ဝန်ဆောင်ခ “0” ကျပ်ဖြင့် အင်တာနက်ဘေလ် လစဥ်ကြေးပေးဆောင်နိုင်ပါပြီ။

Articles
12 July, 2024

ထရူးမန်းနီး “0” ကျပ် ဝန်ဆောင်မှုဖြင့် Mahar NET (မဟာနက်) အင်တာနက်ဘေလ် လစဥ်ကြေးပေးဆောင်ခြင်းအား မြန်မာတစ်နိုင်ငံလုံးရှိ ထရူးမန်းနီးဆိုင်တိုင်းမှာ ဝန်ဆောင်မှု ရယူနိုင်ပြီဖြစ်ပါတယ်။

 

“0” ကျပ် (အခမဲ့) ဝန်ဆောင်မှု ရယူနိုင်သူဦးရေ ကန့်သတ်ထားတာဖြစ်လို့ အမြန်ဆုံးပေးဆောင်ဖို့ ထရူးမန်းနီးဆိုင်ကိုသာ လာခဲ့လိုက်ပါ။

 

Mahar NET (မဟာနက်) အင်တာနက်ဘေလ် ပေးဆောင်ခြင်း စည်းကမ်းသတ်မှတ်ချက်များ

၁) Mahar NET (မဟာနက်)  အင်တာနက်ဘေလ် လစဥ်ကြေးပေးဆောင်သည့် မည်သူမဆို ယခုပရိုမိုးရှင်းအားခံစားခွင့်ရှိသည်။

၂) ယခင် TrueMoney ဖြင့် ဘေလ်ပေးဆောင်ခြင်း ဝန်ဆောင်ခအား ယခု “အခမဲ့” ပေးဆောင်နိုင်ပါသည်။ မည်သည့်အပိုဝန်ဆောင်ခမျှ ပေးဆောင်ရန်မလိုအပ်ပါ။

၃) “0” ကျပ် (အခမဲ့) ဝန်ဆောင်မှုအား ဝန်ဆောင်မှုရယူသူ အရေအတွက်ကန့်သတ်ထားပြီး သတ်မှတ်ဝန်ဆောင်မှုရယူသူ မပြည့်မချင်း ရယူနိုင်ပါသည်။

၄) ဘေလ်ပေးဆောင်ရာတွင် “0” ကျပ် ဝန်ဆောင်မှုအား TrueMoney Myanmar ၏ မြန်မာတစ်နိုင်ငံလုံးရှိ မည်သည့် ကိုယ်စားလှယ်တိုင်းတွင်မဆို အခမဲ့ ဝန်ဆောင်မှု ရယူနိုင်ပါသည်။

၅) ဘေလ်ပေးဆောင်ခြင်းသည် ဝန်ဆောင်ခ “အခမဲ့” ဖြစ်ပြီး TrueMoney ကိုယ်စားလှယ်များ၏ ကော်မရှင်ခံစားခွင့်သည် ယခင်အတိုင်းသာ ဆက်လက်ရရှိပါမည်။

၆) အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်ပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

Other Articles

Articles
Articles
Articles