နှစ်သစ်မှာ ၂၆% သက်သာစွာငွေလွှဲပါ

Activities
31 March, 2026

ပိတောက်ဝေတဲ့ သင်္ကြန်မှာ TrueMoney နဲ့ အတူ ပျော်ရအောင်!
ချစ်ရတဲ့သူတွေဆီ ငွေလွှဲရင်း ၂၆% တောင် လျှော့ဈေး ရမယ့် အလန်းစား အစီအစဉ်ကြီး လာပြီဗျို့! သင်္ကြန်ကာလ အဝေးရောက်နေပေမယ့် TrueMoney ရှိရင် စိတ်ပူစရာမလိုတော့ဘူးပေါ့။

 

ဘယ်လို အခွင့်အရေးတွေ ရမှာလဲ?
၁ သိန်းနှင့်အထက် ငွေလွှဲတိုင်းမှာ ငွေလွှဲခ ၂၆% Discount ရရှိမှာပါ။
Promo Code: TMPADAUK26 (ငွေလွှဲတဲ့အခါ ကိုယ်စားလှယ်ကို ပြောပြဖို့ မမေ့နဲ့နော်!)

 

ဘယ်နေရာတွေမှာ ရနိုင်မလဲ?

TrueMoney အေးဂျင့်ဆိုင်တွေမှာတင်မကဘဲ မိသားစုနဲ့ ဈေးဝယ်ရင်းပါ လွှဲလို့ရအောင် – ✅ City Mart ✅ Ocean Supercenter ✅ Marketplace အစရှိတဲ့ နေရာစုံမှာရှိတဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုတိုင်းမှာ အသုံးပြုနိုင်ပါတယ်။

 

ကာလ
ဧပြီလ ၁ ရက် မှ ၃၀ ရက် အထိ (တစ်လလုံးတောင်နော်!)

—————————————–

အမေးများသော မေးခွန်းများ

Q1: “TMPADAUK26” ဆိုတာဘာလဲ?
A1: ပရိုမိုကုဒ် “TMPADAUK26” ကို အသုံးပြုပြီး ပြည်တွင်းငွေလွှဲခ (Service Fee) ၏ ၂၆% လျှော့စျေး ရရှိမယ့် အထူးသင်္ကြန်ပရိုမိုးရှင်း အစီအစဉ် ဖြစ်ပါတယ်။

Q2: ဘယ်နေရာတွေမှာ အသုံးပြုလို့ရသလဲ?
A2: ဤပရိုမိုးရှင်းကို တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ အသုံးပြုနိုင်ပါတယ်။ TrueMoney ကိုယ်စားလှယ်ဆိုင်များအပြင် City Mart, Ocean နှင့် marketplace ဆိုင်ခွဲများမှာရှိတဲ့ Service ကောင်တာများမှာလည်း အသုံးပြုနိုင်ပါတယ်။

Q3: ပရိုမိုးရှင်းအတွက် ငွေလွှဲပမာဏ သတ်မှတ်ထားခြင်း ရှိပါသလား?
A3: ဟုတ်ကဲ့ ရှိပါတယ်။ ငွေလွှဲပမာဏ ၁ သိန်းကျပ်နှင့် အထက် လွှဲပြောင်းသူများသာလျှင် ဤ ၂၆% လျှော့စျေး Promo Code ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Q4: အသုံးပြုသူ တစ်ဦးတည်းက ပရိုမိုကုဒ်ကို ကြိမ်ဖန်များစွာ အသုံးပြုခွင့် ရှိပါသလား?
A4: အသုံးပြုသူ တစ်ဦးလျှင် တစ်ရက် တစ်ကြိမ် သာ အသုံးပြုခွင့် ရှိပါတယ်။

Q5: ပရိုမိုးရှင်း ကာလအပိုင်းအခြားက ဘယ်လောက်လဲ?
A5: ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ်ပါတယ်။

Q6: TrueMoney အေးဂျင့်များ ကော်မရှင်ခ ပုံမှန်အတိုင်း ရရှိမှာလား?
A6: ဟုတ်ကဲ့၊ အေးဂျင့် ကော်မရှင်ခကို လျှော့ဈေးမရှိဘဲ ပုံမှန်အတိုင်း အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။

