If you are a TrueMoney agent, you will be able to work remittances from Thailand to Myanmar. In addition to domestic remittances or withdrawals, AEON, 123 Payment, Oway, Ananda, CANAL+, Sim4Crew, KEB Hana, Shinhan, Rent2Own, CP and many other Bill Payment services; There are many services such as phone top-up and various data packages. The Commission also provides for payment and remittance services, as well as making payments. Commissions are also available through various mobile top-up cards and data packs.

  • This field is for validation purposes and should be left unchanged.
  • Accepted file types: jpg, png, jpeg, Max. file size: 2 MB.
  • Accepted file types: jpg, png, jpeg, Max. file size: 2 MB.
  • Accepted file types: jpg, png, jpeg, Max. file size: 2 MB.
  • Only for apply agent loan
  • ဝန်ထမ်းမှ ဖြည့်သွင်းရန်
  • ၁။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ
    ၁(၁) အဓိပ္ပါယ်ဖွင့်ဆိုချက်များ ဤစာချုပ်၌ “အေးဂျင့်” ဆိုသည်မှာ အေးဂျင့် မှတ်ပုံတင်ပုံစံ ၌ သတ်မှတ်ဖော်ပြထားသော အေးဂျင့်ကို ဆိုသည်။ “ဝန်ဆောင်မှုအသုံးပြုသူ” ဆိုသည်မှာ ဝန်ဆောင်မှုများကို ရယူအသုံးပြုသော ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကို ဆိုသည်။ “MFS Agent” ဆိုသည်မှာ မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု စည်းမျဉ်း (FIL/R/01/03-2016) အရ သတ်မှတ်ထားသော အေးဂျင့်ကို ဆိုသည်။ “ဥပစာများ” ဆိုသည်မှာ အေးဂျင့် မှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသော လုပ်ငန်းလိပ်စာကိုဆိုသည်။ “ဝန်ဆောင်မှုများ” ဆိုသည်မှာ TrueMoney နှင့်ဘဏ်တို့ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကို ဆိုသည်။စာချုပ်ပါ အဖွဲ့ဝင်များသည် အောက်ဖော်ပြပါအတိုင်း သဘောတူညီကြပါသည်။

    ၂။ အေးဂျင့်ခန့်အပ်ခြင်း
    ၂(၁) TrueMoney သည် ဤစည်းကမ်းချက်များနှင့်အညီ ဝန်ဆောင်မှုများ (အထူးသဖြင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုများ) ဆောင်ရွက်ရန် အေးဂျင့်အား ခန့်အပ်ပါသည်။
