‘လွှဲ’ထားသလောက် ငွေသားရောက်ဖို့…  ‘ငွေသားရရန် အာမခံ’

Activities
30 June, 2021

‘ရာခိုင်နှုန်း’အပို တစ်ပြားမှပေးစရာမလိုဘဲ လွှဲငွေတွေကို ‘ငွေသား’ထုတ်ယူနိုင်တဲ့ TrueMoney  ရဲ့ ငွေလွှဲငွေထုတ်အစီအစဉ်တစ်ခုကို မျှဝေမိတ်ဆက်ပေးချင်ပါတယ်။

 

ငွေသားထုတ်ယူရတာ ပင်ပန်းလာတာနဲ့အမျှ …
– နေ့စဉ်သုံးစွဲရမယ့်နေရာတွေ (ဥပမာ- နံနက်စာဝယ်ခြင်း)
– မဖြစ်မနေသုံးရမယ့်နေရာတွေ (ဥပမာ- ကားဓာတ်ဆီ ဖြည့်ခြင်း) တို့မှ ‘အစ’ပြုပြီး
– နောက်ဆုံး… ကလေးမုန့်ဖိုးပေးရတဲ့နေရာမျိုးတွေမှာပါ ခက်ခဲလာနေပါပြီ။

 

ထို့အတူ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးနေရတဲ့လုပ်ငန်းတွေမှာလည်း လွှဲမည့်သူ၊ ထုတ်မည့်သူ၊ ကြားထဲကဝန်ဆောင်ပေးရတဲ့ ‘အေးဂျင့်’၊ ငွေကြေးကုမ္ပဏီတွေဟာ အခုချိန်မှာ စိန်ခေါ်မှုအမျိုးမျိုးကို ကြုံတွေနေကြရပါတယ်။
ငွေသား ရှားပါလာမှု့ကြောင့် ငွေထုတ်ပေးရာမှာ “ရာခိုင်နှုန်းအချို့ပြန်ဖြတ်ပြီးမှ ထုတ်ပေးတယ်” ဆိုတာကိုလည်း ပတ်ဝန်းကျင်မှာ ကြားနေကြရပါတယ်။

 

ဒီလိုခက်ခဲတဲ့ကာလမှာ လွှဲသူ/ ထုတ်သူ အဆင်ပြေချောမွှေ့စေဖို့  “ငွေသားရရန် အာမခံ’ ဆိုတဲ့အစီအစဉ်အသစ်လေးတစ်ခုကို ပြည်တွင်းပြည်ပမှငွေလွှဲမယ့်သူတွေအတွက် TrueMoney မှ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။

 

ပြည်တွင်းမှ TrueMoney အသုံးပြုသူတွေအနေနဲ့ ‘လွှဲ’ထားသလောက် ငွေသားကိုထုတ်ယူနိုင်ဖို့…
၁) TrueMoney ရုံးချုပ်(သို့မဟုတ်) မြန်မာနိုင်ငံအနှံရှိ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်ရုံးခွဲတွေမှတစ်ဆင့် ‘ငွေလွှဲ’ရပါမယ်။
၂) လွှဲလိုက်တဲ့’ငွေပမာဏ’အတိုင်းကိုတော့ အခြားမြို့နယ်ရှိ TrueMoney ရုံးချုပ်(သို့မဟုတ်) သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်ရုံးခွဲများတွင်  ‘ရာခိုင်နှုန်း’အပို တစ်ပြားမှပေးစရာမလိုဘဲ ‘ငွေသား’ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

‘ပြည်ပမှ လွှဲလိုက်တဲ့ငွေ’အတွက်ကတော့ TrueMoney ရုံးချုပ်(သို့မဟုတ်) ကိုယ်စားလှယ်ရုံးခွဲတွေမှာ လိုက်တဲ့ပမာဏအတိုင်းကို အကန့်အသတ်မရှိ ‘ငွေသား’ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
(*အကယ်၍ ငွေပမာဏများပါက သက်ဆိုင်ရာရုံးခန်းသို့ ဦးစွာဆက်သွယ်စေချင်ပါတယ်။)

 

ငွေသားပေးပြီး ‘ငွေသား’အမြန်ရောက်သွားစေချင်သူတွေ…
နယ်ကမိသားစုတွေစီ လစဉ်သုံးစရိတ် ပုံမှန်ပို့ပေးနေရတဲ့သူတွေ…
ပိုက်ဆံများများလွှဲ/ထုတ်ဖို့လိုအပ်တဲ့ အသေးစားလုပ်ငန်းရှင်တွေ…
ကုန်ဖိုးငွေချေဖို့လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့  ကျိန်းသေပေါက်’ငွေသား’ရမယ့် အသင့်တော်ဆုံးငွေလွှဲငွေထုတ်ဝန်ဆောင်မှုဖြစ်ပါတယ်။

TrueMoney ရဲ့ “ငွေသားရရန် အာမခံ”ဝန်ဆောင်မှုကို ရယူနိုင်တဲ့ TrueMoney ရုံးချုပ် နဲ့  မြို့နယ်ပေါင်း(၆၀)ကျော်ရှိကိုယ်စားလှယ်ရုံးခွဲများအားသိရှိရန် အောက်ပါလင့်ခ်ကိုနှိပ်ပြီး ကြည့်ရှု့နိုင်ပါတယ်။
ကိုယ်စားလှယ်ရုံးခွဲများ

 

ဒီဆောင်းပါးလေးကို မျှဝေရင်း ကိုယ့်လိုပဲ ငွေသားလွှဲ/ထုတ်ဖို့ အခက်အခဲရှိသူတွေကို ကူညီပြီး အသိပေးလိုက်ပါဦး။
မိတ်ဆွေများအားလုံး ငွေသားရှားပါးခြင်းမှ ကင်းဝေးကြပါစေ…

 

*အမြို့မြို့အနယ်နယ်ရှိ TrueMoney အေးဂျင့်တွေအနေနဲ့လည်း သက်ဆိုင်ရာမြို့နယ်တွေမှာ TrueMoney ကိုယ်စားလှယ်ရုံးခွဲအဖြစ် တိုးမြှင့်ဝန်ဆောင်မှုပေးလိုပါက အသေးစိတ်ကို ဖုန်း- ၀၉ ၉၆၉ ၅၁၉ ၉၉၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Other Activities

Activities
Activities
Activities