့်သူမှလွဲပြီး ဘယ်သူ့ကိုမှမပေးပါနဲ့။

ဒီ (၁)ချက်သာ လုပ်ဆောင်ပေးပါ။ ကျန်တာ ထရူးမန်းနီးရဲ့တာဝန်သာ ထားလိုက်။

ကိုယ်ပို့ချင်တဲ့သူထံကို အတိအကျရောက်သွားစေရမယ်။

မိတ်ဆွေများရဲ့ငွေကြေးလုံခြုံမှုကို အမြဲဦးစားပေးတဲ့ ထရူးမန်းနီး။

Other Articles

Articles
Articles
Articles