TrueMoney မြန်မာ


TrueMoney ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် သင်သည်အောက်ပါအချက်အလက်များနှင့် ကိုက်ညီရမည်။

  1. သင်သည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

  2. အသက်(၁၈)နှစ်အောက်ဖြစ်ပါက TrueMoney Myanmar (TMM) ဝန်ဆောင်မှုများအသုံးပြုရန် အုပ်ထိန်းသူက တရားဝင်ခွင့်ပြုကြောင်း သက်သေခံအထောက်အထားဖြင့် TrueMoney Myanmar ထံသို့ တင်ပြရမည်။

TrueMoneyMyanmar (TMM) ပေးချေခြင်းဝန်ဆောင်မှုများအတွက် စည်းကမ်းချက်များနှင့်ကန့်သတ်ချက်များ

  1. TrueMoney၏ဝန်ဆောင်မှုအား အသုံးပြုခြင်းဖြင့် TrueMoney Myanmar (TMM) ငွေစာရင်းထဲတွင် မှတ်တမ်းတင်ထားသော၊ သင်၏ လက်ကျန်ငွေစာရင်းကို မှန်မမှန်စစ်ဆေးနိုင်ပါသည်။

  2. ဝန်ဆောင်မှုတိုင်းအတွက် TrueMoneyကိုယ်စားလှယ်များမှ ငွေရပြေစာကို ထုတ်ပေးမည်ဖြစ်ပြီး ဤငွေလက်ခံရရှိကြောင်း ပြေစာကိုထိန်းသိမ်းထားရန်မှာ သင်၏တာဝန်သာဖြစ်သည်။

  3. သင်သည် TrueMoney ၏ ဝန်ဆောင်မှုအား ဥပဒေနှင့်မလွတ်ကင်းသော ငွေကြေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုနေ သည်ဟု တွေ့ရှိရပါက ဝန်ဆောင်မှုအားရပ်ဆိုင်းမည်ဖြစ်ပြီး သက်ဆိုင်ရာအရေးယူမှုများ နှင့်ပတ်သတ်၍ TrueMoneyမှ တာဝန်ယူမည်မဟုတ်ပါ။

  4. ဝန်ဆောင်မှုကိုအသုံးပြုရာတွင် ကျေနပ်မှုတစ်စုံတစ်ရာ မရှိခဲ့လျှင်သော်လည်းကောင်း သက်ဆိုင်ရာကိုယ်စားလှယ်နှင့် အငြင်းပွားမှု ပေါ်ပေါက်ခဲ့လျှင်သော်လည်းကောင်း TrueMoney Myanmar (TMM) Call Centre နှင့်ဆက်သွယ်ပါ။

  5. ကျွန်ုပ်တို့ TrueMoney Myanmar(TMM)မှ သင့်အား ဝန်ဆောင်မှုများပေးရန်အတွက် ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း ဖြစ်သည်။ ဤအချက်အလက်များမပါဘဲ TrueMoney Myanmar (TMM) သည် သင့်အား ဝန်ဆောင်မှုများကို ပေးနိုင်မည်မဟုတ်ပါ။

  6. ဤစည်းကမ်းချက်များနှင့် ကန့်သတ်ချက် များကို နားလည်ခြင်းမရှိဘဲ မရေမရာဖြစ်နေလျှင် ကျေးဇူးပြု၍ TrueMoney Myanmar (TMM)သို့ ဆက်သွယ်ပါ။

  7. အခေါ်အဝေါ်သတ်မှတ်ချက်များနှင့် သုံးစွဲခြင်းဆိုင်ရာ စည်းမျဉ်းအပြည့်အစုံကို www.truemoney.com.mm တွင် လည်းကောင်း၊ နီးစပ်ရာ TrueMoney Myanmar (TMM) ကိုယ်စားလှယ်များထံတွင်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါသည်။