    ၂(၂) အေးဂျင့်သည် ဘဏ်အတွက် MFS အေးဂျင့်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပုသ်နေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ အနည်းဆုံး တစ်ပါတ်လျှင် ၆ ရက်၊ နံနက် ၉ နာရီမှညနေ ၆ နာရီအထိ ဖွင့်လှစ်သော ဥပစာများ၌သတ်မှတ်ထားသောကောင်တာတွင် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရမည်။
    ၂(၃) အေးဂျင့်သည် သက်ဆိုင်ရာ ဥပဒေများ အားလုံးကို လိုက်နာရမည်။
    ၃။ အေးဂျင့်၏ တာဝန်များ
    ၃(၁) ဤစည်းကမ်းချက်များနှင့် အညီဝန်ဆောင်မှုများကို ဆောင်ရွက်ရန်
    ၃(၂)ဆက်သွယ်ဆောင်ရွက်သူအသစ်များကို မှတ်ပုံတင်ရာတွင် လွယ်ကူအဆင်ပြေအောင်ဆောင်ရွက်ပေးရန်နှင့် ဆက်သွယ်ဆောင်ရွက်သူများ မည်သူမည်ဝါ ဖြစ်ကြောင်း ခွဲခြားသတ်မှတ်သောလုပ်ငန်းစဉ်အား ပြီးမြောက်အောင်ဆောင်ရွက်ရန် လိုအပ်သော စာရွက်စာတမ်းများကို ရယူရန်၊
    ၃(၃)ပျမ်းမျှ ငွေသားလက်ကျန် ပမာဏမြန်မာကျပ်ငွေ ၁၀၀,၀၀၀ (တစ်သိန်း) တိတိထားရှိရန်၊
    ၃(၄)ကြော်ငြာပစ္စည်းများကို မည်သည့် ထပ်ဆောင်းကုန်ကျစရိတ်မျှမပါရှိဘဲ ကိုယ်စားလှယ်မှ အကုန်အကျခံကာ သတ်မှတ်ထားသည့်နည်းဟန်ဖြင့် TrueMoney မှ ပေးအပ်ထားသည့်အတိုင်း ဖော်ပြရန် ။ ထိုကြော်ငြာပစ္စည်းများသည် TrueMoney ၏ ပိုင်ဆိုင်မှုပစ္စည်းအဖြစ်တည်ရှိမည်ဖြစ်ပြီး တောင်းဆိုလာသည့်အခါတွင် ပြန်လည်ပေးအပ်ရမည်။ အေးဂျင့် သည် TrueMoney၏ခွင့်ပြုချက်မရှိဘဲ အခြားကြော်ငြာပစ္စည်းများကို ခင်းကျင်းပြသခြင်းမပြုရ၊်
    ၃(၅)သတ်မှတ်ထားသော ပုံစံများဖြင့်လုပ်ငန်းဆောင်ရွက်ချက်များ အားလုံးကို မှတ်တမ်းတင်ရန်နှင့် TrueMoney သို့မဟုတ် ဘဏ်မှ တောင်းခံပါက မှတ်တမ်းများ၏ မိတ္တူအားပေးပို့ရန်၊ မှတ်တမ်းများကိုမနည်းဆုံး ၅ နှစ်အထိ ထိန်းသိမ်းထားရမည်။
    ၃(၆)အေးဂျင့်သည် ဆက်သွယ်ဆောင်ရွက်သူအတွက် ဝန်ဆောင်မှုပေးအပ်ရာတွင် TrueMoney နှင့် ဘဏ်တို့က အခါအားလျော်စွာ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် လုပ်ရိုးလုပ်စဉ် ဖြစ်သော စံနှုန်းကိုအမြင့်မားဆုံး ထားရှိလျက် လိုက်နာဆောင်ရွက်ရမည်၊
