“ပေါက်ပေါက်ပေါက်” – သိန်း ၅၀၀,၀၀၀,၀၀၀ ကံစမ်းပွဲကြီး
သိန်းပေါင်း ၅၀၀,၀၀၀,၀၀၀ ကံထူးမယ့် TrueMoney ရဲ့ အကြီးဆုံး ကံစမ်းပွဲကြီး “ပေါက်ပေါက်ပေါက်”
TrueMoney ကို အသုံးပြုသူတိုင်း ရင်ခုန်ဖွယ် ကံထူးခွင့်တွေကို ချက်ချင်း ရရှိနိုင်ဖို့အတွက်..
🇲🇲 ပြည်တွင်းငွေလွှဲ (၂၅,၀၀၀ ကျပ်နှင့်အထက်)
🇹🇭 ထိုင်းမှမြန်မာ ပြည်ပငွေထုတ်
🧾 ဘေလ်ပေးဆောင်ခြင်း အမျိုးမျိုးတို့ကို TrueMoney နဲ့ ဆောင်ရွက်ရုံနဲ့ပဲနော်။
ငွေလွှဲလည်းပေါက်၊ ငွေထုတ်လည်းပေါက်၊ ထရူးမန်းနီးနဲ့ဆို ပေါက်ကိုပေါက်မှာဖြစ်လို့ လက်ထဲငွေသားချက်ချင်းရောက်ဖို့ True အေးဂျင့်ဆိုင်မှာ အခုပဲ TrueMoney ဝန်ဆောင်မှုတွေ ရယူလိုက်စို့ဗျို့။
Terms & Conditions
စည်းကမ်းသတ်မှတ်ချက်များ
၁) “ပေါက်ပေါက်ပေါက်” ဆိုတာ TrueMoney ကို အသုံးပြုပြီးတိုင်း စုစုပေါင်း သိန်း (၅၀၀,၀၀၀,၀၀၀) ဖိုး ကံထူးနိုင်မယ့် TrueMoney ရဲ့ တစ်နှစ်တာ အကြီးဆုံး ကံစမ်းပွဲကြီးပဲဖြစ်ပါတယ်။
၂) ကံစမ်းမဲ အစီအစဥ်အကြောင်း
TrueMoney နှင့် အောက်ပါဝန်ဆောင်မှုများကို ဆောင်ရွက်ပြီးချိန်တွင် ကံစမ်းမဲပေါက်ပါက မိမိဖုန်းထဲသို့ ကံစမ်းမဲ စာတို SMS ကံစမ်းမဲကုဒ် ချက်ချင်း ရောက်ရှိလာမှာဖြစ်ပြီး ထိုစာတိုကို သက်ဆိုင်ရာ အေးဂျင့်ကိုပြ၍ ဆုကြေး ချက်ချင်းထုတ်ယူနိုင်ပါသည်။
(က) ပြည်တွင်း ငွေလွှဲ (ငွေလွှဲဆောင်ရွက်ပြီးချိန်)
(ခ) ပြည်ပ ငွေထုတ် (ထိုင်းမှမြန်မာ ထုတ်ငွေများကို ထုတ်ယူပြီးချိန်)
(ဂ) ဘေလ်ပေး (မည်သည့် ဘေလ်ပေးဝန်ဆောင်မှုမျိုးမဆို ပေးဆောင်ပြီးချိန်)
၂.၁) ဘေလ်ပေး ဝန်ဆောင်မှုထဲတွင် လျှပ်စစ်မီတာဘေလ်၊ Mahar NET, True Net, Kinetic စတဲ့ အင်တာနက်ဘေလ် ဝန်ဆောင်မှုများ၊ MAB Loan Repayment, Rent2Own, Shwe Minn Gan (SMGF), Hana Microfinance, Hayman Microfinance, Mahar Bawga, VisionFund, MoMo Finance စတဲ့ ချေးငွေဝန်ဆောင်မှုများ၊ Grab Driver/Biker ငွေဖြည့်ကုဒ်၊ CANAL+, SKYNET, PUBG, Steam Wallet SGD စတဲ့ရုပ်မြင်သံကြားနှင့် ဂိမ်းများကဲ့သို့ ဖျော်ဖြေရေးဆိုင်ရာ လစဉ်ကြေး၀န်ဆောင်မှုများ ပါဝင်ပါသည်။
၂.၂) ငွေလွှဲလက်ခံသူမှ ငွေထုတ်ယူပြီးသည့်အချိန်မှသာလျှင် ရရှိသောကံစမ်းမဲဆုကြေးကို ရယူနိုင်မည်ဖြစ်ပါသည်။
၃) True အေးဂျင့်များအနေဖြင့် ပုံမှန် ကော်မရှင်ခ အပြင် ကံထူးသူရရှိသည့် ဆုကြေးပမာဏရဲ့ ၂၀% ကို Agent Wallet မှတစ်ဆင့် ရရှိမှာဖြစ်ပါသည်။
