‘ထရူးမန်းနီး’အကြောင်း သိကောင်းစရာ

Articles
27 February, 2023

(၂၁)ရာစုရဲ့ မြန်မာပြည်ဟာ ကျေးလက် နဲ့ မြို့ပြ မဖြစ်မနေကူးလူးဆက်ဆံရမယ့် အကြောင်းအရင်းတွေများပြားလာနေပါပြီ။

ဒေသထွက်ပစ္စည်းတွေကို မြို့ပေါ်တက် ရောင်းဝယ်ကြတာက အစ ဆိုင်ကယ်၊ ဖုန်း တို့လို့ ခေတ်ပေါ်ပစ္စည်းတွေ ကျေးလက်ကိုရောက်လာကြတာ အလယ် မြို့ပေါ်မှာ အလုပ်သွားလုပ်ကြတာ အဆုံးကျေးလက်နဲ့ မြို့ပြဟာ အမြဲဆက်သွယ်နေကြရပါပြီ။

 

မြို့ပေါ်မှာ အလုပ်သွားလုပ်သူက ကျေးလက်က မိဘဆွေမျိုးတွေစီ လစဉ်ငွေပို့တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ကုန်ပစ္စည်းဖိုးတွေ ငွေချေတာမှာပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ဖုန်းဘေလ်ဖြည့်တာ၊ ဖုန်းဒေတာဝယ်တာ၊ အသေးစားချေးငွေလုပ်ငန်းတွေစီ လစဉ်ပေးချေစရာရှိတာတွေအတွက် ‘ငွေကြေး’စီးဆင်းဖို့ရာ လမ်းကြောင်းတွေ မဖြစ်မနေလိုအပ်လာခဲ့ပါပြီ။

 

လူကြုံ နဲ့ ငွေပို့တဲ့ခေတ်၊ စာတိုက်ကနေ ငွေပို့တဲ့ခေတ်တွေကနေ တိုးတက်ပြောင်းလဲလာပြီး ဘဏ်တွေကနေငွေပို့တဲ့‌ခေတ်ကို ရောက်လာနေပါပြီ။ ဒါပေမယ့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံတဲ့ကျေးလက်ဒေသတွေကတော့ ယနေ့ထိတိုင် ဘဏ်ဝန်ဆောင်မှုကို မရယူနိုင်သေးပါဘူး။ ဒီလိုကွက်လပ်တွေကို ‘ထရူးမန်းနီး’ငွေလွှဲငွေထုတ်လို နည်းပညာသုံး ငွေကြေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းက ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။

 

(၂၀၁၄) ခုနှစ်မှ စတင်ဝန်ဆောင်မှုပေးခဲ့တဲ့ ထရူးမန်းနီးရဲ့ ရည်ရွက်ချက်ကိုက ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက်အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

 

ထရူးမန်းနီး ဟာ ထိုင်းနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခုဖြစ်ပြီး ယခုလက်ရှိမှာ မြန်မာနိုင်ငံအပါအဝင် အခြားအရှေ့တောင်အာရှ (၆) နိုင်ငံမှာလည်း အသေးစားလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်းများစွာဖြင့် AgentNetwork တည်ထောင်ပြီး  အဆင့်မြင့်နည်းပညာများ အသုံးပြုကာ ကျေးလက်နဲ့ မြို့ပြကြားက ငွေကြေးဆိုင်ရာဝန်ဆောင်မှုလိုအပ်ချက်တွေကို ပေါင်းကူးတံတားလို ဆောင်ရွက်ပေးနေပါတယ်။ ဒါအပြင် မြန်မာပြည်ရှိ မိသားစုများအတွက် အနစ်နာခံကာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော ရွေ့ ပြောင်းအလုပ်သမားများစွာထံမှ လွှဲငွေတွေကိုလည်း အမြို့မြို့အနယ်နယ်မှာ အခုလွှဲ၊ အခုရောက်၊ အခုထုတ် စနစ်နဲ့ ထုတ်ယူလို့ရအောင်လည်း စီစဉ်ပေးနိုင်ခဲ့ပါတယ်။

 

ခက်ခက်ခဲခဲ ရှာဖွေရတဲ့ငွေကြေးကို မိသားစုတွေစီ အမှားအယွင်းမရှိပဲ လုံခြုံစွာရောက်ရှိသွားစေဖို့က ထရူးမန်းနီးရဲ့ အဓိကကျေပွန်ရမယ့်တာဝန်(၁)ခုအဖြစ် သတ်မှတ်ထားပြီး တစ်ချိန်တည်းမှာလည်း ထရူးမန်းနီး နဲ့ ငွေလွှဲသူ၊ ငွေထုတ်သူ၊ အေးဂျင့်  သုံးဦးသုံးဖလှယ် အဆင်ပြေချောမွှေ့စေဖို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးရှိ ထရူးမန်းနီးအေးဂျင့်ဆိုင်တွေမှာ ပြည်တွင်းငွေလွှဲငွေထုတ်၊ ပြည်ပငွေထုတ်ဝန်ဆောင်မှုတွေအပြင် ဘေလ်ပေးဆောင်၊ ဖုန်းဘေလ်ဖြည့်၊ ဖုန်းဒေတာဝယ် စတဲ့ အခြားဝန်ဆောင်မှုတွေကိုပါ အလွယ်တကူ ရယူလို့ရနေပါပြီ။

 

အကြောင်းအမျိုးမျိုးကြောင့် ဘဏ်ရဲ့ဝန်ဆောင်မှုကို မရယူနိုင်တဲ့ ကျေးလက်နေပြည်သူတွေရဲ့ ငွေကြေးစီးဆင်းမှုကို ဆောင်ရွက်ပေးနိုင်ရုံသာမက အခုဆိုရင် မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်နိုင်ဖို့အတွက်ပါ အခြားမိတ်ဖက်ပါတနာများနဲ့ ပူးပေါင်းကာ တိုးချဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ဒီကနေ့မှာ ထရူးမန်းနီးအေးဂျင့်ဆိုင်တွေမှာသာမက မိတ်ဖက်ပါတနာဖြစ်တဲ့ MAB ဘဏ်ခွဲအချို့မှာလည်း ထရူးမန်းနီးငွေလွှဲငွေထုတ်ဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်သလို uabpay နဲ့ Onepay တို့လို့ မိုဘိုင်းပိုက်ဆံအိတ်တွေနဲ့လည်း ထရူးမန်းနီးဆိုင်တွေမှာ ငွေသား အထုတ်အသွင်း အလွယ်တကူ ပြုလုပ်နိုင်နေပါပြီ။

 

ဆက်လက်ပြီးလည်း ငွေကြေးလုံခြုံရေးကိုဦးစားပေးတဲ့ နည်းပညာတွေကို ထရူးမန်းနီးမိတ်ဆွေများထံ အရောက်ယူဆောင်လာအုံးမှာ ဖြစ်လို့

– မြန်ဆန်၊ တိကျ၊ လုံခြုံ၊ စိတ်ချ ရတဲ့ ဝန်ဆောင်မှုတွေကို

– အလွယ်တကူ အသုံးပြုဖို့သာ ပြင်ဆင်ထားလိုက်ပါ။

Other Articles

Articles
Articles
Articles