ကိုဗစ်(19) ပိုဆိုးရွားနေတဲ့ မိုးတွင်းမှာ… ဘာဆက်လုပ်ကြမလဲ?

Articles
7 July, 2021

‘ကိုဗစ်‘ကာလဖြစ်တဲ့အပြင် စိုထိုင်းတဲ့မိုးရာသီကို ရောက်လာပြီဖြစ်လို့ အစစ၊အရာရာ ဂရုစိုက်ဖို့ လိုလာပါပြီ။ ငွေရေးကြေးရေး ကြပ်တည်းနေကြတဲ့ကာလလည်းဖြစ်လို့ အခုချိန်မှာ ငွေအပိုသုံးစရာမလိုအောင် ကျန်မာရေးကောင်းနေစေဖို့ ပြုမူနေထိုင်ကြရပါမယ်။ နေထိုင်၊ စားသောက်မှုပုံစံတွေကို ပြင်ဆင်နေထိုင်သင့်တဲ့ကာလတစ်ခုကို ရောက်လာပြီဖြစ်လို့ ဒီလိုရာသီမှာ ကျန်းမာစွာနဲ့နေထိုင်နိုင်ဖို့နည်းလမ်းအချို့ကို TrueMoney မှ အကြံပြုပေးလိုက်ပါတယ်။

 

(သွားလာလှုပ်ရှားမှုပုံစံ)

အပြင်ထွက်တိုင်း ထီး၊မိုးကာ စတာတွေပါဖို့လိိုသလို စိုစွတ်တဲ့ရာသီဥတုမှာ ရောဂါပိုးတွေပျံ့နှံ့နေတတ်တာကြောင့်

– မဖြစ်မနေ ‘Mask’ ဝတ်ဆင်ခြင်း

– တတ်နိုင်သလောက်လူစုလူဝေးရှောင်ရှားခြင်း

– ချောင်းဆိုး၊ ဖျားနာနေသူများနှင့် အကွာအဝေးတစ်ခုမှသာ ပြောဆိုဆက်ဆံခြင်း

– အပြင်မှပြန်လာတိုင်းလည်း လက်ကို ဆပ်ပြာဖြင့်ဆေးကြောခြင်း

– အအေးမမိအောင် နွေးထွေးတဲ့အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်ခြင်းတို့ ပြုသင့်ပါတယ်။

– လက်ကို မကြာခဏ​ဆေး​ကြောပါ။ လက်သန့်စင် ​ဆေးရည်အသုံးပြုပါ။

 

(နေထိုင်မှုပုံစံ)

– အိပ်ရေး ‘ဝ‘အောင် အိပ်ခြင်း

– နေ့စဉ်ပုံမှန် အားကစားလုပ်ခြင်း

– အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ သိမ်းဆည်းခြင်း

– လိုအပ်တဲ့ဆေးဝါးများကို ကြိုတင်ဝယ်ယူထားခြင်း

– အနီးအနားရှိ ဆေးရုံဆေးခန်းဖုန်းနံပါတ်များအား ကြိုတင်စုံစမ်းခြင်းတို့ကိုလည်း ပြုထားသင့်ပါတယ်။

 

(စားသောက်မှုပုံစံ)

ရောဂါပေါင်းစုံဖြစ်တတ်တဲ့ကာလမို့ ကိုယ်ခံအားကောင်းပြီး အားအင်ပြည့်ဝစေတဲ့ အစားအစာမျိုးကို စားသင့်သလို အတတ်နိုင်ဆုံး ‘အပြင်စာ‘တွေကို ရှောင်သင့်တဲ့ကာလပါ။ အတတ်နိုင်ဆုံး ‘ချက်‘ပြီးပြီးချင်း ပူပူနွေးနွေးစားသုံးသင့်ပြီး အိမ်ရှင်မတွေအနေနဲ့လည်း ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ တွေကို သေချာထုတ်ပိုး သိမ်းဆည်းသင့်သလို မချက်ပြုတ်ခင်မှာလည်း သေချာဆေးကြောသင့်ပါတယ်။ (ရောဂါပိုးမွှားတွေ ကပ်နေတတ်လို့ပါ)

 

ကိုဗစ်(19) အဆုပ်ရောင်ရောဂါအပြင် ရာသီပေါ်တုပ်ကွေးရောဂါ၊ ‘ခြင်‘ကြောင့်ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါမျိုးတွေဖြစ်တတ်တာမို့ ကြိုတင်ကာကွယ်ထားကြဖို့ TrueMoney က အကြံပြုတင်ပြပေးလိုက်ပါတယ်။

 

‘မိုး‘ရာသီမှာလည်း ဘေးကင်းကွာပြီး ကျန်းမာ၊သုခ ရှိကြပါစေ…။

Other Articles

Activities
Activities
Articles