၄) True အေးဂျင့်၊ CP အေးဂျင့် နှင့် မြန်မာရှေ့ဆောင်ဘဏ် ကဲ့သို့ မြန်မာပြည်အနှံ့ရှိ TrueMoney ဝန်ဆောင်မှုရရှိသည့် မည်သည့်နေရာမှာမဆို ယခု “ပေါက်ပေါက်ပေါက်” ကံစမ်းမဲ အစီအစဥ်တွင်ပါဝင်နိုင်မှာဖြစ်ပါသည်။
၅) ငွေလွှဲကြောင်း (သို့) ဝန်ဆောင်မှုရယူခြင်းအား ပယ်ဖြတ်လိုက်ပါက SMS ကံစမ်းမဲကုဒ်အား ဆက်လက်အသုံးပြု၍ မရနိုင်ပါ။
၆) SMS ကံစမ်းမဲကုဒ်အား ရရှိသည့်အချိန်မှစ၍ တစ်လအတွင်းသာ အသုံးပြနိုင်မည်ဖြစ်သည်။ တစ်လကျော်သွားပါက ဆုကြေးထုတ်ယူနိုင်မည်မဟုတ်ပါ။
၇) ဆက်သွယ်ရေးလိုင်းများပြတ်တောက်မှုကြောင့် SMS ကံစမ်းမဲကုဒ် မိမိရဲ့ ဖုန်းအတွင်းသို့ မရောက်ရှိပါက ကံစမ်းမဲ ပေါက်နိုင်မည် မဟုတ်ပါ။
၈) ဤအစီအစဉ်တွင်ပါဝင်ခြင်းသည် ဖော်ပြပါစည်းမျဉ်းစည်းကမ်းများ ကို လက်ခံသဘောတူသည်ဟု ယူဆပါမည်။
၉) TrueMoney သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော ကိုယ်စားလှယ် အကျိုးခံစားခွင့်နှင့် ဆုကြေးငွေ ထုတ်ယူထားသော ကိုယ်စားလှယ် ဖြစ်ပါက ၄င်းနှင့် သက်ဆိုင်သော အကျိုးခံစားခွင့်များအားလုံး ပြန်လည် နူတ်ယူခွင့်ရှိပါသည်။
၁၀) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။
၁၁) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။
၁၂) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။
FAQs
မေး – “ပေါက်ပေါက်ပေါက်” ဆိုတာ ဘာလဲ။
ဖြေ – “ပေါက်ပေါက်ပေါက်” ဆိုတာ TrueMoney နဲ့ ဘယ်ဝန်ဆောင်မှုမဆို ဆောင်ရွက်ပြီးစီးတိုင်း စုစုပေါင်း သိန်းပေါင် ၅၀၀,၀၀၀,၀၀၀ ကံထူးနိုင်မယ့် TrueMoney ရဲ့ အကြီးဆုံး ကံစမ်းပွဲကြီးပဲဖြစ်ပါတယ်။
မေး – ကံစမ်းမဲအတွက် ငွေလွှဲပမာဏသတ်မှတ်ထားခြင်းရှိပါသလား။
ဖြေ – ပြည်တွင်းငွေလွှဲအတွက် ငွေလွှဲပမာဏ (၂၅,၀၀၀) ကျပ်အထက်လွှဲရမှာဖြစ်ပြီး ပြည်ပငွေထုတ်နှင့် ဘေလ်ပေးဆောင်ခြင်းတို့အတွက် ပမာဏ သက်မှတ်ထားခြင်းမရှိပါ။
မေး – True အေးဂျင့်များအတွက် ခံစားခွင့်။
ဖြေ – True အေးဂျင့်များအနေနဲ့ ပုံမှန် ဝန်ဆောင်မှု ကော်မရှင်ခ အပြင် ကံထူးသူရရှိသည့် ဆုကြေးငွေအား ထုတ်ပေးပါက ဆုကြေးပမာဏရဲ့ ၂၀% ကို Agent Wallet မှတစ်ဆင့် ရရှိမှာဖြစ်ပါတယ်။
မေး – အစီအစဥ်မှာ ဘယ်သူတွေ ပါဝင်နိုင်ပါသလဲ။
ဖြေ – မြန်မာပြည်အနှံ့ရှိ TrueMoney အသုံးပြုသည့် မည်သူမဆို ပါဝင်နိုင်ပါတယ်။
