ရာခိုင်နှုန်းအပို ပေးစရာမလိုဘဲ ‘ငွေသားရရန် အာမခံ’အစီအစဉ်တွင် ငွေသားထုတ်ယူနိုင်မည့် နည်းလမ်းများ

Articles
24 August, 2021

သတ်မှတ်ထားတဲ့’TrueMoney ကိုယ်စားလှယ်ရုံးခွဲ’ဆိုတာ ငွေလွှဲငွေထုတ်ရာတွင်

– ငွေသားရရန် အာမခံပေးနိုင်ပြီး

– ရာခိုင်နှုန်းအပို ပေးစရာမလိုဘဲ

– အကန့်အသတ်မရှိ ငွေလွှဲငွေထုတ်နိုင်တဲ့

မြန်မာပြည်အနှံ့ မြို့နယ်ပေါင်းများစွာက TrueMoney ကိုယ်စားလှယ်ရုံးခွဲများကို ဆိုလိုခြင်းဖြစ်ပါတယ်။

 

TrueMoney ကိုယ်စားလှယ်ရုံးခွဲတွေမှာ ပထမအကြိမ် ငွေလွှဲငွေထုတ်မယ်ဆိုရင်တော့ အောက်ဖော်ပြပါ အချက်အလက်တွေ ယူဆောင်လာပေးဖို့ လိုအပ်ပါတယ်။ မှတ်ပုံတင်စာရင်းသွင်း ရမှာမို့ပါ။ ဝန်ဆောင်မှုရယူနေကျ လူကြီးမင်းတွေအနေနဲ့တော့ ဖုန်းနံပါတ်သာ ပြောရန်လိုအပ်မှာပါ။ ပထမအကြိမ် ငွေလွှဲငွေထုတ်မယ်ဆိုရင် လိုအပ်တဲ့အချက်အလက်တွေကတော့

– လွှဲသူ အမည်

– လွှဲသူ မှတ်ပုံတင်မူရင်း

– လွှဲသူ လိပ်စာ

– လွှဲသူ ဖုန်းနံပါတ်

– လက်ခံမည့်သူ ဖုန်းနံပါတ်

‘ငွေသားရရန် အာမခံ’ အစီအစဉ်ဟာ

– မိသားစု စားဝတ်နေရေးအတွက် လစဉ်ပေးပို့နေကြရသူတွေ

– ငွေပေးငွေချေလုပ်ရမယ့် အလတ်စားလုပ်ငန်းရှင်တွေ

– ပြည်တွင်း ငွေလွှဲငွေထုတ်ပြုကြမယ့်သူတွေသာမက

– ပြည်ပမှလွှဲငွေတွေကို ငွေသားထုတ်ယူမယ့်သူတွေအတွက်ပါ အသင့်တော်ဆုံးငွေကြေးဝန်ဆောင်မှုဖြစ်ပါတယ်။

 

(ပိုမိုသေချာစွာ ငွေထုတ်ယူနိုင်တဲ့ သတ်မှတ်ထားတဲ့ TrueMoney ကိုယ်စားလှယ်ရုံးခွဲတွေကို သိရှိနိုင်ဖို့အတွက်တော့ ဖုန်း – 09 969 51 9999 ကို ဦးစွာဆက်သွယ်မေးမြန်းစေချင်ပါတယ်)

 

မြန်မာနိုင်ငံအနှံ့ မြို့နယ်ပေါင်းများစွာမှာ ‘ငွေသားရရန် အာမခံ’ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို ရယူနိုင်နေပါပြီ။ ထပ်မံတိုးချဲ့သွားမယ့် ဆိုင်လိပ်စာတွေကိုလည်း TrueMoney Myanmar Website မှာ တရားဝင်ကြေညာပေးသွားမှာပါ။

သတ်မှတ်ထားတဲ့ TrueMoney ရဲ့ကိုယ်စားလှယ်ရုံးခွဲတွေကို တိုက်ရိုက်ဆက်သွယ်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ မြို့နယ်အလိုက် ဆိုင်လိပ်စာ ဖုန်းနံပါတ်တွေဖော်ပြပေးထားတာဖြစ်လို့ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။

TryeMoney ကိုယ်စားလှယ်ရုံးခွဲများ

TrueMoney ရဲ့ ‘ငွေသားရရန် အာမခံ’ဝန်ဆောင်မှုနဲ့အတူ ငွေလွှဲငွေထုတ်သူအားလုံး အဆင်ပြေချောမွေ့ကြပါစေ…။

Other Articles

Articles
Articles
News