အလုံခြုံဆုံးငွေလွှဲဖို့ ‘မှတ်ပုံတင်’နဲ့ စာရင်းသွင်းစို့

Articles
20 December, 2020

ငွေကြေးလုံခြုံရေးဟာ အရေးကြီးတယ်လို့ သတ်မှတ်ပြီးဒီသတင်းလေးကို မိတ်ဆွေများသိအောင် မျှဝေပေးလိုက်လို့လည်းရပါတယ်။ 

 

ဘယ်လောက်တိုးတက်တဲ့ ခေတ်ကြီးဖြစ်နေပါစေလိမ်ချင်တဲ့သူကတော့ ဘယ်နေရာကနေလိမ်ရမလဲ စဉ်းစားနေဦးမှာပါပဲ။ ‘လူသားတိုင်းအတွက် ငြိမ်းချမ်းစွာအသက်ရှင်နေထိုင်နိုင်ဖို့သည်လုံခြုံရေးသာ အဓိကဖြစ်သည်။ မိမိတစ်ကိုယ်စာလုံခြုံဖို့အရေးအတွက်သာမက မိသားစုလုံခြုံရေး၊ ပတ်ဝန်းကျင်လုံခြုံရေး၊ လုပ်ငန်းနှင့် ငွေကြေးလုံခြုံရေးတို့ဟာ လူသားတိုင်းအတွက် အရေးကြီးသော လိုအပ်ချက်များဖြစ်ပေသည်။

 

TrueMoney ဟာ ငွေလွှဲငွေထုတ်အသုံးပြုသူများအတွက် ငွေကြေးလုံခြုံမှု အမြဲရှိအောင် နောက်ဆုံးပေါ်နည်းပညာများအသုံးပြုကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလုံခြုံဆုံးဖြစ်အောင် ငွေလွှဲရာတွင် မှတ်ပုံတင်နှင့် ဖုန်းနံပါတ်ကို တောင်းဆိုရခြင်းဖြစ်ပါသည်။

 

မှတ်ပုံတင်စာရင်းသွင်းခြင်းကြောင့်

() ကိုယ့်ချွေးနည်းစာကို မသမာသူများရန်မှ စိတ်အေးရခြင်း၊

() အကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ပါက ပြန်လည်စစ်ဆေးရန် လွယ်ကူခြင်း၊

() တစ်ကြိမ်မှတ်ပုံတင်ရုံနဲ့ နောက်ပိုင်းအကြိမ်ကြိမ် လုံခြုံစိတ်ချစွာ ငွေလွှဲနိုင်ခြင်း စတဲ့ ကောင်းကျိုးများရရှိနိုင်ပါတယ်။

 

မှတ်ပုံတင်ရှိသေးသူ၊ ပျောက်နေသူတွေအတွက်ကတော့ ယုံကြည်စိတ်ချရသော မှတ်ပုံတင်ရှိသူဆွေမျိုးသားချင်းတစ်ယောက်ကို အသုံးပြုကာ ငွေလွှဲငွေထုတ်ပြုနိုင်ပါတယ်။ စတင် စာရင်းသွင်းချိန်မှာတော့ မိနစ်အနည်းငယ် အချိန်ပေးရပေမယ့် လွှဲတဲ့ငွေလုံခြုံစွာ ရောက်သွားဖို့က ပိုအရေးကြီးတာမို့ အချိန်ကုန်တယ်လို့ မသတ်မှတ်သင့်ပေ။

 

ကိုယ့်ဘက်ကလည်း ကိုယ့်လွှဲတဲ့ငွေ လုံခြုံဖို့အတွက် မှတ်ပုံတင် စာရင်းသွင်းခြင်း၊ တစ်ခါသုံးလျို့ဝှက် (OTP)ကုဒ်ကို မိမိထုတ်စေချင်သူမှလွှဲ၍ အခြားမည်သူ့ကိုမှ မပေးခြင်း၊ လွှဲမည့်သူရော ထုတ်မည့်သူ၏ ဖုန်းနံပါတ်မှန်ကန်အောင် ထည့်သွင်းခြင်း စတာတွေကို သေချာလုပ်ဆောင်ထားပေးဖို့ လိုအပ်တယ်ဆိုတာလေးကို လုံခြုံရေးအတွက်အလေးထားတဲ့ TrueMoney မှ တင်ပြပေးလိုက်ပါတယ်။

 

မသမာသူတွေရဲ့ရန်မှကင်းဝေးဖို့ငွေကြေးလုံခြုံရေးကို TrueMoney နဲ့အတူတစ်ကွဆောင်ရွက်ကြပါစို့

Other Articles

Articles
Articles
Articles