    ၃(၇)အေးဂျင့်နှင့် ဆက်သွယ်ဆောင်ရွက်သူအကြား အငြင်းပွားမှု ဖြစ်ပေါ်လျှင် TrueMoney အားချက်ချင်း အကြောင်းကြားရမည် ဖြစ်ပြီး TrueMoney သည် သင့်လျော်သော အရေးယူ ဆောင်ရွက်မှုအား ဆုံးဖြတ်မည်ဖြစ်ကာ အေးဂျင့်က ချက်ချင်း လိုက်နာဆောင်ရွက်ရမည်၊ TrueMoney သို့မဟုတ် ဘဏ်သည် ဆက်သွယ်ဆောင်ရွက်သူနှင့် အေးဂျင့်တို့ပြုလုပ်သော သဘောတူညီမှုအတွက် တာဝန်မရှိစေရဘဲ အေးဂျင့်သည် ဖြစ်ပေါ်လာမည့် ကိစ္စရပ်များမှ TrueMoney သို့မဟုတ် ဘဏ်အား ကင်းလွတ်ခွင့်ပြုရမည်။
    ၃(၈) TrueMoney ၏ Agents များသည် အောက်ပါ အတိုင်းအနည်းဆုံး ဈေးကွက်အမှတ်တံဆိ ပ် ကြော် ငြာများကို ထိန်းသိမ်းကြော်ငြာထားဖို့ လိုသည်
    ၃(၈)(၁)ဆိုင်းဘုတ်အဝိုင်းပြားတံဆိပ်ကြော်ငြာစာတမ်း
    ၃(၈)(၂)စတိုးဆိုင်အပြင်ဘက်ရှိအပျော့ဗီနိုင်းသား တံဆိပ်ကြော်ငြာစာတမ်း စတိုးဆိုင်အပြင်ဘက်ရှိအပျော့သားဆိုင်းဘုတ် ကြော်ငြာဆိုသည်မှာ ပီပီဘုတ်ပြား ပေါ် တွင်ကြော်ငြာစာတမ်း၊ အပျော့ဗီနိုင်းသား ပေါ်တွင်ကြော်ငြာစာတန်း ၊အလံပေါ် တွင် ကြော်ငြာစာတန်း ၊ ထီးပေါ် တွင်ကြော်ငြာ စာတန်းများ ကိုဆိုလိုသည်။
    ၃(၈)(၃)စတိုးဆိုင်းအတွင်းရှိပစ္စည်းများကြော်ငြာစာ တမ်းစတိုးဆိုင်အတွင်းရှိပစ္စည်းများကြော်ငြာ စာတမ်းဆိုသည်မှာ- တွဲလောင်းချထားသည် ကြော်ငြာစာတမ်း၊ ချိတ် ဆွဲပြသထားသည် ကြာ်ငြာစာတမ်း နှင့် စားလုံးတံဆိပ် စတစ်ကာ ကြော်ငြာ စာတမ်းများ ကိုဆို လို သည်။
    ၃(၈)(၄) ဈေးနှုန်းပိုစတာကြော်ငြာ
    ၄။ အေးဂျင့်၏ ဝန်ခံကတိပြုမှုများ
    ၄(၁) အေးဂျင့်သည် အောက်ပါတို့ကိုလိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည် –
    ၄(၁)(၁)ဥပဒေများအားလုံး၊ အထူးသဖြင့်အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊အလုပ်သမားဥပဒေများ၊အခွန်ဆိုင်ရာဥပဒေများနှင့် ကလေးသူငယ်များ အခွင့်အရေး ကာကွယ်ရေး ဥပဒေများနှင့် သက်ဆိုင်သော ဥပဒေများကို လိုက်နာဆောင်ရွက်ရန်၊
    ၄(၁)(၂)ဝန်ဆောင်ခ၊ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများစာရင်း၊ အေးဂျင့် အိုင်ဒီနှင့် TrueMoneyနှင့်ဆက်သွယ်ရန် သတင်းအချက်အလက်များစသဖြင့် TrueMoneyကလိုအပ်သော ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို
    ပြသရန်၊
