TrueMoney မြန်မာ


True Corporation မှ ၂၀၀၃ ခုနှစ်တွင် TrueMoney ကုမ္ပဏီကို စတင်တည်ထောင် ခဲ့ပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင်တည်ရှိသော ၄င်း၏ဒေသဆိုင်ရာ ရုံးချုပ်နှင့် အတူ ၂၀၁၅ ခုနှစ်တွင် Ascend Group ၏အစိတ်အပိုင်းတစ်ရပ်ဖြစ်လာခဲ့သည်။TrueMoney၏ ရည်ရွက်ချက်သည် ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက်အထောက်အကူပြုစေနိုင်မည့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။ ဆန်းသစ်ပြောင်းလဲထားသောနည်းပညာအသစ်များဖြင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနိုင်စေမည်ဖြစ်ပြီး၊ TrueMoney အနေဖြင့် အရှေ့ တောင်အာရှ နိုင်ငံများ၏လူနေမှုဘ၀တိုးတက်ရေးကို အထောက်ကူပြုရန် ရှေ့ရှုရည်ရွယ်ထားပါသည်။

TrueMoneyသည်ထိုင်း၊ကမ္ဘောဒီးယား၊မြန်မာ၊အင်ဒိုနီးရှား၊ ဗီယက်နမ် နှင့်ဖိလစ်ပိုင်စသော အရှေ့တောင်အာရှ နိုင်ငံများတွင် ပါ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုပေးနေသော ကုမ္ပဏီ ဖြစ်ပါသည်။ အသုံးပြုရလွယ်ကူခြင်း ၊ မိမိအနီးနားတွင် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုပေးနေသောTrueMoney ကိုယ်စားလှယ်များရှိပြီး စိတ်ချလုံခြုံသော ဒစ်ဂျစ်တယ် နည်းပညာ ဖြင့်ဝန်ဆောင်မှုပေးပါသည်။

ဒစ်ဂျစ်တယ် နည်းပညာ ဖြင့်ငွေကြေးဝန်ဆောင်မှုများ
  • TrueMoney Wallet - ထိုင်း၊ ကမ္ဘောဒီးယား၊အင်ဒိုနီးရှား နှင့် ဗီယက်နမ် နိုင်ငံတို့ တွင် အသုံးပြုနေပြီဖြစ်ပါသည်။ Mobile Wallet application ဖြင့် အသုံးပြုသူများလွယ်ကူအဆင်ပြေစွာ ဖုန်းငွေဖြည့်သွင်းနိုင်ခြင်း၊ ဘေလ်များပေးဆောင်ရလွယ်ကူခြင်း နှင့် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများဆီသို့ ငွေလွှဲခြင်းများ အလွယ်တကူပြုလုပ်နိုင်ပါသည်။
  • WeCard- ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့ တွင် အသုံးပြုနေပြီဖြစ်ပါသည်။ TrueMoney wallet application အတွင်းရှိ ကြိုတင်ငွေဖြည့်ကတ် (Pre-paid virtual card) ဖြင့် online ပေါ်တွင် ငွေကြေးဆိုင်ရာလုပ်ငန်းများကို credit card မလိုအပ်ပဲ အသုံးပြုနိုင်ပါသည်။ We Card သည် Master Card နှင့် ပူးပေါင်းထားပြီး အသုံးပြုသူများအနေဖြင့် ပြည်တွင်းပြည်ပ website များ၊ Online မှဈေးဝယ်ခြင်း လုပ်ငန်းများကို စိတ်ချလွယ်ကူစွာ ပြုလုပ်နိုင်ကြပါသည်။
ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက် ၀န်ဆောင်မှုများ

ဘဏ်ကိုအသုံးမပြုကြသော၊ အသုံးပြုခွင့် မရရှိသော ပြည်သူလူထုအတွက် TrueMoney အနေဖြင့် အရှေ့ တောင်အာရှ (၆) နိုင်ငံတွင် အသေးစားလုပ်ငန်းရှင် ကိုယ်စားလှယ်ပေါင်း (၂၀၀၀၀) ကျော်ဖြင့် Agent network တည်ထောင်ကာ ငွေကြေး ဆိုင်ရာ ၀န်ဆောင်မှု လိုအပ်ချက်များအား ပေါင်းကူတံတားသဖွယ် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပြည်တွင်း၊ပြည်ပနယ်နမိတ်နိုင်ငံများမှငွေလွှဲ၊ငွေထုတ်ခြင်းနှင့်ဘေလ်ပေးဆောင်ခြင်းများကိုCustomersများ၏အနီးဆုံးTrueMoneyကိုယ်စားလှယ်ဆိုင်တွင်လွယ်ကူစိတ်ချစွာ လုပ်ဆောင်နိုင်ပါသည်။ ဘဏ်နှင့်ငွေကြေးဆိုင်ရာဝန်ဆောင်မှုမရရှိသေးသည့် နေရာများတွင်ပါ TrueMoney မှ ၀န်ဆောင်မှု အပြည့်အ၀ပေးနိုင်အောင် ကျွန်ုပ်တို့ကြိုးစားလုပ်ဆောင်နေပါသည်။

