အကျပ်အတည်းကာလတွင်း ငွေကိုစနစ်တကျစီမံခန့်ခွဲသုံးစွဲရန် နည်းလမ်းကောင်းလေးများ

Articles
24 October, 2020

ငွေကြေးရှာဖွေဖို့ အခွင့်အရေးတွေ တဖြည်းဖြည်းရှားပါးလာတဲ့ အခုလိုကာလမှာ
TrueMoney မိတ်ဆွေတွေအတွက် ငွေကြေးကို အကောင်းဆုံး ဘယ်လို
စနစ်တကျစီမံပြီး သုံးစွဲကြမလဲဆိုတဲ့ နည်းလမ်းအချို့ကို TrueMoney က မျှဝေပေးလိုက်ပါတယ်။
မကုန်သင့်တာတွေမကုန်ပဲ စီစစ်ချွေတာနိုင်ဖို့အတွက် အောက်ပါအကြံပြုချက်လေးတွေကို အတတ်နိုင်ဆုံး တစိုက်မှတ်မှတ်ပြုလုပ်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

 

(၁) လစဉ်သုံးရန်ဘတ်ဂျက်ပလန် ရေးဆွဲခြင်း



 

– လစဉ်သုံးဘတ်ဂျက်ပလန်ရေးဆွဲဖို့ ပထမဆုံး A4 စာရွက် (၁)ရွက်နဲ့ ဘောပင်ယူပါ။
– အလယ်တည့်တည့်မှ ပေတံနှင့်မျဉ်းတာပါ။ 
- တဖက်စီတွင် ‘ဝင်ငွေ’ နှင့် ‘ထွက်ငွေ’ ဟုခေါင်းစဉ်တပ်ပါ။
– ‘ဝင်ငွေ’ ခေါင်းစဉ်အောက်တွင် မိမိ၏ရရှိနိုင်သော လစဉ် ‘ဝင်ငွေ’အားလုံးကို အမှတ်စဉ်တပ်ပြီး ချရေးလိုက်ပါ။
-‘ထွက်ငွေ’ခေါင်းစဉ်အောက်မှာတော့ မိမိ (သို့မဟုတ်) မိသားစု၏ တစ်လစာ ဝယ်ယူရမည့်စာရင်းအား အမှတ်စဉ်တပ်ပြီး ချရေးလိုက်ပါ။
– စုစုပေါင်းဝင်ငွေ နှင့် စုစုပေါင်းထွက်ငွေကို နှိုင်းယှဉ်ကြည့်ပါ။
- ဝင်ငွေ နဲ့ ထွက်ငွေ ကသိပ်မကွာခြားဘူး၊ ဒါမှမဟုတ် ‘ထွက်ငွေ’ ကများနေတယ်ဆိုရင်တော့ အောက်ပါအချက်များကို ထပ်မံပြုလုပ်ရပါလိမ့်မယ်။
– တစ်လစာ ဝယ်ယူရမည့်ပစ္စည်းများစာရင်းကို မဖြစ်မနေသုံးရမည့် (အဓိက) နှင့် (သာမည) ဆိုပြီး အပိုင်း (၂)ပိုင်းတော့ ခွဲခြားသတ်မှတ်ရပါမယ်။
ဉပမာ (အဓိက)ဆိုတာ မဖြစ်မနေပေးဆောင်ရမည့် အိမ်လခ၊ မီတာခ၊ ဘဏ်ချေးငွေကိစ္စများဖြစ်ပြီး (သာမည) ကတော့ အဝတ်အစား၊ အိမ်ထောင်ပရိဘောဂဝယ်ယူခြင်းနှင့် မလိုအပ်ဘဲအလျှံအပယ်ချက်ပြုတ်စားသောက်ခြင်းမျိုးကို ဆိုလိုပါတယ်။
မဖြစ်မနေသုံးရမည့်အပိုင်းမှာတော့ ငွေလျော့သုံးဖို့ မလိုပေမယ့်
သေချာပေါက်လျော့ရမှာကတော့ (သာမည)ဝယ်ယူမယ့်စာရင်းထဲကပါ။

 

**ဘယ်လို့လျော့မလဲ။**



 