    ၄(၁)(၃)ဝန်ဆောင်မှုများ ဆောင်ရွက်ရန်ကိုင်ဆောင်ထားသော ငွေသားများနှင့် ဆက်သွယ်ဆောင်ရွက်သူထံမှရရှိထားသော ငွေသားများကို တာဝန်ယူထိန်းသိမ်းရန်၊ အေးဂျင့်သည် ငွေသားများကိုလုံခြုံစွာ ထိန်းသိမ်းရမည်ဖြစ်ပြီး ငွေများပျောက်ဆုံးပါက၊ ခိုးယူခံရပါကသို့မဟုတ် တနည်းနည်းဖြင့် ပျောက်ဆုံးပါက တာဝန်ယူရမည်၊အေးဂျင့်သည် လက်ခံရရှိသော ငွေသားများကို TrueMoney ကဖော်ပြထားသော နည်းလမ်းအတိုင်း ဘဏ်သို့ ပေးသွင်းရမည်၊
    ၄(၁)(၄)PIN ကုဒ်နံပါတ်ကို အစဉ်အမြဲ လျို့ဝှက်ထိန်းသိမ်းရန်၊
    ၄(၁)(၅)လုပ်ငန်း ဆောင်ရွက်ချက်စာရင်းအသေးစိတ်အချက်အလက်များကို ပြင်ပ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းသို့ ထုတ်ဖော်ပြသခြင်း မပြုရ
    ၄(၁)(၆)ဤစာချုပ်သက်တမ်းအတွင်းနှင့် စာချုပ်ရပ်စဲပြီးနောက် ဆက်သွယ်ဆောင်ရွက်သူ၏ သတင်းအချက်အလက်များအား ပြင်ပ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းသို့ ထုတ်ဖော်ပြောကြားခြင်း မပြုရ၊
    ၄(၁)(၇)ဤစာချုပ်သက်တမ်းအတွင်းနှင့် စာချုပ်ရပ်စဲပြီးနောက် ထုတ်ဖော်ပြောကြားရန် ခွင့်ပြုစာရရှိထားသည့် ကိစ္စရပ်များမှ လွဲ၍ဘဏ် သို့မဟုတ် TrueMoney ထံမှလက်ခံရရှိသော သတင်းအချက်အလက်များအားလုံးကို လျို့ဝှက်ထိန်းသိမ်းရန်၊
    ၄(၁)(၈)ဥပစာများ ရွေ့ပြောင်းလိုလျှင် TrueMoney ၏ကြိုတင်ခွင့်ပြုချက်ကို ရယူရန်၊
    ၄(၂) အေးဂျင့်သည် အောက်ပါတို့ကိုဆောင်ရွက်ခြင်းမပြုကြောင်း ဝန်ခံကတိပြုပါသည် –
    ၄(၂)(၁) TrueMoney သို့မဟုတ် ဘဏ်၏ အခွင့်ရကိုယ်စားလှယ် ဖြစ်ကြောင်း အခိုင်အမာပြောကြားခြင်း၊
    ၄(၂)(၂)သက်ဆိုင်ရာဥပဒေအရ ခွင့်ပြုထားသော အတိုင်းအတာအထိ အခြား မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း သို့မဟုတ် အရောင်းမြှင့်တင်ခြင်း၊
    ၄(၂)(၃) ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အခြားပုဂ္ဂိုလ်များကို စေခိုင်းခြင်း သို့မဟုတ် ခွင့်ပြုခြင်း၊
    ၄(၂)(၄)လုပ်ငန်းဆောင်ရွက်ချက်အတွက် လက်ခံပြေစာ သို့မဟုတ်အသိအမှတ် ပြုစာချက်ချင်း မထွက်လာနိုင်သည့် အချိန်၌ လုပ်ငန်းဆောင်ရွက်ခြင်း သို့မဟုတ် လုပ်ငန်း ဆောင်ရွက်ချက်ကို အင်တာနက်ဖြင့် မချိတ်ဆက်ဘဲ လုပ်ကိုင်ခြင်း
