+95 9 969 519999
enquiry_mm@truemoneymyanmar.com
Find an Agent
Be an Agent
Home
Our Services
Agents
News & Articles
About Us
Contact
Careers
EN
Myanmar
English
Find an Agent
Be an Agent
EN
Myanmar
English
Home
Our Services
Agents
News & Articles
About Us
Contact
Careers
Benefits
Transforming lives with accessible, secure and convenient financial services.
Benefits
Transforming lives with accessible, secure and convenient financial services.
Why Choose Us
Lower costs service charge
Easy to use services with POS at our agent shops
Easy, safe and transparent transactions
High security measure using fingerprint ID
Reduced cash related risks
Available customer care service 7 days a week
Terms & Conditions
သုံးစွဲသူ စည်းကမ်းသတ်မှတ်ချက်များTrueMoney Myanmar ၏ ဝန်ဆောင်မှုများကို အသုံးပြုရန် –
(၁) သုံးစွဲသူသည် အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(၂) သုံးစွဲသူသည် အသက် (၁၈) နှစ် အောက်ဖြစ်ပါလျှင်မိမိ၏ အုပ်ထိန်းသူမှတရားဝင်ခွင့်ပြုကြောင်းကို သက်သေခံ အထောက်အထားများဖြင့် TrueMoney Myanmar သို့ တင်ပြရမည် ဖြစ်သည်။
ထို့အပြင် သုံးစွဲသူသည် TrueMoney Myanmar ၏ ဝန်ဆောင်မှုများကို အသုံးပြုရန် အောက်ဖော်ပြပါ စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့်အညီ လုပ်ဆောင်ရန် နားလည်သဘောပေါက် လက်ခံသဘောတူသည်ဟု မှတ်ယူပါသည်။
သုံးစွဲသူအနေဖြင့် TrueMoney Myanmar မှ အဆိုပါ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို မည်သည့်အချိန်တွင်မဆို သုံးစွဲသူအား အကြောင်းကြားရန် လိုအပ်ခြင်းမရှိဘဲ ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်ခြင်းများ ပြုလုပ်ခြင်းကို သဘောတူညီကြောင်းနှင့် အဆိုပါ ပြောင်းလဲဖြည့်စွက်ပြင်ဆင်လိုက်သည့် စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များအား သဘောတူလက်ခံကြောင်း မှတ်ယူပါသည်။
TrueMoney Myanmar၏ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များ
၁။ သုံးစွဲသူသည် TrueMoney Myanmar ၏ ဝန်ဆောင်မှုများကို အသုံးမပြုမီ လိုက်နာဆောင်ရွက်ရန် လိုအပ်သ ည့် ဝန်ဆောင်မှုများနှင့်သက်ဆိုင်သော စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များကို တိကျသေချာ ရှင်းလင်းစွာ နားလည်သဘောပေါက်သည်အထိ ဖတ်ရှုရန် တာဝန်ရှိမည် ဖြစ်သည်။ ဤဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များအား တိကျသေချာ ရှင်းလင်းစွာ နားလည် သဘောပေါက်မှုမရှိလျှင် TureMoney Myanmar ၏ Call Centre သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
