TrueMoney ထိုင်းမှမြန်မာ လွှဲငွေ KBZ Bank မှာ ထုတ်ယူပါ။
ထိုင်းရောက်မြန်မာတို့ရေ🤩…
ထိုင်းနိုင်ငံအတွင်း TrueMoney Wallet 🇹🇭 ဖြင့် မြန်မာပြည်ကို ငွေလွှဲပြီး မြန်မာပြည်အတွင်း ငွေလွှဲထုတ်ယူတဲ့အခါ ထရူးအေးဂျင့်ဆိုင်များမှတစ်ဆင့် ငွေထုတ်နိုင်သလို ယခုအခါ KBZ ဘဏ်ခွဲများတွင်လည်း 🇲🇲 ငွေလွှဲ ထုတ်ယူနိုင်ပါပြီ။
ထိုင်းမှမြန်မာ ငွေလွှဲလည်း “အခမဲ့” ဖြစ်သလို မြန်မာပြည်တွင်း ငွေထုတ်တဲ့အခါမှာလည်း “အခမဲ့” ဖြစ်လို့ ထိုင်းမှမြန်မာငွေလွှဲတိုင်း TrueMoney နဲ့ ငွေလွှဲပါ။ 💰😉
Q: မြန်မာပြည်မှာ KBZ Bank တွင် ငွေထုတ်တဲ့အခါ ငွေထုတ်ခ ပေးရန်လိုပါသလား။
A: TrueMoney ထိုင်းမှ မြန်မာ ငွေလွှဲများအား KBZ Bank မှ တဆင့် ထုတ်ယူသည့်အခါ မည်သည့် အခကြေးငွေမျှ ပေးရန်မလိုပါ။ “အခမဲ့” ဖြစ်ပါသည်။
Q: TrueMoney Wallet နဲ့ ထိုင်းမှမြန်မာ ငွေလွှဲရာတွင် ငွေလွှဲခ ပေးစရာလိုပါသလား။
A: ထိုင်းမှမြန်မာ TrueMoney Wallet အက်ပလီကေးရှင်းနဲ့ ထိုင်းမှမြန်မာ ငွေလွှဲရာတွင် ငွေလွှဲခ ပေးရန် မလိုအပ်ပါ။
“အခမဲ့” ဖြစ်ပါသည်။
Q: ထိုင်းမှ TrueMoney လွှဲငွေများကို မည်သည့်နေရာများတွင် ထုတ်ယူနိုင်သနည်း။
A: ထိုင်းမှ TrueMoney လွှဲငွေများကို TrueMoney ကိုယ်စားလှယ်ဆိုင်များ၊ MAB Bank, GTB Bank, KBZ Bank နှင့် AYA Pay များမှ အခကြေးငွေပေးရန်မလိုပဲထုတ်ယူနိုင်ပါသည်။
Q: TrueMoney Wallet ထိုင်းမှမြန်မာ ငွေလွှဲများအား KBZ Bank တွင် ထုတ်ယူသည့်အခါ ပမာဏ ကန့်သတ်ချက်ရှိပါသလား။
A: TrueMoney Wallet ထိုင်းမှမြန်မာ ငွေလွှဲများအား KBZ Bank တွင် ထုတ်ယူသည့်အခါ ငွေပမာဏ ကန့်သတ်ချက်များသည် KBZ Bank ၏ သတ်မှတ်ချက်များအတိုင်းသာ ဖြစ်ပါသည်။
- ထိုင်းနိုင်ငံအတွင်း TrueMoney ငွေလွှဲ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အကူအညီရယူရန် ဝန်ဆောင်မှုဌာန “1240” (လိုင်းခွဲနံပါတ် – ၄) ကို တိုက်ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသားများကိုယ်တိုင် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
- မြန်မာနိုင်ငံတွင် KBZ Bank ငွေထုတ် ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အကူအညီရယူရန် ဝန်ဆောင်မှုဌာန +95 9 951018555 သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