    ၄(၃)အေးဂျင့်သည် ငွေသွင်းခြင်း ပြုလုပ်လိုပါက ငွေသားအား TrueMoney သို့မဟုတ် ဘဏ်၏ အခွင့်ရ ကိုယ်စားလှယ်သို့ တိုက်ရိုက်ပေးဆောင်ရမည် ဖြစ်သည်။
    ၄(၄)အေးဂျင့်သည် ငွေသားအား ပြန်လည် ထုတ်ယူလိုပါက TrueMoney သို့မဟုတ် ဘဏ်၏ အခွင့်ရ ကိုယ်စားလှယ်အား ချက်ချင်း ဝန်ဆောင်မှုအား ပြီးမြောက်အောင် မျက်မြင် ပြုလုပ်စေပြီး ငွေသားအား ပြန်လည် ထုတ်ယူရမည်ဖြစ်သည်။
    ၄(၄)(၁)ဆက်သွယ်ဆောင်ရွက်သူထံမှ ကောင်ခံရန်သတ်မှတ်ထားသော အခကြေးငွေများအပြင် ခွင့်ပြုထားခြင်းမရှိသော လျှော့ဈေးဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း အပါအဝင်အခြား အခကြေးငွေများ ကောင်ခံခြင်း၊
    ၄(၄)(၂)ခွင့်ပြုထားသောစာရင်းမှ တစ်ဆင့်ဆောင်ရွက်ခြင်းမှလွဲ၍ အခြားခွင့်ပြုထားခြင်း မရှိသော ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း၊
    ၄(၄)(၃) ဆက်သွယ်ဆောင်ရွက်သူထံ ကြိုတင်ငွေပေးခြင်း သို့မဟုတ် ငွေချေးခြင်း
    ၄(၄)(၄)မရိုးဖြောင့်သော၊ လိမ်လည်သော၊ ပေါ့ဆသော သို့မဟုတ် ပြစ်မှုကျူးလွန်သော အပြုအမူဖြင့် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့်
    ၄(၄)(၅)ပြစ်မှု ကျူးလွန်ခြင်းကို အားပေရန်သို့မဟုတ်ပြစ်မှုကျူးလွန်ခြင်း ရရှိလာသော ငွေများကို လွှဲပြောင်းရန် ရည်ရွယ်ချက်အတွက် ဝန်ဆောင်မှုများကို ဆောင်ရွက်ခြင်း
    ၅။ လုပ်ငန်းဆောင်ရွက်ချက်များ
    ၅(၁)လုပ်ငန်းဆောင်ရွက်ချက်များ ပြီးမြောက်ကြောင်း အတည်ပြုသည့် SMS ထွက်ရှိသည့်အခါ လုပ်ငန်းစဉ်ပြီးဆုံးသည်ဟု မှတ်ယူပါသည်။
    ၅(၂)အေးဂျင့်သည်လုပ်ငန်းမြန်မာ ကျပ်ငွေ၅၀၀,၀၀၀ ထက်ပိုသော လုပ်ငန်းဆောင်ရွက်ချက်ကို ဆောင်ရွက်ခြင်းမပြုရဘဲ အခါအားလျော်စွာ ပြုလုပ်သော ညွန်ကြားချက်နှင့်အညီ သို့မဟုတ် တစ်နေ့လျှင် လုပ်ငန်းဆောင်ရွက်ချက်၃ ကြိမ်အထိ ဆက်သွယ် ဆောင်ရွက်သူ တစ်ဦးလျှင် အများဆုံးဆောင်ရွက်ရန် ခွင့်ပြုထားပါသည်။
    ၅(၃) ဘဏ် သို့မဟုတ် TrueMoney သည် ၎င်း၏ဆန္ဒဖြင့် လုပ်ငန်းဆောင်ရွက်ချက် တစ်စုံတစ်ရာကို ဆောင်ရွက်ခြင်း မပြုဘဲငြင်းပယ်နိုင်သည်။ ဘဏ်နှင့် TrueMoney သည် လုပ်ငန်းဆောင်ရွက်ချက် တစ်ခုအား အပြီးသတ် မဆောင်ရွက်နိုင်သည်ဖြစ်စေ၊ ဝန်ဆောင်မှုများ မရရှိနိုင်သည်ဖြစ်စေ ဆုံးရှုံမှုအတွက် တာဝန်မရှိစေရ၊