မေး – ကံစမ်းမဲ ပေါက် / မပေါက် ဘယ်လိုသိနိုင်မလဲ။
ဖြေ – TrueMoney နဲ့ အောက်ပါဝန်ဆောင်မှုများ ဆောင်ရွက်ပြီးချိန်တွင် ကံထူးရှင်ဖြစ်ပါက မိမိဖုန်းထဲသို့ ကံစမ်းမဲကုဒ်ပါရှိသည့် “SMS” စာတို ရောက်လာမှာဖြစ်ပြီး ထိုကုဒ်ဖြင့် အေးဂျင့်ဆိုင်တွင် ဆုကြေး ချက်ချင်းထုတ်ယူနိုင်ပါသည်။
(၁) ပြည်တွင်းငွေလွှဲ ပြုလုပ်ပြီးချိန်
(၂) ပြည်ပငွေထုတ် ( ထိုင်းမှမြန်မာ ငွေလွှဲထုတ်ယူပြီးချိန် )
(၃) ဘေလ်ပေးဝန်ဆောင်မှုပြုလုပ်ပြီးချိန်
မေး – ဒီအစီအစဥ်ကို ဘယ်ဆိုင်တွေကနေ ပါဝင်နိုင်သလဲ။
ဖြေ – MAB, True အေးဂျင့်၊ CP အေးဂျင့် စတဲ့ မြန်မာပြည်အနှံ့ရှိ TrueMoney ဝန်ဆောင်မှုရတဲ့ ဘယ်နေရာမှာမဆို “ပေါက်ပေါက်ပေါက်” ကံစမ်းမဲ အစီအစဥ်မှာပါဝင်နိုင်ပါတယ်။
မေး – ဘေလ်ပေးဝန်ဆောင်မှုတွင် မည်သည့် ဝန်ဆောင်မှုများပါဝင်ပါသနည်း။
ဖြေ – MAB Loan Repayment, Rent2Own, Shwe Minn Gan (SMGF), Hana Microfinance, Hayman Microfinance, Mahar Bawga, VisionFund, MoMo Finance စတဲ့ ချေးငွေဝန်ဆောင်မှုများ၊ Grab Driver/Biker ငွေဖြည့်ကုဒ်၊ CANAL+, SKYNET, PUBG, Steam Wallet SGD စတဲ့ရုပ်မြင်သံကြားနှင့် ဂိမ်းများကဲ့သို့ ဖျော် ဖြေ မှု ဆိုင် ရာ လစဉ်ကြေး၀န်ဆောင်မှုများ ပါဝင်ပါသည်။
မေး – ကံစမ်းမဲက ဗလာပါပါသလား။
ဖြေ – ဗလာ ပါဝင်ပါသည်။
မေး – ကံထူးနိုင်မယ့် အခွင့်အရေး နည်း / များ ပါသလား။
ဖြေ – TrueMoney ကိုအသုံးပြုတိုင်း စုစုပေါင်း သိန်း ၅၀၀,၀၀၀,၀၀၀ ဖိုး ငွေသားဆုကြေး ကံထူးနိုင်ခွင့်ရှိမှာဖြစ်လို့ ကံထူးနိုင်ဖို့ အခွင့်အရေးများများရရှိမှာဖြစ်ပါတယ်။
မေး – ငွေလွှဲကြောင်း (သို့) ဝန်ဆောင်မှုရယူခြင်းအား ပယ်ဖြတ်လိုက်ပါက ကံစမ်းမဲကုတ်အား ဆက်လက်အသုံးပြု၍ ရပါမည်လား။
ဖြေ – ငွေလွှဲကြောင်း (သို့) ဝန်ဆောင်မှုရယူခြင်းအား ပယ်ဖြတ်လိုက်ပါက ကံစမ်းမဲကုတ်အား ဆက်လက်အသုံးပြု၍ မရနိုင်ပါ။
မေး – ကံစမ်းမဲကုဒ်အား မည်သည့်အချိန်အထိ ငွေသားဖြင့် လဲလှယ်ခွင့်ရှိပါသလဲ။
ဖြေ – ကံစမ်းမဲကုဒ်ပါဝင်သည့် SMS စာတိုတွင် နောက်ဆုံးထုတ်ယူရမည့် သက်တမ်းကုန်ဆုံးရက်ပါရှိပါသည်။
မေး – ပရိုမိုးရှင်းကာလ သတ်မှတ်ထားပါသလား။
ဖြေ – ပရိုမိုးရှင်းကာလ သတ်မှတ်ထားခြင်းမရှိပါ။ အပြောင်းအလဲတစ်စုံတစ်ရာ ရှိပါက TrueMoney Myanmar မှ ကြိုတင်အသိပေးမည်ဖြစ်ပါတယ်။