Q7: TrueMoney အေးဂျင့်များ ကိုယ်တိုင် ပါဝင်ခွင့် ရှိပါသလား?
A7: ရှိပါတယ်။ အေးဂျင့်များ ကိုယ်တိုင်လည်း ၁ သိန်းကျပ်နှင့်အထက် ငွေလွှဲရာတွင် “TMPADAUK26” ကုဒ်ကို အသုံးပြု၍ ၂၆% လျှော့စျေး ခံစားခွင့် ရရှိမှာ ဖြစ်သလို၊ မိမိတို့ဆိုင်သို့ လာရောက်သူများကိုလည်း ဤကုဒ်ဖြင့် ဝန်ဆောင်မှုပေးပြီး Customer များများရရှိအောင် ဆွဲဆောင်နိုင်ပါတယ်။


စည်းကမ်းသတ်မှတ်ချက်များ

၁။ ယခုပရိုမိုးရှင်းသည် ပရိုမိုကုဒ် “TMPADAUK26” ကို အသုံးပြု၍ TrueMoney ဖြင့် ကျပ် (၁၀၀,၀၀၀) နှင့်အထက် ပြည်တွင်းငွေလွှဲဝန်ဆောင်မှု အသုံးပြုပါက ငွေလွှဲခ (Service Fee) ၏ ၂၆% ကို လက်ငင်းလျှော့စျေးအဖြစ် ခံစားခွင့်ရရှိမည့် အစီအစဉ် ဖြစ်ပါသည်။

၂။ ဤအစီအစဉ်ကို တစ်နိုင်ငံလုံးရှိ TrueMoney ကိုယ်စားလှယ်ဆိုင်များအားလုံးအပြင် City Mart, Ocean နှင့် marketplace ဆိုင်ခွဲများရှိ Service ကောင်တာများတွင် ပရိုမိုကုဒ်အား အသုံးပြု၍ ငွေလွှဲပြုလုပ်သူ မည်သူမဆို ပါဝင်နိုင်ပါသည်။

၃။ အသုံးပြုသူ တစ်ဦးသည် တစ်ရက်လျှင် တစ်ကြိမ်သာ ပရိုမိုကုဒ်ကို အသုံးပြုခွင့်ရှိပါသည်။

၄။ ပရိုမိုကုဒ် အသုံးပြုနိုင်သည့် အရေအတွက်ကို ကန့်သတ်ထားပြီး သတ်မှတ်ထားသော ပမာဏ ကုန်ဆုံးပါက ပရိုမိုးရှင်းအစီအစဉ်သည် အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်ပါသည်။

၅။ ဤအစီအစဉ်မှတစ်ဆင့် TrueMoney အေးဂျင့်များအနေဖြင့် မိမိတို့၏ ပုံမှန်ကော်မရှင်ခကို အပြည့်အဝရရှိမည့်အပြင် ဝန်ဆောင်မှုအသုံးပြုသူ (Customer) အသစ်များ ပိုမိုရရှိနိုင်မည့် အခွင့်အရေးရှိပါသည်။

၆။ TrueMoney အေးဂျင့်များကိုယ်တိုင်လည်း ပရိုမိုကုဒ် “TMPADAUK26” ကို အသုံးပြု၍ ကျပ် (၁၀၀,၀၀၀)နှင့်အထက် ပြည်တွင်းငွေလွှဲပြုလုပ်ခြင်းဖြင့် ယခုအစီအစဉ်တွင် ပါဝင်ကာ လျှော့စျေး အကျိုးခံစားခွင့်ကို ရယူနိုင်ပါသည်။

၇။ ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ဖြစ်ပါသည်။ (သို့သော် သတ်မှတ်ထားသော ပရိုမိုကုဒ်အရေအတွက် ကုန်ဆုံးပါက အစီအစဉ်သည် အလိုအလျောက် ရပ်တန့်သွားမည် ဖြစ်ပါသည်။)

၈။ ဤအစီအစဉ်တွင် ပါဝင်ခြင်းသည် အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများကို သဘောတူ လက်ခံခြင်း ဖြစ်ပါသည်။

၉။ TrueMoney Myanmar သည် မိတ်ဖက်အေးဂျင့်များမှ မသမာသော သို့မဟုတ် မမှန်ကန်သော လုပ်ဆောင်မှုများ၊ အပြုအမူများ တွေ့ရှိပါက ပေးအပ်ထားသော ခံစားခွင့်များကို အချိန်မရွေး ပြန်လည်ရုပ်သိမ်းခွင့် ရှိပါသည်။

၁၀။ TrueMoney Myanmar သည် လိုအပ်ပါက ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ စည်းမျဉ်း စည်းကမ်းများကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ်အား အချိန်မရွေး ရပ်တန့် ခြင်းတို့ကို လုပ်ဆောင်ပိုင်ခွင့်ရှိပါသည်။

၁၁။ အငြင်းပွားဖွယ်တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးနှင့် အတည်ဖြစ်ပါသည်။

Other Activities

Activities
Activities
Articles