၂။ သုံးစွဲသူသည် မှတ်ပုံတင်ခြင်းလုပ်ဆောင်ရာတွင် မိမိကိုယ်တိုင်ရေးသွင်းခြင်းဖြစ်စေ၊ TrueMoney Myanmar ၏ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားသည့် ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ မှတ်ပုံတင်ရမည် ဖြစ်သည်။
၃။ သုံးစွဲသူသည် TrueMoney Myanmar ၏ဝန်ဆောင်မှုအားစတင်အသုံးပြုလိုပါလျှင် သတ်မှတ်ချက်များအတိုင်း မိမိ၏ ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ မှတ်ပုံတင်ရမည် ဖြစ်သည်။
၄။ ကျွနု်ပ်တို့ TrueMoney Myanmar မှ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ မှ ထုတ်ပြန် ကြေညာချက်များအရ သုံးစွဲသူအား ဝန်ဆောင်မှုပေးနိုင်ရန် သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များ အား တောင်းခံရယူရခြင်း ဖြစ်ပါ သည်။ ထို့အပြင်ကျွနု်ပ်တို့ TrueMoney Myanmar သည် သုံးစွဲသူ၏ ကိုယ်ရေးအချက်အလက်များအား တည်ဆဲဥပဒေများနှင့်အညီ ထိန်းသိမ်းထားနိုင်ရန် အလို့ဌာ သင့်လျော်သော ဆောင်ရွက်မှုများ သို့မဟုတ် လုပ်ဆောင်ချက်များ ပြုလုပ်မည်ဖြစ်သည်။
၅။ ကျွန်ုပ်တို့ TrueMoney Myanmar မှ တည်ဆဲဥပဒေများအရ သုံးစွဲသူ၏ ကိုယ်ရေး အချက်အလက်များနှင့် ငွေလွှဲလုပ်ငန်းစဉ်များကို လုပ်ငန်းစဉ်စတင်သည့်နေ့မှစ၍ အနည်းဆုံး နောင်ငါးနှစ်အထိ ထိန်းသိမ်းထားရှိခြင်း အား သဘောတူညီကြောင်း မှတ်ယူပါသည်။
၆။ TrueMoney Myanmar ၏ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ၊ တည်ဆဲဥပဒေများအရဖြစ်စေ သုံးစွဲသူ ၏ ကိုယ်ရေး အချက်အလက်များနှင့် ငွေလွှဲလုပ်ငန်းစဉ် ဆောင်ရွက်ချက်များအား TrueMoney Myanmar ၏ ကုမ္ပဏီအတွင်း၌ ဖြစ်စေ၊ ၎င်း၏ အစုရှယ်ယာရှင်များ၊ ဒါရိုက်တာများ၊ အလုပ်သမားများနှင့် ကုမ္ပဏီ များ အုပ်စုအတွင်း အပြင်မည်သည့် အစိုးရအဖွဲ့အစည်းများနှင့် တတိယပုဂ္ဂိုလ်များအကြား ပေးပို့မျှဝေ အသုံးပြုခြင်း အား ခွင့်ပြုသည်ဟု မှတ်ယူပါသည်။ အသေးစိတ်အား ထပ်မံသိရှိလိုပါလျှင် TrueMoney Myanmar ၏ privacy policy အား အောက်ပါ
Link
တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။
၇။ သို့ဖြစ်ပါ၍ သုံးစွဲသူအနေဖြင့် မိမိ၏ကိုယ်ရေးအချက်အလက်များကို မှတ်ပုံတင်ရန် သို့မဟုတ် ပေးရန် ပျက်ကွက်ခဲ့ ပါလျှင် TrueMoney Myanmar သည် ဝန်ဆောင်မှုများအား လုပ်ဆောင်ပေးရန် မည်သို့မျှ တတ်စွမ်းနိုင်လိမ့် မည် မဟုတ်ပါ။
၈။ သုံးစွဲသူသည် TrueMoney Myanmar ၏ဝန်ဆောင်မှုတစ်ခုတည်းကို ဖြစ်စေ သို့မဟုတ် အားလုံးကိုဖြစ် စေ အသုံးပြုရန် မြန်မာနိုင်ငံတွင် အသုံးပြုနေသည့် တရားဝင် မှတ်ပုံတင်ထားသော မိုဘိုင်းဆင်းကဒ် တစ်ခု ရှိရမည် ဖြစ်သည်။
