True အေးဂျင့် ကော်မရှင် ၂ ဆ

Uncategorized
16 September, 2025

TrueMoney နဲ့ မြန်မာပြည်တွင်းမှာ ငွေလွှဲဝန်ဆောင်မှုပေးတိုင်း True အေးဂျင့် ကော်မရှင် (၂ဆ) ရယူနိုင်မယ့် အစီအစဥ်ကြီး လာပါပြီဗျို့။

(၅) သိန်း နှင့်အထက် ဝန်ဆောင်မှုပေးတိုင်း ‌True အေးဂျင့် ကော်မရှင်ခ (၂ဆ) ရရှိနိုင်မှာဖြစ်လို့ TrueMoney နဲ့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုများများပေးပြီး ကော်မရှင်ခတွေ ဒလဟော သိမ်းပိုက်လိုက်စို့။

စည်းကမ်းသတ်မှတ်ချက်များ

1. ပြည်တွင်းငွေလွှဲဝန်ဆောင်မှုပေးခြင်း အတွက်သာ ငွေလွှဲကော်မရှင်ခ (၂ဆ) ရရှိမှာဖြစ်ပါသည်။

2. ငွေကျပ် ၅ သိန်းကျပ်နှင့်အထက် ပြည်တွင်းငွေလွှဲကြောင်းများအတွက်သာ ကော်မရှင် (၂ဆ) အား ခံစားခွင့်ရှိပါသည်။

3. ပြည်တွင်းငွေလွှဲသည့် ကိုယ်စားလှယ်သာ အပိုဆောင်း ကော်မရှင်အား ခံစားခွင့် ရှိမှာဖြစ်ပါသည်။ ပြည်တွင်းငွေထုတ်ကော်မရှင်မှာ မူလကော်မရှင်အတိုင်းသာဖြစ်ပါသည်။

4. အပိုဆောင်းကော်မရှင်အား စက်တင်ဘာလ (၁၇) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အတွင်း ပြည်တွင်းငွေလွှဲကြောင်းများအတွက်သာ ခံစားခွင့်ရှိသည်။

5. အပိုဆောင်း ကော်မရှင်ခံစားခွင့်သည် သက်မှတ်ထားသည့် ပမာဏ (သို့မဟုတ်) ခံစားခွင့်ကာလ ကျော်လွန်ပါက ထပ်မံ ခံစားခွင့်ရှိမည် မဟုတ်ပါ။

6. အစီအစဉ်တွင် ပါဝင်ခြင်းသည် ဤစည်းမျဥ်းစည်းကမ်းများကို လက်ခံခြင်းဖြစ်ပါသည်။

7. TrueMoney သည် မိတ်ဖက်အေးဂျင့်များထံမှ မသမာသောအပြုအမူများ တွေ့ရှိပါက အချိန်မရွေး ပေးအပ်ထားသော Incentive အား ပြန်လည် နူတ်ယူခွင့်ရှိပါသည်။

8. TrueMoney Myanmar မှ ကြိုတင်အသိပေးကြေညာခြင်းမရှိဘဲ လိုက်နာရမည့်စည်းကမ်းချက်များကို ပြောင်းလဲနိုင်ခွင့်ရှိပါသည်။

9. အငြင်းပွားဖွယ် တစ်စုံတစ်ရာပေါ်ပေါက်လာပါက TrueMoney Myanmar ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

10. ကြိုတင်အသိပေးခြင်းမရှိဘဲ TrueMoney မှ ယခု အစီအစဥ်အား အချိန်မရွေး ရပ်တန့်နိုင်ခွင့်ရှိပါသည်။

Other Uncategorized

Activities
Activities
Activities