    ၆။ အခကြေးငွေများနှင့် ကော်မရှင်ခများ
    ၆(၁) ဘဏ်သည် လက်ရှိအသုံးပြုနေသော အခကြေးငွေနှင့် ကော်မရှင်ခများ ဇယားနှင့်အညီ လုပ်ငန်းဆောင်ရွက်ချက် တစ်ခုစီအတွက် သက်ဆိုင်ရာအခကြေးငွေနှင့် ကော်မရှင်ခအား အေးဂျင့်ထံပေးချေပါမည်။
    ၆(၂) ဘဏ် သို့မဟုတ် TrueMoney သည် သက်ဆိုင်ရာ အခကြေးငွေများ ပေးချေရမည့် ကာလနှင့် ပေးချေရမည့် နည်းလမ်းတို့အား ဆုံးဖြတ်သတ်မှတ် နိုင်သည်၊ ပြောင်းလဲ ပြင်ဆင်နိုင်သည်။
    ၆(၃) ဘဏ် သို့မဟုတ် TrueMoney သည် ပေးချေရသည့် အခကြေးငွေများနှင့် ကော်မရှင်ခများအား အခါအားလျော်စွာ ပြင်ဆင် ပြောင်းလဲနိုင်သည်။
    ၆(၄) ဘဏ် သို့မဟုတ် TrueMoney သည် သက်ဆိုင်ရာ ဥပဒေအရ လိုအပ်ပါက ပေးချေမှုမှ အခွန်အခများကို ဖြတ်တောက်ရယူနိုင်သည်။
    ၆(၅) ဘဏ် သို့မဟုတ် TrueMoney သည် အေးဂျင့်ထံမှရရန်ရှိသော ပမာဏများ၊ အထူးသဖြင့်အပိုဒ် (၁၂)ပါကိစ္စရပ်များအတွက်အေးဂျင့်ထံသို့ ပေးရန်ရှိသောအခကြေးငွေများ သို့မဟုတ် ကော်မရှင်ခများနင့် ခုနှိမ်နိုင်ပြီး အေးဂျင့်၏ ဘဏ် စာရင်မှ ရယူပိုင်ခွင့်ရှိသည်။
    ၇။ စက်ကိရိယာများ
    ၇(၁) အေးဂျင့်သည် TrueMoney ကပေးအပ်ထားသော စက်ကိရိယာများအားလုံးကို ဂရုပြု ကိုင်တွယ်ရမည်၊ စက်ကိရိယာများ ပျက်စီးလျှင် ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန် ဆုံးဖြတ်ပါက ကျသင့်ငွေကို ပေးချေရန် တာဝန်ရှိပါသည်။ အေးဂျင့်သည် ကိရိယာပစ္စည်းများကို ဖြုတ်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ၊
    ၇(၂) စက်ကိရိယာများသည် TrueMoney ၏ ပိုင်ဆိုင်မှု ပစ္စည်းများ ဖြစ်ပြီး အေးဂျင့်နှင့် လုပ်ငန်းဆောင်ရွက်မှု ရပ်စဲသည့်အခါ သို့မဟုတ် TrueMoney က တနည်းနည်းဖြင့် တောင်းခံ သည့်အခါ ပြန်လည်ပေးအပ်ရမည်၊
    ၇(၃) အေးဂျင့်သည် စက်ကိရိယာများအား ထိန်းသိမ်းရမည် ဖြစ်ပြီး အခြားပုဂ္ဂိုလ်များထံ ပေးအပ်ခြင်း မပြုရ၊
    ၈။ ရပ်စဲခြင်း
    ၈(၁) ဘဏ် သို့မဟုတ် TrueMoney သည် ၎င်း၏ဆန္ဒတစ်ခုတည်းဖြင့်အကြောင်းကြား စာပေးပို့၍ဤစာချုပ်အားရပ်စဲနိုင်သည်၊ထို့အပြင်အေးဂျင့်သည်မသမာမှုပြုလုပ်ခြင်း၊ မရိုးဖြောင့်ခြင်း၊ ပျက်ကွြက်ခင်း သို့မဟုတ် ဤစာချုပ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း ရှိခဲ့လျှင် သို့မဟုတ် ဘဏ် သို့မဟုတ် TrueMoney က သင့်လျော်သည်ဟု ထင်မြင်လျှင် ဤစာချုပ်အား ချက်ချင်း ရပ်စဲနိုင်ပါသည်။