၉။ သုံးစွဲသူသည် မိမိအသုံးပြုလိုသော ဝန်ဆောင်မှုအတွက် မှတ်ပုံတင်ထားသည့် မိုဘိုင်းဆင်းကဒ်ထံသို့ SMS မှ တစ်ဆင့် PIN နံပါတ်ကို လက်ခံရရှိမည်ဖြစ်သည်။
၁၀။ အဆိုပါ PIN နံပါတ်အား မိမိနှင့် TrueMoney Myanmar အား ကိုယ်စားပြုသူတို့မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသိပေးပြောကြားခြင်းမျိုး မပြုလုပ်ဘဲ လျှို့ဝှက်စွာ ထားရှိရမည် ဖြစ်သည်။
၁၁။ သုံးစွဲသူသည် PIN နံပါတ်အား လက်ခံရရှိခြင်းမရှိခဲ့သော်လည်းကောင်း၊ ပျောက်ဆုံးသွား လျှင်သော် လည်းကောင်း TrueMoney Myanmar ၏ Call Center သို့ချက်ချင်းဆက်သွယ်သတင်းပေးပို့ရမည်။ ၎င်းအပြင်အထောက်အထား စာရွက်စာတမ်းများအား ပြသရန်လိုအပ်မည် ဖြစ်သည်။
၁၂။ ဝန်ဆောင်မှုတိုင်းအတွက်သုံးစွဲသူမှ ဝန်ဆောင်ခများအား သတ်မှတ်နှုန်းထားများ အတိုင်း TrueMoney Myanmar အား ပေးဆောင်ရမည် ဖြစ်သည်။ TrueMoney Myanmar အား ကိုယ်စားပြုသူမှ ငွေလက်ခံရရှိကြောင်း ပြေစာသို့မဟုတ် SMS ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး အဆိုပါ ပြေစာသို့မဟုတ် SMS ကိုထိန်းသိမ်းထားရန်မှာ သုံးစွဲသူ၏ တာဝန်သာ ဖြစ်သည်။
၁၃။ သုံးစွဲသူသည် ဝန်ဆောင်ခ နှုန်းထားများအား TrueMoney Myanmar မှ အခါအားလျော်စွာ ပြောင်းလဲမှု ရှိနိုင်သည်ကို နားလည်သဘောပေါက် လက်ခံပါသည်။
၁၄။ ထို့အပြင် သုံးစွဲသူအား ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိပါဘဲ TrueMoney Myanmar အနေဖြင့် ၎င်း၏ ဝန်ဆောင်မှုများအားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ မည်သည့် အချိန်တွင်မဆို ပြောင်းလဲခြင်း သို့မဟုတ် ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ခွင့်ရှိသည်။
၁၅။ သုံးစွဲသူသည် ငွေကြေးခဝါချမှု နှင့် အကြမ်းဖက် အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ခြင်း တို့အပြင် ဥပဒေနှင့် မလွတ်ကင်းသော၊ တရားမဝင်သော၊ လိမ်လည်လှည့်ဖြားလိုသောသို့မဟုတ် ပြစ်မှုမကင်း သော ရည်ရွယ်ချက်ဖြင့် TrueMoney Myanmar ၏ ဝန်ဆောင်မှုများကို အသုံးမပြုရ။
၁၆။ သုံးစွဲသူသည် TrueMoney Myanmar ၏ ဝန်ဆောင်မှုများအား ဥပဒေနှင့် မလွတ်ကင်းသော ကိစ္စရပ်များ အထူးသဖြင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနေသည်ဟု စစ်ဆေးတွေ့ရှိပါလျှင် ဝန်ဆောင်မှု အား ချက်ချင်း ရပ်ဆိုင်းမည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများမှ အရေးယူမှုများ နှင့်ပတ်သတ်၍ TrueMoney Myanmar နှင့် မည်သို့မျှမသက်ဆိုင်သည့်အပြင် မည်သည့် တာဝန်ရှိမှု ၊ တာဝန်ခံမှုများ ရှိလိမ့်မည်မဟုတ်ပါ။
