ဆောင်းတွင်းမှာလည်း ‘ရေ’လိုတယ်…

Articles
19 November, 2022

ပူအိုက်တဲ့နွေရာသီမှာ ရေသောက်ဖို့ သတိရကြပေမယ့် အေးမြတဲ့ဆောင်းရာသီကို ရောက်တဲ့အခါမှာ ရေသောက်ဖို့ မေ့လျော့သွားတတ်ကြပါတယ်။ ရေသောက်ဖို့ ခန္ဓာကိုယ်က သတိပေးချက်တွေနည်းပါးလာတာကြောင့်လည်း ဖြစ်နိုင်သလို ရေငတ်နိုင်ခြေနည်းပါးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဘာကြောင့် ဆောင်းရာသီမှာ ရေများများသောက်သင့်လဲ ဆိုတာတွေထဲက အဓိကအကြောင်းအရင်းအချို့ပါ။

 

  • ခန္ဓာကိုယ်၏ ရေဓာတ်ခမ်းခြောက်မှု့ကို ကာကွယ်နိုင်ခြင်း

အေးမြတဲ့ရာသီဥတုကြောင့် ရေငတ်တယ်လို့မထင်မိဘဲ နေ့ခင်းဘက်တွေမှာ ရေမသောက်မိတတ်ကြပါဘူး။ ဆောင်းရာသီမှာ ပါးစပ် နဲ့ နှာခေါင်းက ရေခိုးရေငွေ့တွေထွက်လာတတ်တာမျိုးကလည်း ခန္ဓာကိုယ်တွင်းက ရေဓာတ်ကိုဆုံးရှုံးစေပါတယ်။ ဒီလိုအခြေအနေမှာ  ရေကိုလုံလောက်အောင်မသောက်မိလို့ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

 

  • အသားအရေကို ကာကွယ်ခြင်း

ဆောင်းတွင်းမှာ တိုက်ခတ်တဲ့လေဟာ အေးမြ၊ခြောက်သွေ့တာကြောင့် အသားအရေကို ပျက်စီးစေတတ်ပါတယ်။ မနက်’အေး’ပြီး နေ့ခင်းမှာ’ပူ’တတ်တဲ့ မြန်မာနိုင်ငံလိုရာသီဥတုမျိုးဟာ အသားအရေကို ကွဲအက်ဖို့ လွယ်ကူစေပါတယ်။ ‘ရေ’ဟာ အရေပြားဆဲလ်တွေကို ရေဓာတ်ပြည့်ဝစေပြီး ကွဲအက်ခြင်းနဲ့ အရေခွံကွာခြင်းတို့ကို လျော့နည်းစေပါတယ်။ ဆောင်းတွင်းမှာ ရေမဆာသလို ခံစားရပေမယ့် ရေပုံမှန်သောက်ပေးခြင်းဖြင့် အသားအရေကို တောက်ပနေပါစေ။

 

  • ပိုမိုတက်ကြွစေခြင်း

နေ့ခင်းဘက် ပင်ပန်းနွမ်းနယ်ခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုကတော့ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ပါ။  ရေဓာတ်ခမ်းခြောက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေဟာနှေးကွေးလာပြီး အားအင်ပိုမို သုံးစွဲရတာကြောင့် မောပန်းနွမ်းနယ်သလိုမျိုး ခံစားရစေပါတယ်။ အမြဲနိုးကြားတက်ကြွနေစေဖို့အတွက် နေ့စဉ် ရေ (၂ – ၃) လီတာလောက် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

 

  • ကိုယ်အလေးချိန်တိုးခြင်းကို တိုက်ဖျက်နိုင်ခြင်း

ဆောင်းတွင်းမှာ ရေများများသောက်ပေးသင့်တဲ့ နောက်ထပ် အကြောင်းအရင်းတခုကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းခြင်းကြောင့် ကိုယ်အလေးချိန်တက်လာခြင်းကို ကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။ တခါတရံမှာ ဦးဏှောက်က ရေဆာတာကို ဗိုက်ဆာတာလို့ မှားယွင်းပြီး သတင်းပို့တတ်လို့ ဗိုက်ဆာတဲ့အချိန်တွေမှာ သရေစာတွေကို မစားဘဲ ရေ(၁)ခွက် သောက်ကြည့်လိုက်ပါ။ ဆာလောင်မှုတွေ ပြေပျောက်သွားတာမျိုး ဖြစ်တတ်ပါတယ်။  အစာများများ စားမယ့်အစား ရေပိုသောက်လိုက်ခြင်းကြောင့် ပိုပြီးကျန်းမာလာမှာဖြစ်သလို ကိုယ်အလေးချိန်တက်လာမှာကိုလည်း ကာကွယ်ပြီးသားဖြစ်စေမှာပါ။

 

  • ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကာကွယ်နိုင်ခြင်း

ဆောင်းတွင်းကာလမှာ အအေးမိ၊ နှာစေး၊ ဖျားနာခြင်းတွေကို ဖြစ်ပွားစေတတ်တဲ့ ဗိုင်းရပ်စ်တွေဟာ ပတ်ဝန်းကျင်လေထုမှာပျံ့နှံ့နေတာကြောင့် ရောဂါအလွယ်တကူ ကူးစက်တတ်ပါတယ်။ ဒီလိုအချိန်မှာ ရေများများသောက်တတ်သူတွေဟာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေတာကြောင့် ပြင်ပလေထုမှာပါလာတဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်ရှိစေပါတယ်။

 

အခုလို ဆောင်းရာသီမှာ TrueMoeny မိတ်ဆွေများအနေနဲ့ ရေများများသောက်ခြင်းဖြင့် မိမိကျန်းမာရေးကို ငွေကုန်ကြေးကျသက်သာစွာနဲ့ အကောင်းဆုံး ထိန်းသိမ်းနိုင်ကြပါစေ။

 

ကိုးကား – WaterLogic

Other Articles

Articles
Articles
Articles