‘ထိုင်း’မှာ… ငွေရှာ /ငွေပို့ရတဲ့ဒုက္ခ

Articles
2 August, 2023

ထိုင်းမှာ ငွေရှာရတာတင်ခက်တာမဟုတ်၊ ငွေပို့ရတာလည်း မလွယ်ပါဘူး။

‘ငွေသား’ကိုင်လာပြီး ငွေလွှဲမယ့်နေရာကိုသွားရင်လည်း 

– ခါးပိုက်နှိုက်ရန် ကြောက်ရတာတစ်မျိုး၊ 

– နိုင်ငံခြားသားဆို အကြောင်းမရှိအကြောင်းရှာပြီး ငွေရှာစားချင်တဲ့ သူ့နိုင်ငံသားတွေရန်ကတစ်သွယ်၊

– မြန်မာနိုင်ငံသားအချင်းချင်းကိုမှ အနိုင်ကျင့်ပြီးငွေလုတတ်သူတွေရန်ကတစ်ဖုံနဲ့ မမြင်ရတဲ့အန္တရာယ်တွေ များလှပါတယ်။

 

ငွေပို့လိုက်ပြီဆိုရင်လည်း ကိုယ်ပို့ချင်တဲ့သူစီကို အချိန်မီရောက်/ မရောက်က စိတ်ပူရပါသေးတယ်။ မြန်မာနိုင်ငံကငွေထုတ်မယ့်သူ အဆင်ပြေဖို့ကလည်း  သွားထုတ်ရမယ့်နေရာက ဝေးနေတာလား၊ လမ်းခရီးမှာ အန္တရာယ်များနိုင်မလား စတာတွေကို ချင့်ချိန်ရပါတယ်။ မြန်မာပြည်ကမိသားစုတွေ အရေးတကြီးငွေလိုနေပေမယ့်လည်း ကိုယ်က အလုပ်နားရက်မှ ငွေသွားပို့လို့ရတာမျိုးတွေ၊ အလုပ်များနေလို့ အိုဗာတိုင်ဆင်းပေးနေရတာတွေနဲ့လည်း ကြုံတွေ့ရတတ်ပါတယ်။

 

ဒီလိုဒုက္ခတွေကို နားလည်ခံစားပေးတဲ့ ထရူးမန်းနီးအနေနဲ့ အနည်းဆုံးတော့ငွေကြေးနဲ့ပတ်သက်လာရင် ထိုင်းရောက်မြန်မာတွေကို စိတ်အေးလက်အေးရှိစေချင်ပါတယ်။

သူများနိုင်ငံမှာ ပင်ပန်းကြီးစွာရှာဖွေထားတဲ့ငွေကြေးကို မြန်မာပြည်ကကိုယ်လွှဲချင်တဲ့သူစီ အမှားအယွင်းမရှိအောင် အချိန်မီရောက်နိုင်ဖို့ကို ထရူးမန်းနီးက ကြိုးစားစီစဉ်ပေးထားပါတယ်။

 

ထရူးမန်းနီးနဲ့ မြန်မာပြည်ကို ငွေလွှဲမယ်ဆို နည်းလမ်း(၂)မျိုးရှိပါတယ်။

 

 

(၁) TrueMoney Wallet ကို အသုံးပြုငွေလွှဲခြင်း၊

 

ကိုယ့်ဖုန်းထဲကနေပဲ ထိုင်ရာမထ မြန်မာပြည်ကိုငွေလွှဲဖို့ TrueMoney Wallet အက်ပလီကေးရှင်းကို ဒီလင့်ခ်တွေကနေ ဒေါင်းလုတ်ဆွဲပါ။

Android – https://bit.ly/TM-Wallet-Android 

iOS – https://apple.co/37PBtIw

ပြီးရင်တော့ ထိုင်းနိုင်ငံမှာရှိတဲ့ ဖုန်းနံပါတ်နှင့် အချက်အလက် အနည်းငယ်ဖြည့်သွင်းပြီးအကောင့်ဖွင့်လိုက်ပါ။ အချက်အလက်ပြည့်စုံတာနဲ့  (၅)မိနစ်လောက် အချိန်အတွင်းမှာပဲ  ခတ္တခဏစောင့်ပြီး မြန်မာနိုင်ငံကို အခုလွှဲအခုရောက်စနစ်နဲ့ အချိန်မရွေး ငွေပို့နိုင်ပါပြီ။

 

(*အကောင့်အသစ်ဖွင့်ဖို့ ပတ်စ်ပို့ နှင့် ထိုင်းနိုင်ငံမှာနေထိုင်ခွင့်ဗီဇာ/ အလုပ်သမားကဒ်သာ လိုအပ်ပါတယ်)

 

 

(၂) TrueMoney Transfer ဆိုင်မှ ငွေလွှဲခြင်း၊

 

ဒါကတော့ ထိုင်းနိုင်ငံအနှံ့မှာရှိတဲ့ TrueMoney Transfer ဆိုင်တွေကတစ်ဆင့် မြန်မာနိုင်ငံကို ငွေလွှဲပို့တာပါ။ မြန်မာနိုင်ငံကိုတိုက်ရိုက် ငွေလွှဲလို့ရတဲ့ ဆိုင်လိပ်စာတွေကိုတော့ ဒီလင့်မှာကြည့်ပါ။

TrueMoney Transfer Shop Link – https://truemoneytransfer.truemoney.com/my/location/

 

အခုဆိုရင်ထရူးမန်းနီးနဲ့ ထိုင်းမှမြန်မာကို အကောင့်တစ်ခုလျှင် ကျပ်သိန်း(၁၀၀)ပမာဏထိ ငွေလွှဲပို့လို့ရနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာငွေထုတ်ဖို့ကလည်း အမြို့မြို့အနယ်နယ်က ထရူးမန်းနီးဆိုင်တွေနဲ့  MAB ဘဏ်ခွဲတွေမှာ အလွယ်တကူ ကိုယ်တိုင်ထုတ်ယူလို့ရတဲ့အပြင် ငွေလက်ခံမယ့်သူရဲ့ဘဏ်အကောင့်ထဲကို ငွေထည့်ပေးလို့လည်းရပါတယ်။ ဒါ့အပြင် တချို့မြို့နယ်တွေမှာ ထိုင်းကလွှဲငွေတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

 

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး ရည်မှန်းချက်ကို မြန်မြန်အကောင်အထည်ဖော်ကာ လုပ်ငန်းအားလုံးအဆင်ပြေအောင်မြင်ပြီး ကိုယ်ချစ်ရသူတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ကြပါစေ။

Other Articles

Articles
Articles
Articles