၁၇။ TrueMoney Myanmar အနေဖြင့် ဤစည်းကမ်းချက်များနှင့် ကန့်သတ်ချက်များပါ အပိုဒ် ၁၅ နှင့် ၁၆ ကိုလိုက်နာမှုမရှိကြောင်း တွေ့ရှိပါလျှင် သုံးစွဲသူအား ကြိုတင်အကြောင်းရန် မလိုအပ်ဘဲ ၎င်း၏ ဝန်ဆောင်မှုများကို ချက်ချင်း ရပ်ဆိုင်းပိုင်ခွင့် သို့မဟုတ် ဖျက်သိမ်းပိုင်ခွင့်ရှိသည်။
၁၈။ TrueMoney Myanmar ၏ ဝန်ဆောင်မှုကို အသုံးပြုရာတွင် ကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့လျှင်သော်လည်း ကောင်း၊ သက်ဆိုင်ရာ ကိုယ်စားလှယ်နှင့် အငြင်းပွားမှု ပေါ်ပေါက်ခဲ့လျှင် သော်လည်းကောင်း TrueMoney Myanmar ၏ Call Centre နှင့် ဆက်သွယ်နိုင်ပါသည်။
၁၉။ အခေါ်အဝေါ် သတ်မှတ်ချက်များနှင့် သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းအပြည့်အစုံအား နီးစပ်ရာ TrueMoney Myanmar ကိုယ်စားလှယ်များထံတွင်လည်းကောင်း၊ www.truemoney.com.mm တွင်လည်းကောင်း၊ နီးစပ်ရာ TrueMoney Myanmar ကိုယ်စားလှယ်များထံတွင်လည်းကောင်း ဝင်ရောက်လေ့လာ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါသည်။
၂၀။ TrueMoney Myanmar၏ ဝန်ဆောင်မှု ဆိုင်ရာစည်းကမ်းချက်များနှင့ိ ကန့်သတ်ချက်များအရ အခွင့်အရေးများ၊ တာဝန်ရှိမှုများနှင့် အာဏာများကို ကျင့်သုံးရာတွင် TrueMoney Myanmar အနေဖြင့် သော်လည်းကောင်း သို့မဟုတ် သုံးစွဲသူအနေဖြင့် သော်လည်းကောင်း ဝန်ဆောင်မှု ဆိုင်ရာ စည်းကမ်းချက်များနှင့်ကန့်သတ်ချက်များပါ စည်းကမ်းချက်တစ်ခုခု သို့မဟုတ် ကန့်သတ်ချက်တစ်ခုခု ကို လိုက်နာရန်ပျက်ကွက်မှု သို့မဟုတ် ချိုးဖောက်မှုများ ရှိခဲ့လျှင် အဆိုပါဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့်ကန့်သတ်ချက်များပါ အခွင့်အရေးများ၊ တာဝန်ရှိမှုများနှင့် အာဏာများကို စွန့်လွှတ်သည်ဟု မှတ်ယူခြင်း မပြုနိုင်သလို အဆို ပါ စည်းကမ်းချက်နှင့်ကန့်သတ်ချက် တစ်ခုတည်း သို့မဟုတ် အစိတ်အပိုင်း တစ်ခုတည်းကိုသာ ကျင့်သုံးခြင်းသည် အခြားမည့်သည့် ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များပါ အခွင့်အရေးများ၊ တာဝန်ရှိမှုများနှင့်အာဏာများကို ဆက်လက်ကျင့်သုံး ခြင် းအား ဟန့်တားမှုမရှိစေရ။
၂၁။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်သွေဖယ်မှုမရှိသရွေ့ TrueMoney Myanmar၏ ဝန်ဆောင်မှု ဆိုင်ရာ စည်းကမ်းချက်များနှင့် ကန့်သတ်ချက်များသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ ဖြစ်သည်။
We use cookies to ensure that we give you the best experience on our website. If you continue to use this site we will assume that you are happy with it.
OK
Privacy policy