    ၈(၂)အေးဂျင့်သည် အေးဂျင့်အဖြစ်ဆောင်ရွက်နေခြင်းမှ ရပ်စဲလိုလျှင် TrueMoneyထံ ရက်ပေါင်း ၃၀ ကြိုတင် အကြောင်းကြားနိုင်သည်။
    ၈(၃) စာချုပ်ရပ်စဲပါက အေးဂျင့်သည် ဆက်သွယ်ဆောင်ရွက်သူများ၊ ဘဏ်နှင့် TrueMoney တို့ဖြင့်လက်ကျန်ငွေများ အားလုံးကို စာရင်ရှင်းလင်းရန် တာဝန်ရှိပြီး ၎င်းတာဝန်သည် စာချုပ်ကို ရပ်စဲသည်။
    ၉။ အေးဂျင့်သည် ဘဏ် သို့မဟုတ် TrueMoney ၏ အမှားအယွင်းကြောင့် မဟုတ်ဘဲ ပေါ့ဆမှု၊ ပျက်ကွက်မှု သို့မဟုတ်မရိုးဖြောင့်မှုကြောင့်ဆုံးရှုံးမှုရှိလျှင် အေးဂျင့်၏တာဝန်သာဖြစ်စေရမည်။
    ၁၀။ ဤစည်းကမ်းချက်များတွင် စာချုပ်ပါ အဖွဲ့ဝင်များ၏ သဘောတူညီမှုတစ်ရပ်လုံး ပါရှိသည်။
    ၁၁။ TrueMoney သို့မဟုတ် ဘဏ်သည် ဤ စည်းကမ်းချက်များတွင် ပါရှိသော၎င်းတို့၏ အခွင့်အရေးတစ်စုံတစ်ရာကို ကျင့်သုံးဆောင်ရွက်ရန် မည်သည့်အချိန် ၌မဆို ပျက်ကွက်ခဲ့ပါက အဆိုပါ အခွင့်အရေးကို စွန့်လွှတ်လိုက်သည်ဟု ယူဆခြင်း မပြုရဘဲ နောင်တစ်ချိန်၌ ကျင့်သုံးဆောင်ရွက်နိုင်ခွင့်ကို တနည်းနည်း ဖြင့် ပျက်ပြားစေခြင်း မရှိရ၊
    ၁၂။ အေးဂျင့်၏ ပေါ့ဆမှု၊ ပျက်ကွက်မှု သို့မဟုတ် မရိုးသားမှုကြောင့် ဘဏ်နှင့် TrueMoney တို့တွင် ဆုံးရုံးနစ်နာမှု ခံစားရပါက ကင်းလွတ်ခွင့်ပြုပြီး အေးဂျင့်သည် အပြည့်အ၀ ပြန်လည်ပေးလျော်ရန် သ ဘောတူညီပါ သည်၊
    ၁၃။ ဤစာချုပ်အားအခြားဘာသာတစ်မျိုးမျိုးသို့ပြန်ဆိုပါကအင်္ဂလိပ်ဘာသာဖြင့် ရေးသာထားသော စာချုပ်နှင့် ဘာသာပြန်ဆိုထားသောစာချုပ်အကြား ကွဲလွဲမှုဖြစ်ပွားလျှင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာချုပ်ကိုသာ အတည်ယူရမည်၊
    ၁၄။ ဘဏ် သို့မဟုတ် TrueMoney သည် အေးဂျင့်ထံသို့ ရက်ပေါင်း ၃၀ ကြိုတင်အကြောင်းကြားစာ ပေးပို့၍ ဤစည်းကမ်းချက်များကို ပြောင်းလဲနိုင်သည်။

    *** အထက်ပါစည်းကမ်းချက်များကို သဘာပေါက်နားလည်ပါသည်။
Please fill out the above form to use Agent App.
get truemoney agent app

Please download the latest version

to get the better service of

TRUEMONEY AGENT.