(2022) မှာ ရေပန်းစားလာနိုင်မယ့် အသေးစားလုပ်ငန်းများ

Articles
28 December, 2021

မကြာခင် နှစ်သစ်ရောက်ပါတော့မယ်။ အခြေအနေအမျိုးမျိုးကြောင့် အလုပ်အကိုင်တွေရှားပါးလာနေတဲ့ ဒီကနေ့ခေတ်မှာ ရှေ့ရေးကိုကြိုတွေးနေသူတွေအတွက် လာမယ့်နှစ်မှာ အရင်းအနှီးနည်းနည်းနဲ့ စတင်အကောင်အထည်ဖော်လုပ်ကိုင်နိုင်တဲ့ ကိုယ်ပိုင်အသေးစားလုပ်ငန်းလေးများကိုTrueMoney က အကြံပြုတင်ပြပေးချင်ပါတယ်။

 

) အွန်လိုင်းမှ အစားအသောက်များရောင်းချခြင်း

ဒီကနေ့ဟာ အွန်လိုင်းပေါ်ကနေ ဈေးအပြိုင်အဆိုင်ရောင်းနေတဲ့ခေတ် ဖြစ်တာကြောင့် ကိုယ်တိုင်လည်း ချက်တာ၊ပြုတ်တာကို ဝါသနာပါတယ်၊ အရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိမ်ချက်ဟင်းလျာ၊ စားစရာတွေကို ဖန်တီးတတ်တယ်ဆိုရင်တော့ အွန်လိုင်းပေါ်ကနေ စားစရာရောင်းတဲ့ဆိုင်လေးတစ်ဆိုင်တင်လုပ်ကိုင်ကြည့်လို့ရပါတယ်။ ချက်/ပြုတ်ဖို့အချိန်မရှိသူတွေ၊ အလုပ်ကိုအချိန်လုသွားနေရသူတွေ၊ ဆိုင်ထမင်း၊ဆိုင်ဟင်းတွေနေ့စဉ်စားရတာ ငြီးငွေလာတဲ့လူတွေအတွက် နေ့စဉ်အိမ်ချက်ထမင်းချိုင့်လေးတွေ စီစဉ်ပေးလို့လည်း ရပါတယ်။ အစားအသောက်လုပ်ငန်းဟာမတိမ်ကောနိုင်တဲ့စီးပွားရေးတစ်ခုဖြစ်ပြီး စေတနာလေးထည့်ကာ ချက်/ပြုတ်ပေးမယ်ဆိုရင်ဖြင့် အဆင်ပြေတဲ့စီးပွားရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

 

) အိမ်သုံးပစ္စည်းများနှင့် စားသောက်ကုန်များ အိမ်တိုင်ရာရောက်လိုက်လံရောင်းချခြင်း

မြို့ပြရဲ့နေထိုင်မှုပုံစံ ပြောင်းလဲလာတာတွေထဲမှာ နေ့စဉ်ဈေးသွားဖို့အခက်အခဲရှိသူတွေ ၊ အချိန်မရှိသူတွေ များလာတာကို မြင်တွေ့နေရတာကြောင့် ဒီအခက်အခဲကို ကူညီဖြေရှင်းရင်း စီးပွားရှာလာနိုင်တဲ့လုပ်ငန်းကတော့  ရပ်ကွက်ထဲလှည့်လည်ရောင်းချတဲ့ ဈေးရောင်းလုပ်ငန်းပါ။ ဈေးနဲ့နည်းနည်းဝေးတဲ့ဧရိယာတွေကို ပစ်မှတ်ထားပြီးရောင်းချရတဲ့ လုပ်ငန်းဖြစ်တာကြောင့်  ဟင်းသီးဟင်းရွက်၊ အသား၊ငါး လို စားသောက်ကုန် (သို့မဟုတ်) ဆပ်ပြာဆီ၊ တံမြက်စည်း လို အိမ်သုံးပစ္စည်းစတဲ့  ရောင်းမယ့်ပစ္စည်းပေါ်မူတည်ပြီး ဆိုင်ကယ်၊စက်ဘီး၊ တွန်းလှည်းတစ်ခုခုတော့ လိုအပ်မှာဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်သင့်ကာ ရောင်းချမယ့်ပစ္စည်းအလိုက် လတ်ဆတ်ဖို့၊ ဈေးသင့်ဖို့တော့ ဂရုစိုက်ရပါမယ်။

 

) ဒေလီဗာရီ ဝန်ဆောင်မှု

အွန်လိုင်းကနေ ရောင်းတာ၊ဝယ်တာတွေ များလာတာနဲ့အညီ လိုအပ်လာတာကတော့ ပစ္စည်းတွေကို ဝယ်သူအိမ်အရောက် ပို့ဆောင်ပေးရတဲ့ Deli ပို့တဲ့လုပ်ငန်းပါပဲ။ အွန်လိုင်းဈေးရောင်းသူတွေနဲ ချိတ်ဆက်ထားဖို့လိုအပ်ပြီး ကိုယ်သွားရမယ့်လမ်းကြောင်းကိုတော့ ကျွမ်းကျင်ထားဖို့လိုပါတယ်။ ဝန်ဆောင်ခနည်းနည်းသာယူပြီး  သတ်မှတ်ထားတဲ့ မြို့နယ်()ခုတွင်းမှာပဲ စက်ဘီးအသုံးပြုကာ လိုက်လံပို့ဆောင်ပေးနေတဲ့ ဒေလီဗာရီလုပ်ငန်းမျိုးလေးလည်း စဉ်းစားလုပ်ကိုင်လို့ရပါတယ်။

