ကမ္ဘာ့အလှဆုံး ဘဏ်အဆောက်အဦးများ
ကမ္ဘာ့အလှဆုံး ဘဏ်အဆောက်အဦးများ
ဘဏ်ဆိုတာနဲ့ ငွေထုတ်၊ ငွေလွှဲ၊ ငွေသွင်းရုံသက်သက် နေရာတစ်ခုလို့ ထင်ကြပေမဲ့ ကမ္ဘာပေါ်မှာတော့ အနုပညာလက်ရာမြောက် ရှေးဟောင်းဗိသုကာနဲ့ ခေတ်မီဆန်းသစ်မှုတွေကို ပေါင်းစပ်ဆောက်လုပ်ထားတဲ့ ရင်သပ်ရှုမောဖွယ် ဘဏ်အဆောက်အဦတွေ အများကြီးရှိပါတယ်။
ကမ္ဘာပေါ်မှာ အလှဆုံးလို့ စာရင်းဝင်ထားတဲ့ ထင်ရှားတဲ့ ဘဏ်အဆောက်အဦအချို့ကို ဖော်ပြပေးလိုက်ပါတယ်
၁။ Banco de España – Madrid, Spain
Madrid မြို့လယ်မှာ တည်ရှိတဲ့ Banco de España အဆောက်အဦဟာ စပိန်ရဲ့ အထင်ကရ ဘဏ်အဆောက်အဦတွေထဲက တစ်ခုဖြစ်ပါတယ်။ အပြင်ပိုင်းမှာ ခမ်းနားတဲ့ Classical architecture ပုံစံကို တွေ့ရပြီး အတွင်းပိုင်းမှာလည်း အလှဆင်ထားတဲ့ နေရာများနဲ့ ထင်ရှားပါတယ်။
၂။ National Bank of Romania – Bucharest, Romania
ရိုမေးနီးယားနိုင်ငံရဲ့ အမျိုးသားဘဏ်အဆောက်အဦဟာ Neo-classical architecture ပုံစံနဲ့ တည်ဆောက်ထားပြီး ကော်လံကြီးများ၊ ပန်းပုလက်ရာများနဲ့ ခမ်းနားတဲ့ façade ကြောင့် ထင်ရှားပါတယ်။
၃။ Bank of China – Shanghai, China
ရှေးဟောင်းအဆောက်အဦပုံစံတွေနဲ့ မတူဘဲ ခေတ်မီတဲ့ ဗိသုကာပုံစံကို ကိုယ်စားပြုတဲ့ ဘဏ်အဆောက်အဦတွေထဲက တစ်ခုပါ။ Shanghai ရဲ့ skyline နဲ့အတူ ဘဏ်လုပ်ငန်းနဲ့ ခေတ်မီမြို့ပြဗိသုကာပညာ ပေါင်းစပ်မှုကို မြင်တွေ့နိုင်ပါတယ်။
၄။ Bank of Georgia Headquarters – Tbilisi, Georgia
ပုံမှန်မြင်တွေ့ရတဲ့ ဘဏ်အဆောက်အဦပုံစံနဲ့ လုံးဝကွဲပြားတဲ့ ဒီအဆောက်အဦဟာ ကြီးမားတဲ့ geometric blocks တွေကို တစ်ခုနဲ့တစ်ခု ထပ်ဆင့်တည်ဆောက်ထားသလို မြင်ရတာကြောင့် ကမ္ဘာတစ်ဝှမ်း architecture ချစ်သူတွေကြားမှာ နာမည်ကြီးပါတယ်။
၅။ Banca d’Italia – Palazzo Koch, Rome, Italy
Rome မြို့မှာရှိတဲ့ Palazzo Koch ဟာ Italian Renaissance နဲ့ Classical architecture လက်ရာတွေကို ပေါင်းစပ်ထားတဲ့ သမိုင်းဝင်ဘဏ်အဆောက်အဦတစ်ခု ဖြစ်ပါတယ်။ အဆောက်အဦတစ်ခုတည်းကပဲ ဘဏ်လုပ်ငန်းရဲ့ သမိုင်းနဲ့ အီတလီဗိသုကာအနုပညာကို ပြသနေသလို ဖြစ်ပါတယ်။
ကဲ…အခုဆိုရင် ကမ္ဘာ့အလှဆုံးဘဏ်အဆောက်အဦးများထဲက အချို့ကို ဗဟုသုတအနေနဲ့ သိရှိသွားပြီ ဖြစ်ပါတယ်။
ဒီလို စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအပြင် ငွေကြေးဆိုင်ရာ အကြောင်းအရာများကို သိရှိနိုင်ရန် TrueMoney Myanmar Page ကို Like & Follow လုပ်ဖို့ မမေ့နဲ့နော်!