– အမှတ်စဉ်တပ်ထားသော ဝယ်ယူရမည့်စာရင်းထဲမှ ပစ္စည်းတစ်ခုအား လက်ဖြင့်ထောက်ပါ။
– “အခုလိုကျပ်တည်းသည့်ကာလမျိုးမှာ ဒီပစ္စည်းမရှိလျှင် ကိုယ့်အတွက်အဆင်ပြေလား” ဆိုတဲ့မေးခွန်းကို ကိုယ်တိုင်ပြန်မေးပါ။
– မလိုအပ်တာသေချာပြီဆိုရင်တော့ ဝယ်ရမယ့်စာရင်းထဲကနေ ပယ်ဖျက်လိုက်ပါ။
– အဓိကမလိုအပ်တဲ့ပစ္စည်းအများစုကို စာရင်းထဲမှ လျော့ချနိုင်အောင်လုပ်ပါ။

 

(၂) ဈေးဝယ်ခြင်း

 

– ဝယ်ယူရမည့်ပစွည်းများအား စာရင်းအတိအကျရေးချပြီးမှ ဈေးသွားပါ။
– စာရင်းအတိုင်း အတိအကျဝယ်ပါ။ အပိုမဝယ်မိပါစေနှင့်။
– ဈေးခဏခဏသွားရန် မသင့်သည့်အချိန်အခါဖြစ်လို့ တတ်နိုင်မည်ဆိုလျင် အမြဲသုံးရမည့် ပစ္စည်းများကို တစ်ကြိမ်ထဲတွင် များများစားစား ဝယ်ယူထားသင့်ပါသည်။ (ဉပမာ – ဆန်၊ ဆီ၊ ဆေးဝါး)
တစ်ကြိမ်ထဲတွင် အရေအတွက်များများဝယ်ခြင်းသည် ဈေးပိုသက်သာတတ်ပါသည်။

 

(၃) ငွေစုခြင်း

 

– လစဉ်သုံးရန် ဘတ်ဂျက်ပလန်ချရေးသောအချိန်တွင် အတတ်နိုင်ဆုံး မိမိဝင်ငွေ၏ အနည်းဆုံး(၂၀% မှ ၃၀%) ကို စုဆောင်းထားနိုင်ဖို့လည်း ထည့်သွင်းစဉ်းစားထားသင့်ပါသည်။

လူတိုင်း အကျပ်အတည်းနှင့်ကြုံတွေနေရပြီး တစ်ဦးနှင့်တစ်ဦး ကူညီရန်ခက်ခဲသောအချိန်အခါဖြစ်နေလို့
အရေးအကြောင်းတစ်စုံတစ်ရာဖြစ်ပေါ်လာပါက “ကိုယ်ပိုင်ငွေ” အားအသုံးပြုနိုင်ရန် ကြိုတင်စုဆောင်းထားသင့်ပါတယ်။

မကုန်သင့်တာတွေမကုန်ဘဲ စီစစ်ချွေတာတဲ့ ငွေသုံးနည်းများကို

– မိမိသာမက မိသားစုကိုပါ ပါဝင်ကျင့်သုံးလာနိုင်အောင် ကြိုးစားစည်းရုံးပါ။
– အကျင့်ကောင်းလေးတစ်ခုဖြစ်လာအောင် ပျိုးထောင်နိုင်ပါက
ဘဝတစ်ခုလုံးအတွက် များစွာအကျိုးရှိလာမှာဖြစ်လို့
မိတ်ဆွေများအတွက် TrueMoney မှ စေတနာရှေ့ထား တင်ပြပေးလိုက်ရပါသည်။
ဒီဆောင်းပါးလေးက ကိုယ့်အတွက်အကျိုးရှိတယ်ဆိုခဲ့ရင် အခြားမိတ်ဆွေ၊သူငယ်ချင်းများကိုလည်း မျှဝေပေးလိုက်ပါ။

ကိုဗစ်ကာလကို ကျန်းမာ၊ဘေးကင်း ‘စု’ငွေတိုးရင်း ဖြတ်သန်းနိုင်ကြပါစေ။

Other Articles

Articles
Articles
Articles