ငွေလွှဲငွေထုတ်ဖို့ ရာခိုင်နှုန်းအပိုပေးစရာမလိုတဲ့ ‘ဆိုင်’များရှာရန်

Articles
25 April, 2022

ခက်ခဲနေချိန်တွေမှာ အပိုတွေမကုန်စေဘဲ ငွေလွှဲငွေထုတ်သူတွေ အဆင်ပြေချောမွေ့နိုင်ရေးကို ရည်ရွယ်ပြီးဝန်ဆောင်မှုပေးနေတဲ့  TrueMoney ဆိုင်တွေ ကိုယ့်အနီးအနားမှာ အများကြီး ရှိနေပါတယ်။ ငွေလွဲငွေထုတ်ဖို့အတွက် ရာခိုင်နှုန်းအပိုပေးစရာမလိုပဲ ငွေသားလည်းကျိန်းသေရစေမယ့် TrueMoney ငွေလွှဲငွေထုတ်ဆိုင်တွေကို ဒီနေရာတွေကနေ အလွယ်တကူရှာဖွေလိုက်ပါ။

 

၁) TrueMoney Myanmar ဖေ့စဘုတ်ပေ့ချ် မက်ဆေ့ချ်ဂျာ

ဖေ့စဘုတ်အသုံးပြုသူတွေအနေနဲ့ကတော့ TrueMoney Myanmar ပေ့ချ်ရဲ့ မက်ဆေ့ချ်ဂျာ (ချက်ဘောက်) ကနေ အလွယ်တကူ လာရောက်မေးမြန်းလို့ရပါတယ်။ TrueMoney Myanmar ဖေ့စဘုတ်ပေ့ချ် ကို like & follow လုပ်ထားလိုက်ရင်တော့ ရှာဖွေရတာပိုမိုလွယ်ကူစေပါတယ်။ အနီးဆုံး TrueMoney ငွေလွှဲငွေထုတ်ဆိုင်တွေရဲ့လိပ်စာကို စုံစမ်းနိုင်ရုံသာမက TrueMoney နဲ့ပတ်သက်ပြီး သိရှိလိုတဲ့ အခြားအကြောင်းအရာများကိုလည်း အချိန်မရွေး မေးမြန်းလို့ရပါတယ်။

 

၂) TrueMoney Website 

ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ငွေသားရရန်အာမခံတဲ့ အနီးဆုံးအေးဂျင့်ဆိုင်တွေကို TrueMoney ရဲ့ website မှတဆင့်လည်း ရှာဖွေလို့ရပါတယ်။ အသုံးပြုပုံ အဆင့်ဆင့်ကတော့
– truemoney.com.mm  သို့ဝင်ပါ။
– ‘ကိုယ်စားလှယ်ရှာရန်’ ကိုနှိပ်ပြီး ‘အနီးဆုံးကိုယ်စားလှယ်ရှာရန်’ ကိုထပ်နှိပ်ပါ။
– သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး နဲ့ မြို့နယ်ကို ရွေးချယ်လိုက်ရုံနဲ့ အနီးဆုံး  TrueMoney ဆိုင် ဘယ်မှာရှိလဲဆိုတာကို စုံစမ်းသိရှိနိုင်ပါပြီ။
အောက်ပါလင့်ခ်ကနေလည်း အလွယ်တကူရှာနိုင်ပါတယ်…

ကိုယ်စားလှယ်ရှာရန် နှိပ်ပါ

 

၃) TrueMoney Rewards App

TrueMoney Rewards အက်ပလီကေးရှင်း ကတော့ အသုံးပြုသူတွေကို Rewards ပွိုင့်လက်ဆောင်တွေ လက်ခံရယူနိုင်ရုံသာမက ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ငွေသားရရန်အာမခံတဲ့ အနီးဆုံး TrueMoney အေးဂျင့်ဆိုင်တွေကိုလည်း ရှာဖွေလိုက်လို့ရပါတယ်။ ကိုယ်နဲ့အနီးဆုံးဆိုင်ကို ရှာဖွေရန်
– TrueMoney Rewards အက်ပလီကေးရှင်းကို ဖွင့်ပါ။
– အောက်ဖက် ညာထောင့်နားရှိ Find Agent ကိုနှိပ်ပြီး
– မိမိရှာဖွေချင်သော ပြည်နယ်/တိုင်း ဒေသကြီးများအလိုက် ရှာဖွေလိုက်လို့ရပါတယ်။
အခုလို အကျိုးများများရစေတဲ့ TrueMoney Rewards အက်ပလီကေးရှင်း ကိုယ့်မှာ မရှိသေးဘူးဆိုရင်တော့  အောက်ပါလင့်ခ်တွေမှတဆင့် ဒေါင်းလုတ်ရယူထားလိုက်ပါ။

Google Play Store
Huawei AppGallery

 

၄) TrueMoney Call Center 

အထက်ပါနေရာများမှသာမက ရာခိုင်နှုန်းအပိုပေးစရာမလိုဘဲ ငွေသားရရန်အာမခံတဲ့ အနီးဆုံး TrueMoney အေးဂျင့်ဆိုင်တွေကို  အခုချက်ချင်းအမြန်ဆုံး သိရှိလိုပါက TrueMoney Myanmar Call Center ရဲ့ဖုန်း – 09 96951 9999 ကို ဖုန်းခေါ်ဆိုပြီး မေးမြန်းစုံစမ်းလိုက်ပါ။  ရုံးချိန်ဖြစ်တဲ့ မနက်(၇း၀၀) မှ ညနေ(၈း၀၀) အတွင်းကို ပိတ်ရက်မရှိ နေ့စဉ်ဆက်သွယ်စုံစမ်းလို့ရနိုင်ပါတယ်။

 

မိတ်ဆွေများအားလုံးအတွက် ဒီထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့ TrueMoney ဘက်မှလည်း အမြဲကြိုးစားနေလျက်ပါ။

Other Articles

Articles
Articles
Articles