လုံခြုံဖို့အရေး ဦးစားပေး၊ ကိုဗစ်ရောဂါကာကွယ်ရေး

Articles
24 August, 2021

‘ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်သည်’ ဆိုတာနဲ့အညီ ကိုဗစ်(၁၉) ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ‘လုံခြုံဖို့အရေး ဦးစားပေး’တတ်တဲ့ TrueMoney က ကာကွယ်နည်းအချို့ကို တင်ပြပေးလိုက်ပါတယ်။

ကာကွယ်ဖို့မစဉ်စားခင်မှာ ဘယ်လိုကူးစက်တတ်လဲဆိုတာကို ဦးစွာသိဖို့လိုအပ်ပါတယ်။

ဘယ်လိုကူးစက်တတ်လဲ
– ရောဂါပိုးရှိသူကနေ ထွက်လာတတ်တဲ့ တံတွေး၊ နှာရည် စတာတွေဟာ လေထဲကတစ်ဆင့် အခြားသူကို ကူးစက်တတ်တဲ့အပြင် တစ်မီတာအတွင်းဆိုရင်တော့ မျက်လုံးကပါ ဝင်ရောက်ကူးစက်တတ်ပါတယ်။
– ရောဂါပိုးဟာ ပတ်ဝန်းကျင်ရှိပစ္စည်းများမှာလည်း ကပ်နေတတ်လို့ အဲ့ဒီပစ္စည်းတွေကိုကိုင်မိထားတဲ့’လက်’နဲ့ မိမိရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ် တွေကို ပွတ်မိ၊ ကိုင်မိရင်လည်းကူးတတ်ပါတယ်။

ဘယ်နေရာတွေမှာ ကူးစက်နိုင်လဲ
-လူထူထပ်တဲ့နေရာတွေ ၊
တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ စကားပြောဆိုကြရတဲ့နေရာတွေနဲ့
လေဝင်လေထွက်နည်းပြီး ပိတ်လှောင်တဲ့အခန်းတွေမှာ ကူးစက်နိုင်ခြေပိုများပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ
– ကိုဗစ်(၁၉) ကာကွယ်ရေးရဲ့ အခြေခံအချက်တွေဖြစ်တဲ့
Mask ကို နှစ်ထပ်တပ်ခြင်း၊ လက်မကြာခဏဆေးခြင်း၊ (၂)မီတာအကွာမှသာ စကားပြောခြင်း၊ တစ်သျူး၊လက်ကိုင်ပုဝါ အုပ်ပြီးမှ နှာချေ၊ ချောင်ဆိုးခြင်း၊
လူထူတပ်တဲ့နေရာတွေကို တတ်နိုင်သလောက် ရှောင်းရှားခြင်း စသည်တို့ကိုမဖြစ်မနေ လိုက်နာကျင့်သုံးသင့်ပါတယ်။

* နေထိုင်ရာအခန်းတွေကို လေဝင်လေထွက်ကောင်းမွန်အောင် တံခါး၊ ပြတင်းပေါက်စသည်တို့ကို မကြာခဏ ဖွင့်ထားပေးသင့်ပါတယ်။

* မဖြစ်မနေအပြင်ထွက်တိုင်း သတိပြုသင့်တာကတော့ ပတ်ဝန်းကျင်ရှိပစ္စည်းတွေမှာ ပိုးမွှားတွေကပ်နေတတ်တာကြောင့် တတ်နိုင်သလောက် လက်နဲ့ဝေးဝေးထားတာ အကောင်းဆုံးပါ။

* အပြင်မှာဖြစ်စေ၊ အိမ်မှာဖြစ်စေ လက်မှာပိုးမွှားတွေ ကပ်ပါလာတတ်လို့ မကြာခဏလက်ဆေးဖို့လည်း မမေ့သင့်ပါဘူး။

* တကိုယ်ရည်အသုံးအဆောင်တွေဖြစ်တဲ့ (ဥပမာ- နာရီ၊ဦးထုပ်၊ ပိုက်ဆံအိတ်၊ ဟန်းဖုန်း) စတာတွေမှာလည်း ရောဂါပိုးတွေကပ်နေတတ်လို့ အရက်ပျံပါတဲ့ဆေးရည်မျိုး ဖြန်းပြီးမှသာ ကိုင်တွယ်သင့်ပါတယ်။

* အထူးသဖြင့် လူတွေအကိုင်အတွယ်များတဲ့ ‘ပိုက်ဆံ’ကို ရေတွက်ရာမှာလည်း လက်ကိုတံတွေးဆွတ်ပြီး ရေတွက်တတ်တဲ့အကျင့်ကတော့ အခုလိုကာလမှာ လုံးဝမပြုသင့်ပါဘူး ဆိုတာလေးတွေကို တင်ပြပေးလိုက်ပါတယ်။

ကူးစက်မှုများတဲ့ဒီကာလကို မပေါ့လျော့တဲ့’သတိ’နဲ့အတူ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ကြပါစေ…

Other Articles

Articles
Articles
News