ထိုင်းနိုင်ငံမှ TrueMoney နဲ့ လွှဲလာတဲ့ငွေကို City Mart၊ marketplace နှင့် Ocean Center တို့မှာ ထုတ်ယူပြီး City Gift Card ရယူလိုက်ပါ!
ထိုင်းနိုင်ငံမှ TrueMoney နဲ့ လွှဲလာတဲ့ငွေကို City Mart၊ marketplace နှင့် Ocean Center တို့မှာ ထုတ်ယူပြီး City Gift Card ရယူလိုက်ပါ!
သြဂုတ်လ (၁) ရက်နေ့မှ (၃၁) ရက်နေ့ အတွင်း City Mart၊ marketplace နှင့် Ocean Center တို့တွင် ထိုင်းနိုင်ငံမှ TrueMoney ဖြင့် လွှဲပို့လာသော ငွေကျပ် (၁၀) သိန်းနှင့်အထက် ကို ထုတ်ယူသူများအနေဖြင့် ၁၀,၀၀၀ ကျပ်တန် City Gift Card ကို ရရှိနိုင်မှာဖြစ်ပါတယ်။
Gift Card ရယူရန် အဆင့်များ
✅ ငွေကျပ် (၁၀) သိန်းနှင့်အထက် ငွေထုတ်ယူပြီးပါက Gift Card ရရှိကြောင်း SMS (စာတို) ကို သင့်ဖုန်းသို့ ပေးပို့ပေးပါမည်။
✅ ရရှိလာသော SMS (စာတို) ကို ငွေထုတ်ယူခဲ့သော Service Counter တွင် ပြသပြီး City Gift Card ကို ထုတ်ယူနိုင်ပါသည်။
ထိုင်းမှ လွှဲလာတဲ့ငွေကို လွယ်ကူမြန်ဆန်စွာ ထုတ်ယူရင်း City Gift Card ကိုပါ ရယူနိုင်မယ့် အခွင့်အရေးဖြစ်လို့ လက်မလွတ်လိုက်နဲ့နော်
📍 နီးစပ်ရာ City Mart၊ marketplace နှင့် Ocean Center တို့တွင် အခုပဲ TrueMoney ငွေထုတ်ဝန်ဆောင်မှုကို ရယူလိုက်ပါ။
စည်းကမ်းသတ်မှတ်ချက်များ
၁။ ဤ Gift Card Campaign သည် ထိုင်းနိုင်ငံမှ လွှဲပို့လာသော ငွေလွှဲများကို မြန်မာနိုင်ငံတစ်ဝန်းရှိ City Mart၊ Ocean Center နှင့် marketplace စျေးဝယ်စင်တာများ၌ မြန်မာကျပ်ငွေ (MMK) ဖြင့် ငွေသား ထုတ်ယူသည့် ဝန်ဆောင်မှုအတွက်သာ အကျုံးဝင်ပါသည်။
၂။ ဤ Campaign အရ ပေးအပ်မည့် Gift Card တန်ဖိုးမှာ MMK 10,000 (တစ်သောင်းကျပ်တိတိ) ဖြစ်ပြီး City Mart၊ Ocean Center နှင့် marketplace စျေးဝယ်စင်တာများတွင်သာ အသုံးပြုနိုင်ပါသည်။
၃။ ယခုအစီအစဉ်တွင် ထိုင်းနိုင်ငံမှ လွှဲပို့လာသော ငွေလွှဲအား MMK 1,000,000 (ကျပ် ၁၀ သိန်း) နှင့် အထက် ငွေထုတ်ယူမှုတစ်ကြိမ်လျှင် MMK 10,000 (ကျပ် ၁ သောင်း) တန် Gift Card တစ်စောင် ရရှိမည် ဖြစ်သည်။
၄။ Gift Card အကျိုးခံစားခွင့်ကို မြန်မာကျပ်ငွေ (MMK) ဖြင့် ငွေသားထုတ်ယူခြင်းလုပ်ငန်းစဉ်ကို အောင်မြင်စွာပြီးစီးသည့် ငွေလွှဲလက်ခံသူ (Remittance Recipient) သာလျှင် ရရှိမည် ဖြစ်ပါသည်။ TrueMoney Myanmar ၏ ကိုယ်စားလှယ်များ (Agents) နှင့် ဝန်ထမ်းများသည် ဤကမ် ပိန်းတွင် ပါဝင်ခွင့်မရှိပါ။
၅။ Gift Card များကို ကမ်ပိန်းအတွက် သတ်မှတ်ထားသော အရေအတွက်အထိသာ ပေးအပ်မည် ဖြစ်ပါသည်။ သတ်မှတ်အရေအတွက် ကုန်ဆုံးသွားပါက Gift Card အကျိုးခံစားခွင့်များကို ထပ်မံ ပေးအပ်မည် မဟုတ်ပါ။
၆။ Gift Card ကို မြန်မာနိုင်ငံတစ်ဝန်းရှိ City Mart၊ Ocean Center နှင့် marketplace စျေးဝယ်စင်တာများ ၏ Service Counter များတွင်သာ ထုတ်ယူနိုင်မည် ဖြစ်ပါသည်။
၇။ ထိုင်းနိုင်ငံမှ လွှဲပို့လာသော ငွေလွှဲကို မြန်မာကျပ်ငွေ (MMK) ဖြင့် အောင်မြင်စွာ ငွေသားထုတ်ယူ ပြီးနောက် ငွေလွှဲလက်ခံသူ (Remittance Recipient) သည် Gift Card ရရှိကြောင်း အသိပေး SMS ကို လက်ခံရရှိမည်ဖြစ်ပါသည်။
၈။ Customer များသည် Gift Card ရရှိကြောင်း SMS ကို ပြသ၍ City Mart၊ Ocean Center နှင့် marketplace စျေးဝယ်စင်တာများ၏ Service Counter တွင် Gift Card ကို ထုတ်ယူနိုင်ပါသည်။ Gift Card ကို ငွေသားထုတ်ယူခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပြီး SMS ရရှိပြီးနောက် Gift Card ကိုလက်ခံရရှိပြီးနောက် ချက်ချင်း ထုတ်ယူရမည် ဖြစ်ပါသည်။
၉။ ကာစတန်မာများ၊ ပါတနာများ သို့မဟုတ် အေးဂျင့်များမှ လိမ်လည်မှု သို့မဟုတ် မှားယွင်းသော လုပ်ဆောင်မှုများ ပြုလုပ်ကြောင်း တွေ့ရှိပါက TrueMoney Myanmar သည် ပေးအပ်ထားသော အကျိုးခံစားခွင့်များကို မည်သည့်အချိန်တွင်မဆို ရုပ်သိမ်းပိုင်ခွင့် ရှိပါသည်။
၁၀။ TrueMoney Myanmar သည် ဤအစီအစဉ်နှင့် သက်ဆိုင်သော စည်းကမ်းသတ်မှတ်ချက်များကို မည်သည့်အချိန်တွင်မဆို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား ရပ်ဆိုင်းခြင်း ပြုလုပ်ပိုင်ခွင့် ရှိပါသည်။
၁၁။ အငြင်းပွားဖွယ်အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ် ချက်သည်သာလျှင် နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်