 

) နေ့ကလေးထိန်းလုပ်ငန်း

လင်ရောမယားပါ အလုပ်လုပ်ကြရတဲ့ခေတ်ကြီးမှာ အိမ်မှာလူပိုမရှိတဲ့အိမ်ထောင်ရှင်တွေအတွက် ကလေးတစ်ယောက်မွေးလာရင် အတော်ခေါင်းစားရတာကတော့ကလေးကိုဘယ်သူထိန်းမလဲဆိုတာပါပဲ။ ကိုယ့်မှာလည်း ကလေးငယ်ရှိတယ်၊ ဒါမှမဟုတ် ကိုယ်ကကလေးချစ်တတ်တယ်၊ ကလေးထိန်းတာမှာလည်း ကျွမ်းကျင်စိတ်ရှည်တယ်  ဆိုတဲ့သူတွေအတွက် ရွေးချယ်လုပ်ကိုင်သင့်တဲ့လုပ်ငန်းကတော့နေ့ကလေးထိန်းလုပ်ငန်းပါ။ မိဘအတော်များများက ကိုယ့်ကလေးကို မိသားစုတစ်စုလိုဂရုစိုက်ပေးမယ့် နေ့ကလေးထိန်းမျိုးမှာသာ စိတ်ချလက်ချ အပ်ခဲ့ချင်တာပါ။ အိုးမကွာအိမ်မကွာလုပ်ကိုင်နိုင်တဲ့ လုပ်ငန်းအမျိုးအစား()ခုပဲဖြစ်ပါတယ်။

 

) စက်ဘီး/ဆိုင်ကယ် ဆိုင်ဖွင့်ခြင်း

ဟိုနား ဒီနားကိုအဆင်ပြေစွာသွားလို့ရတဲ့အတွက် စက်ဘီး(သို့မဟုတ်) ဆိုင်ကယ်ကို အိမ်တော်တော်များများမှာ သုံးလာကြပြီဖြစ်လို့  စက်ဘီး/ ဆိုင်ကယ်ပြင်တဲ့ဆိုင်တွေဟာ ရပ်ကွက်တိုင်း၊ နေရာတိုင်းမှာ  လုပ်ငန်းအဆင်ပြေနေတာကို တွေ့မြင်ကြရပါမယ်။ လုပ်ငန်းကျွမ်းကျင်ဖို့လိုတာကြောင့် ချက်ချင်းတော့ကောက်ဖွင့်လို့မရပေမယ့် တတ်သိနားလည်တဲ့သူနဲ့တွဲဖက်လုပ်ကိုင်မယ်ဆိုရင်တော့ ရနိုင်ပါတယ်။ စပါယ်ယာပတ်ပစ္စည်းတွေ၊ ဆက်စပ်ပစွည်းတွေပါ တွဲရောင်းလို့ရနေတာကတော့ ဒီလုပ်ငန်းရဲ့ အားသာချက်()ခုပါ။

 

) TrueMoney အေးဂျင့်အဖြစ် လုပ်ကိုင်ခြင်း 

ဆိုင်လေးတစ်ဆိုင် ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုရှိပြီးသားသူတွေအတွက်ကတော့ ဆိုင်လည်းတိုးချဲ့စရာမလို၊ အလုပ်သမားလည်းအပိုထပ်ခန့်စရာမလိုပဲ လုပ်ငန်းထပ်မံတိုးချဲ့နိုင်တာကတော့ TrueMoney ငွေလွှဲငွေထုတ်အေးဂျင့် လုပ်ငန်းပါ။ TrueMoney နဲ့ လက်တွဲလုပ်ကိုင်ပါက ပြည်တွင်းငွေလွှဲငွေထုတ်ခြင်း၊ ထိုင်းမှလွှဲငွေများကို ထုတ်ပေးခြင်း၊ ဖုန်းငွေဖြည့်ခြင်း၊ ချေးငွေအမျိုးမျိုးကိုပေးဆောင်ရာမှာ လက်ခံနိုင်ခြင်းစတဲ့ ဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်သွားနိုင်မှာပါ။အပိုဆုအနေနဲ့ကတော့ ငွေလွှဲငွေထုတ်လုပ်ငန်းကြောင့်လည်း ကိုယ့်ဆိုင်အတွက် ဖောက်သည်အသစ်တွေရနိုင်သလို တစ်နိုင်ငံလုံးမှ TrueMoney အေးဂျင့်လုပ်ကိုင်နေသူတွေနဲ့လည်း မိတ်ဆွေကောင်းတွေရလာနိုင်တဲ့အပြင် စီပွားရေးအခွင့်အလန်းများလည်း တိုးတက်လာနိုင်ပါတယ်။

 

၂၄ နာရီအတွင်း TrueMoney ကိုယ်စားလှယ်တစ်ယောက်ဖြစ်ဖို့ အခုပဲ https://bit.ly/to-be-an-agent မှာ စာရင်းပေးသွင်းလိုက်ပါ။

(2022) မှာ အပိုဝင်ငွေရလာနိုင်မယ့် အသေးစားလုပ်ငန်းလေးများတိုးချဲ့လုပ်ကိုင်နိုင်ပြီး အားလုံးလည်း ကျန်းကျန်းမာမာ နဲ့ လုပ်ငန်းကိုင်ငန်းများ အောင်မြင်ကြပါစေလို့ TrueMoney က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Happy New Year 2022…

Other Articles

Articles
Articles
Articles