TrueMoney အသုံးပြုတိုင်း သီတင်းကျွတ်မုန့်ဖိုးယူ

Activities
2 October, 2025

TrueMoney နဲ့ သီတင်းကျွတ်မုန့်ဖိုး ဘယ်လိုရယူကြမလဲ?

  • အောက်တိုဘာလ (၆) ရက်နေ့နဲ့ (၇) ရက်နေ့ အတွင်း TrueMoney နဲ့ ပြည်တွင်းငွေလွှဲ နဲ့ ဘေလ်ပေး ဝန်ဆောင်မှုဆောင်ရွက်ပါ။
  • ထို့နောက် မိမိဖုန်းထဲ ရောက်လာတဲ့ SMS မက်စေ့ဂျ်ထဲရှိ ငွေထုတ်ကုဒ် လျှို့ဝှက်နံပါတ် (၁၂) လုံးကို True အေးဂျင့် ကိုပြပြီး ဗလာမပါ သီတင်းကျွတ်မုန့်ဖိုး ချက်ချင်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။
  • True အေးဂျင့်များအနေနဲ့လည်း သီတင်းကျွတ်မုန့်ဖိုးရဲ့ ၂၀% ကို ကော်မရှင်ခတွေအပြင် e-money အနေနဲ့ ထပ်မံရရှိမှာဖြစ်ပါတယ်။

စည်းကမ်းသတ်မှတ်ချက်များ

၁) TrueMoney ပြည်တွင်းငွေလွှဲ နဲ့ ဘေလ်ပေး ဝန်ဆောင်မှုဆောင်ရွက်တိုင်း ဗလာမပါ သီတင်းကျွတ်မုန့်ဖိုးတွေရရှိနိုင်မယ့် အစီအစဥ်ပဲဖြစ်ပါတယ်။

၂) ဒီအစီအစဥ်ကို အောက်တိုဘာလ (၆) ရက်နေ့နဲ့ (၇) ရက်နေ့ တည်းသာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

၂.၁) ဘေလ်ပေး ဝန်ဆောင်မှုထဲတွင် လျှပ်စစ်မီတာဘေလ်၊ Mahar NET, True Net, Kinetic စတဲ့ အင်တာနက်ဘေလ် ဝန်ဆောင်မှုများ၊ MAB Loan Repayment, Rent2Own, Shwe Minn Gan (SMGF), Hana Microfinance, Hayman Microfinance, Mahar Bawga, VisionFund, MoMo Finance စတဲ့ ချေးငွေဝန်ဆောင်မှုများ၊ Grab Driver/Biker ငွေဖြည့်ကုဒ်၊ CANAL+, SKYNET, PUBG, Steam Wallet SGD စတဲ့ ဖျော်ဖြေရေးဆိုင်ရာ လစဥ်ကြေးဝန်ဆောင်မှုများ ပါဝင်ပါသည်။

၃) True အေးဂျင့်များအနေဖြင့် ပုံမှန် ကော်မရှင်ခ အပြင် သီတင်းကျွတ်မုန့်ဖိုးရဲ့ ၂၀% ကို Agent Wallet မှတစ်ဆင့် ရရှိမှာဖြစ်ပါသည်။

၄) MAB, True အေးဂျင့်၊ CP အေးဂျင့် ကဲ့သို့ မြန်မာပြည်အနှံ့ရှိ TrueMoney ဝန်ဆောင်မှုရသည့် မည်သည့်နေရာမှာမဆို ယခု သီတင်းကျွတ်မုန့်ဖိုး အစီအစဥ်တွင်ပါဝင်နိုင်မှာဖြစ်ပါသည်။

၅) ငွေလွှဲကြောင်း (သို့) ဝန်ဆောင်မှုရယူခြင်းအား ပယ်ဖြတ်လိုက်ပါက ငွေထုတ်ကုဒ် လျှို့ဝှက်နံပါတ် (၁၂) လုံးအား ဆက်လက်အသုံးပြု၍မရနိုင်ပါ။

၆) အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

၇) TrueMoney သည် မိတ်ဖက်  True အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော ကိုယ်စားလှယ် Incentive အား ပြန်လည် နူတ်ယူခွင့်ရှိပါသည်။

၈) TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

၉) အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

၁၀) ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Activities

Activities
Activities
Articles