နှစ်သစ်ကူးမှာ ငွေအပိုမကုန်ရအောင်  ဒါတွေကို သတိထားပါ…

Activities
7 April, 2023

ပိတောက်တွေ ရွှေရည်လူးတဲ့ အတာသင်္ကြန်ကာလကို မကြာခင်ရောက်လာပါတော့မယ်။ နှစ်သစ်ကူးချိန်ဖြစ်တာနဲ့အညီ ကုန်စရာတွေများတတ်တဲ့ ဒီကာလမှာ ငွေအပိုတွေမကုန်ရပဲ စည်းစနစ်ကျကျလေးသုံးစွဲရင်း သင်္ကြန်နှစ်ကူးကာလကို ဖြတ်ကျော်နိုင်ဖို့ သတိထားရမယ့် နည်းလမ်းအချို့ကို ထရူးမန်းနီးက အကြံပြုတင်ပြပေးထားပါတယ်။

 

၁) အလှူအတန်း လုပ်မည့်သူများအတွက်

 

သင်္ကြန်ကာလမှာ အလှူအတန်းပြုမယ်လို့ ရည်ရွယ်ထားရင်တော့ နှစ်ကူးကာလမှာ ဆိုင်အများစုပိတ်တတ်သလို သင်္ကြန်နီးရင်လည်း ဈေးတက်တတ်လို့ ကိုယ့်အလှူမှာသုံးရမယ့်ပစ္စည်းတွေကို ကြိုတင်စာရင်းပြုစုကာ ဝယ်ယူထားပါ။ လိုအပ်တဲ့ပစ္စည်းတွေကို တစ်နေရာထဲကနေ ဝယ်ယူခြင်းကလည်း ဈေးကိုသက်သာစေတတ်ပါတယ်။

 

၂) သင်္ကြန်အတွက် ကစားစရာတွေဝယ်ပေးကြရမယ့် မိဘများအတွက်

 

ကလေး ရှိတဲ့မိဘတွေကတော့ သားသားမီးမီးတွေ သင်္ကြန်မှာရေဆော့ဖို့ရာ ရေခွက်၊ ရေပြွတ်သေနတ်၊ လေထိုးရေကူးကန်လို  ကစားစရာတွေ ဝယ်ပေးတတ်ကြတာမို့ မဝယ်ခင်မှာ သေချာစီစစ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် မဝယ်ခင်မှာ ပြီးခဲ့တဲ့နှစ်တွေက ပစ္စည်းဟောင်းတွေကို ပြန်ပြုပြင်ပြီး သုံးသင့်တန်သုံးပါ။ အသစ်ဝယ်ပေးရန် လိုအပ်လာရင်လည်း (၂)ကြိမ် (၃)ကြိမ်ပြန်သုံးလို့ရမယ့် ဈေးသင့်သင့်နဲ့ ပစ္စည်းကောင်းတာမျိုးကို စဉ်းစားပြီးဝယ်ပေးပါလို့ အကြုံပြုပါရစေ။

 

၃) နေရပ်ပြန်ကြမယ်သူများအတွက်

 

သင်္ကြန်ပိတ်ရက်ရှည်တွေမှာ နယ်ကအလုပ်လာလုပ်သူအများစုက ကိုယ့်မြို့ကိုယ့်ရွာကိုယ့်နေရပ်ကို ပြန်တတ်ကြပါတယ်။ ဒီကာလမှာ အိမ်ပြန်သူတွေများတတ်လို့ ခရီးသွားမယ်ဆို ဟိုင်းဝေးကားလတ်မှတ်၊ မီးရထားလက်မှတ် စတာတွေကို ကြိုတင်ချိတ်ဆက်ဝယ်ယူထားပါ။ အနားနီးမှဝယ်ရင် လက်မှတ်မရဖြစ်တတ်သလို လက်မှတ်ဈေးလည်း ကြီးတတ်ပါတယ်။ ဖြစ်နိုင်ရင် အသွား/အပြန်လက်မှတ်တွေကို တစ်ခါတည်း ဝယ်ယူထားတာက အကောင်းဆုံးပါ။

 

ဒါ့အပြင် သင်္ကြန်ကာလအတွက် သုံးစရာရှိတဲ့နေရာတွေမှာ စည်းစနစ်ကျကျသုံးစွဲတတ်ဖို့လိုသလို ကိုယ်မှာရှိပြီးသားအရာတွေ မပျောက်ပျက်သွားအောင် သတိထား၊ထိန်းသိမ်းတတ်ဖို့လည်း လိုအပ်ပါတယ်။

ဥပမာ 

– ကိုယ်ရဲ့ဖုန်းကို သင်္ကြန်မှာ ရေစိုပြီး မပျက်စီးသွား၊ မပျောက်ပျက်သွားအောင် သတိထားပြီး ထိန်းသိမ်းရပါမယ်။

– ကိုယ့်ရဲ့ကောင်းမွန်နေတဲ့ ကျန်းမာရေးအခြေအနေကို ရေစိုလိုက်၊ ပြန်ခြောက်သွားလိုက်ဖြစ်နေတတ်တဲ့ သင်္ကြန်တွင်းမှာ အပူရှပ်ပြီး မဖျားအောင် ၊ ရေထိများပြီး မျက်စိ/နားတွေ မထိခိုက်အောင် ဂရုစိုက်ကြရပါမယ်။

 

ထရူးမန်းနီးမိတ်ဆွေများအားလုံး သင်္ကြန်ကာလကို ငွေကြေးအပိုမကုန်သင့်တာတွေမကုန်ပဲ ဖြတ်ကျော်နိုင်ကြပါစေ။

မင်္ဂလာရှိသော နှစ်သစ်ကိုလည်း ကျန်းမာ၊ချမ်းသာစွာနဲ့ ကြိုဆိုနိုင်ကြပါစေ။

Other Activities

Activities
Activities
Activities