တော်ရုံတန်ရုံ အပိုမကုန်’စေမယ့် နည်းလမ်းများ

Articles
6 May, 2022

ဒီတစ်ခါတော့ လက်ဆောင်ရရှိထားတဲ့ TrueMoney Rewards ပွိုင့်တွေကို အသုံးပြုပြီး ငွေလွှဲခ နဲ့ ဖုန်းဖိုး သက်သာစေတဲ့ နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။

 

TrueMoney Rewards ပွိုင့်တွေကို ပြည်တွင်းငွေလွှဲခြင်း၊ ပြည်ပလွှဲငွေထုတ်ယူခြင်း ၊ TrueMoney နဲ့ဘေလ်ပေးဆောင်ခြင်း တို့ကနေ လက်ဆောင်ရရှိနိုင်ပါတယ်။ ရလာတဲ့ Rewards ပွိုင့်တွေကို ကိုယ့်ဖုန်းထဲက TrueMoney Rewards အက်ပလီကေးရှင်းကနေတဆင့် အောက်ဖော်ပြပါနေရာများမှာ ပြန်လည်အသုံးချဖို့ အဆင့်ဆင့်ပြုလုပ်သွားနိုင်တဲ့ နည်းလမ်းလေးတွေပါ။

 

ငွေလွှဲရာမှာသုံးဖို့ ငွေလွှဲခဘောင်ချာ ပြန်လဲလှယ်ခြင်း

– ပထမဆုံး TrueMoney Rewards အက်ပလီကေးရှင်းကိုဖွင့်ပါ။

– Redeem Points (ပွိုင့်လဲလှယ်ရန်) အောက်မှ ‘ဘောင်ချာများ’ ကို ရွေးချယ်ပါ။

– (၂၀၀) ကျပ် မှစပြီး (၆၅၀၀) ကျပ်ထိ ငွေလွှဲခလျော့ဈေးရယူနိုင်သော ဘောင်ချာအမျိုးမျိုးထဲကမှ ကိုယ့်မှာရှိတဲ့ပွိုင့်နဲ့ လဲလှယ်လို့ရမယ့် ဘောင်ချာကို ရွေးချယ်ကာ ဝယ်ယူလိုက်ပါ။

ဝယ်ယူထားသောဘောင်ချာကို ‘မိမိဘောင်ချာများ’ နေရာတွင် ပြန်လည်ကြည့်ရှု့နိုင်ပါပြီ။

*ငွေလွှဲခလျော့ဈေးရယူလိုသည့်အခါတွင် ၎င်းဘောင်ချာအားပြသပြီး လျော့ဈေးရယူလိုက်ပါ။

(အသေးစိတ်အား ပုံတွင်ကြည့်ပါ)

ဖုန်းဘေလ်ဖြည့်ခြင်း။

– Redeem Points (ပွိုင့်လဲလှယ်ရန်) အောက်မှ ‘ဖုန်းငွေဖြည့်’ ကို ရွေးချယ်ပါ။

– ငွေဖြည့်ချင်သော ဖုန်းအော်ပရေတာကို ရွေးပါ။

– ငွေဖြည့်ချင်သော ဖုန်းနံပါတ်ကို ဖြည့်သွင်းပါ။

– ကိုယ့်မှာရှိတဲ့ပွိုင့်နဲ့ လဲလှယ်လို့ရမယ့် ဖုန်းဘေလ်ကို ရွေးချယ်ဝယ်ယူကာ အတည်ပြုပါ။

– ဒါဆို ဖုန်းဘေလ်ဖြည့်ခြင်း အောင်မြင်ပါပြီ။

ဖုန်းဒေတာ လဲလှယ်ခြင်း။

– Redeem Points (ပွိုင့်လဲလှယ်ရန်) အောက်မှ ‘ဒေတာပက်ကေ့ချ်’ ကို ရွေးချယ်ပါ။

– ဖုန်း‌ဒေတာဝယ်ယူချင်သော အော်ပရေတာကို ရွေးပါ။

– ဖုန်း‌ဒေတာဝယ်ယူချင်သော ဖုန်းနံပါတ်ကို ဖြည့်သွင်းပါ။

– ကိုယ့်မှာရှိတဲ့ပွိုင့်နဲ့ လဲလှယ်လို့ရမယ့် ဖုန်းဒေတာကို ရွေးချယ်ဝယ်ယူကာ အတည်ပြုပါ။

– ဒါဆို  ဖုန်းဒေတာဖြည့်ခြင်း အောင်မြင်ပါပြီ။

သုံးတိုင်းအကျိုးရှိစေတဲ့ TrueMoney Rewards အက်ပလီကေးရှင်း မရှိသေးဘူးဆိုရင်တော့ ဒီနေရာတွေကနေ ဒေါင်းလုတ်ဆွဲပြီး ရယူထားလိုက်ပါ။

Google Play Store – https://bit.ly/Rewards_App_PlayStore

Huawei AppGallery- https://bit.ly/TM_Rewards_App_Huawei

 

TrueMoney ပွိုင့်တွေနဲ့ လဲလှယ်သုံးလို့ရတာတွေကို လဲလှယ်သုံးပြီး  ပိုထွက်လာမယ့်ငွေသားကို အခြားလိုအပ်တဲ့နေရာတွေမှာ အကျိုးရှိစွာအသုံးချနိုင်ကြပါစေ။

Other Articles

Articles
Articles
Articles