ထိုင်းနိုင်ငံရှိ e-commerce လက်လီဆိုင်များအတွက် ငွေပေးချေခြင်း ၀န်ဆောင်မှုများနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့တွင် ၀န်ထမ်းလစာပေးခြင်း ၀န်ဆောင်မှုများ အစရှိသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ၏ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု အခက်အခဲ များအတွက် လည်း TrueMoney မှဆောင်ရွက်ပေးလျက်ရှိပါသည်။

TrueMoney မြန်မာ

Ascend money group ၏ လုပ်ငန်းခွဲဖြစ်သော TrueMoney Myanmar ကို ၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာလူမျိုးတို့၏ လူနေမှုဘ၀များ သေချာစွာ တိုးတက်ပြောင်းလဲနိုင်စေရန် အတွက် ကျွနှုပ်တို့သည် Acend Money Group နှင့် ၄င်း၏လုပ်ငန်းမိတ်ဖက်များ နှင့်အတူ လက်ခြင်းချိတ် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။

မြန်မာတပြည်လုံး ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်ရှိပါသည်။ ငွေကြေးဆိုင်ရာဝန်ဆောင်မှု အသုံးပြုခွင့်မရသော ထိုက်တန်စွာခံစားခွင့်မရသော ပြည်သူလူထုအတွက် ဖုန်းငွေဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ပြည်တွင်း၊ပြည်ပ ငွေလွှဲ၊ငွေထုတ်ခြင်းများကို လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန် အဓိကထားပြီးလုပ်ဆောင်ပေးနေပါသည်။

ကျွှနှုပ်တို့သည် မြန်မာလူမျိုးများအနေဖြင့်အနာဂတ်တွင် ၄င်းတို့မိသားစုဘ၀များ သာယာလှပနိုင်စေရန်အတွက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ကြိုးစားရှာဖွေထားသော ငွေကြေးများကို မည်မျှတန်ဘိုးထားကြောင်း နားလည် သိရှိပါသည်။ မြန်မာ့ပြည်တွင် မိသားစုနှင့်အနစ်နာခံ ဝေးကွာကာ အလုပ်လုပ်ကိုင်နေသော ရွေ့ ပြောင်းအလုပ်သမားများစွာရှိပါသည်။ TrueMoney သည် AGD ဘဏ်နှင့်ချိတ်ဆက်ထားပြီး မိသားစုနှင့်အနစ်နာခံ ဝေးကွာကာ အလုပ်လုပ်ကိုင်နေသော ရွေ့ ပြောင်း အလုပ်သမားများအတွက် ကျွန်ုပ်တို့ ၏ ငွေလွှဲငွေထုတ် ၀န်ဆောင်မှုများဖြင့် မြန်မာမိသားစုများထံသို့  လွယ်ကူစိတ်ချစွာ အသုံးပြုနိုင်ရန်ဆောင်ရွက်ထားပါသည်။

မြန်မာပြည်တွင်းကျွန်ုပ်တို့ ဧ။်ဝန်ဆောင်မှုများ
  • နှစ်သက်ရာ အော်ပရေတာများဖြင့် ဖုန်းငွေဖြည့်နိုင်ခြင်း (E-pin,E-load)
  • ဘေလ်ပေးဆောင်နိုင်သောဝန်ဆောင်မှုများ
    • လျှပ်စစ်မီတာဘေလ်၊ရေမီတာဘေလ်
    • အေလ်ရွန်ဘေလ်
    • Hello Cab နှင့် CP အစားအသောက်များ
    • ခရီးသွားလက်မှတ်ဝန်ဆောင်မှုများ (BNF,Ticket Bo, World Myanmar)
  • AGD ဘဏ်နှင့်ချိတ်ဆက်ထားသော ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှု များ
    • မြန်မာပြည် အနှ့ံငွေလွှဲ၊ငွေထုတ်ပြုလုပ်နိုင်ခြင်း
    • ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ခြင်း

ကျွန်ုပ်တို့ နှင့် အကျိုးတူပူးပေါင်းသူများ