TrueMoney မှာ စင်္ကာပူငွေလွှဲထုတ်လို့ရပြီနော်
TrueMoney ကိုယ်စားလှယ်ဆိုင်များတွင် စင်္ကာပူနိုင်ငံမှ ငွေလွှဲများအား လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။
စင်္ကာပူငွေလွှဲကို ထုတ်ဖို့ဆိုရင်တော့…
(၁) အနီးဆုံး TrueMoney ကိုယ်စားလှယ်ဆိုင်သို့သွားပါ
(၂) ကိုယ်စားလှယ်အား TrueMoney နှင့် စင်္ကာပူမှ ငွေလွှဲထုတ်ချင်ကြောင်းပြောပါ
(၃) ငွေလွှဲသူထံမှရရှိထားသော ငွေလွှဲ အချက်အလက်များ (သို့) ငွေလွှဲ မက်ဆေ့အားကိုယ်စားလှယ်အားပြပါ
(၄) ငွေထုတ်မည့်သူဖုန်းနံပါတ် ပေးပါ
(၅) ငွေလွှဲသူထံမှရရှိသည့် (မက်ဆေ့တွင်ပါရှိသည့်) “THUNES-MMR-” နှင့်စသည့် စာလုံးများအား ကိုယ်စားလှယ်သို့ပေးပါ
(၆) ငွေထုတ်သူမှ မိမိ၏မှတ်ပုံတင် နံပါတ် “၆” လုံးအားပေးပါ….
စင်္ကာပူမှ ငွေလွှဲသူများသည် “Singtel Dash Application” မှတဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်မည်ဖြစ်ပြီး TrueMoney ဆိုင်များတွင် ငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။
ငွေလွှဲထုတ်နိုင်တဲ့ TrueMoney ကိုယ်စားလှယ်ဆိုင်တွေကိုကြည့်ဖို့ ဒီနေရာကို နှိပ်လိုက်ပါ။
အသေးစိတ်သိရှိလိုပါက TrueMoney Myanmar Call Center – 09 969 51 9999 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။